မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Nashville sound သည် အမေရိကန် ကန်းထရီးဂီတ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး ၁၉၅၀ အလယ်တွင် စတင်ပေါက်ပေါ်လာခဲ့သည်။ သီချင်းစာရင်းတွင် honky tonk ဂီတအရေးပါမှုကို အစားထိုးခဲ့ပြီး honky tonk ဂီတသည် ၁၉၄၀ နှင့် ၁၉၅၀ တွင် လူကြိုက်များလာခဲ့သည်။ ကြိုးတပ်တူရိယာများနှင့်အတူ ဆန်းပြားသော နောက်ခံသီဆိုပုံများ ပါဝင်သည်။ rock n' roll ၏မြင့်တက်လာမှုကို မွှေနှောက်ဖျက်ဆီးစေခဲ့သည်။

မူရင်း ပြင်ဆင်ရန်

Nashville sound ကို Decca Records, RCA Records နှင့် Columbia Records များ(Nashville, Tennessee) ဝန်ထမ်းများမှ တီထွင်ခဲ့ကြသည်။ Steve Sholes, Owen Bradley နှင့် Bob Ferguson စသော မန်နေဂျာများနှင့် မှတ်တမ်းတင်အင်ဂျီနီယာ Bill Porter တို့ပါဝင်ခဲ့သည်။ သူတို့သည် honky tonk ပုံစံ၏ အစိတ်အပိုင်းများနှင့် ၁၉၅၀ pop ဂီတ၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ တီထွင်ခဲ့ကြသည်။ pop ဂီတတည်ဆောက်ပုံနှင့်ထုတ်လုပ်မှုများကို အသုံးပြုထားသည်။ ထုတ်လုပ်သူများသည် Nashville A-Team ဟုအသိများသော စတူဒီယိုဂီတသမားများအုပ်စုကို အားထားယုံကြည်ကြသည်။ အလိုက်သင့်ပြောင်းလဲပြီးဖန်တီးစေခဲ့သည်။ Anita Kerr Quartet သည် ၁၉၆၀အစောပိုင်း၏ အဓိကနောက်ခံအဆိုအုပ်စုဖြစ်သည်။ ၁၉၆၀တွင် Time မဂ္ဂဇင်းမှ Nashville ကို Hollywood ၏ ဒုတိယအကြီးဆုံး မှတ်တမ်းတင်ဌာန ဖြစ်လာခဲ့သည်။

Nashville sound ဟူသော ဝေါဟာရကို ၁၉၅၈တွင် Music Reporter မှ Jim Reeves နှင့် Time မဂ္ဂဇင်းမှ Reeves အကြောင်းဆောင်းပါးတွင် ထုတ်ဖော်ပြခဲ့သည်။ အခြား ရှာဖွေလေ့လာသူများသည် ကွဲပြားသော မှတ်တမ်းများ၌ Nashville sound ၏စတင်တည်ထောင်မှုကို အသိအမှတ်ပြုခဲ့သည်။ ၁၉၅၆ နိုဝင်ဘာမှ Ferlin Husky ၏ Gone မှတ်တမ်းတွင် Nashville sound သို့ ရည်ညွှန်းစေခဲ့သည်။ Jim Reeves ၏ Four Walls သည် ၁၉၇၅ ဖေဖော်ဝါရီ မှတ်တမ်းတွင် ပထမဆုံး Nashville sound မှတ်တမ်း ဖြစ်သည်။ RCA အခြေစိုက် ထုတ်လုပ်သူနှင့် ဂီတာသမားများသည် ပထမတီထွင်မှုဖြစ်သော Don Gibson ၏ Oh Lonesome Me ကို မှတ်တမ်းတင်ခဲ့သည်။