ဤနေရာသည် ဝီကီပီးဒီးယားသို့ လာရောက်သူများအတွက် အထွေထွေ လမ်းညွှန် ဖြစ်သည်။ ဆန္ဒပြင်းပြသော ပံ့ပိုးလိုသူများအတွက် လမ်းညွှန် နှင့် သင်ခန်းစာတို့ကို ကြည့်ပါ။


"Imagine a world in which every single person on the planet is given free access to the sum of all human knowledge. That's what we're doing." ဂျင်မီဝေးလ်စ်


ဝီကီပီးဒီးယား ဆိုသည်မှာ သုံးစွဲသူများ စုပေါင်း ရေးသားကြသော အွန်လိုင်း စွယ်စုံကျမ်း တစ်ခု ဖြစ်သည်။ ဝီကီဟု ခေါ်သော ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြု၍ ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်းဖြစ်ပါသည်။ သုံးစွဲသူများမှ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်နေကြသည်။

ဝီကီပီးဒီးယား၏ ရည်ရွယ်ချက်သည် အသိပညာဗဟုသုတနယ်ပယ်အသီးသီးမှ အချက်အလက်များကို တင်ပြခြင်းဖြင့် စာဖတ်သူများကို အကျိုးပြုစေရန် ဖြစ်သည်။ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ လွှင့်တင်ထားသော ၎င်းတွင် လွတ်လပ်စွာ တည်းဖြတ်ပြင်ဆင်နိုင်သော အကြောင်းအရာများ ပါဝင်ပြီး ၎င်းဆောင်းပါးများသည် စာဖတ်သူများကို ပိုမိုသိရှိနိုင်ရန် လမ်းညွှန်ပေးမည့် လင့်ခ်များစွာပါရှိသည်။

ဝီကီပီးဒီးယန်းဟုခေါ်သော အမည်မသိ စေတနာ့ဝန်ထမ်း အများအပြားဖြင့် ပူးပေါင်းရေးသားထားပြီး အနှောင့်အယှက် သို့မဟုတ် ဖျက်ဆီးမှုမှ ကာကွယ်ရန် တည်းဖြတ်ခြင်းကို ကန့်သတ်ထားသည့် ကန့်သတ်မှုများမှလွဲ၍ အင်တာနက် အသုံးပြုခွင့်ရှိသူ မည်သူမဆို (ယခုအချိန်တွင် ပိတ်ပင်ထားခြင်း မရှိသော) ဝီကီပီးဒီးယား ဆောင်းပါးများကို တည်းဖြတ်နိုင်သည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်တည်ထောင်ချိန်မှစ၍ ၎င်းသည် လစဉ် လာရောက်ဖတ်ရှုသူ သန်းတစ်ထောင်ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကိုးကားဝက်ဘ်ဆိုက်အဖြစ် ကြီးထွားလာခဲ့သည်။ လက်ရှိ ဝီကီပီးဒီးယားတွင် မြန်မာဘာသာဖြင့် ဆောင်းပါးပေါင်း ၁၀၇၅၁၂ အပါအဝင် ဘာသာစကား ၃၀၀ ကျော်ဖြင့် ဆောင်းပါးပေါင်း ခြောက်ဆယ့်နှစ်သန်းကျော်ရှိပြီး ပြီးခဲ့သောလတွင် တက်ကြွစွာပါဝင်ကူညီသူ ၁၃၁ ဦးရှိခဲ့သည်။

ဝီကီပီးဒီးယား၏ အခြေခံမူများကို ၎င်း၏ မဏ္ဍိုင်ငါးရပ်ဖြင့် အကျဉ်းချုံးထားသည်။ ဝီကီပီးဒီးယားအသိုက်အဝန်းသည် မူဝါဒများနှင့် လမ်းညွှန်ချက်များစွာကို တီထွင်ဖန်တီးထားပြီးဖြစ်သော်လည်း တည်းဖြတ်သူများသည် ပံ့ပိုးကူညီမှုမပြုမီ ၎င်းတို့နှင့်ရင်းနှီးရန်မလိုအပ်ပါ။

မည်သူမဆို ဝီကီပီးဒီးယား၏ စာသား၊ ကိုးကားချက်များနှင့် ပုံများကို တည်းဖြတ်နိုင်သည်။ မည်သူရေးသားထားသည် ဆိုခြင်းထက် မည်သည်များ ရေးသားထားခြင်းက ပိုမိုအရေးကြီးသည်။ ထုတ်ဝေသည့်ရင်းမြစ်များမှ အတည်ပြုနိုင်မှုအပါအဝင် အကြောင်းအရာသည် ဝီကီပီးဒီးယား၏ မူဝါဒများနှင့် ကိုက်ညီရမည်။ တည်းဖြတ်သူများ၏ ထင်မြင်ယူဆချက်များ၊ ယုံကြည်ချက်များ၊ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ၊ မသုံးသပ်ရသေးသော သုတေသနများ၊ အသရေဖျက်ခြင်းများ၊ နှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်းများ ကျန်ရှိမနေပါ။ ဝီကီပီးဒီးယား၏ ဆော့ဖ်ဝဲသည် အမှားများကို လွယ်ကူစွာ ပြောင်းပြန်လှန်နိုင်စေပြီး အတွေ့အကြုံရှိသော တည်းဖြတ်သူများသည် ဆိုးရွားသော တည်းဖြတ်မှုများကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

ဝီကီပီးဒီးယားသည် အရေးကြီးသော နည်းလမ်းများဖြင့် ပုံနှိပ်ထားသော အကိုးအကားများနှင့် ကွဲပြားသည်။ ၎င်းကို စဉ်ဆက်မပြတ် ဖန်တီးမွမ်းမံနေပြီး ဖြစ်ရပ်အသစ်များနှင့်ပတ်သက်သည့် စွယ်စုံကျမ်းဆောင်းပါးများသည် လများ သို့မဟုတ် နှစ်များထက် မိနစ်ပိုင်းအတွင်းမှာပင် ပေါ်လာလေ့ရှိသည်။ မည်သူမဆို ဝီကီပီးဒီးယားကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်စေနိုင်သောကြောင့်၊ ၎င်းသည် အခြားစွယ်စုံကျမ်းများထက် ပိုမိုပြည့်စုံလာသည်။ ၎င်း၏ ပံ့ပိုးကူညီသူများသည် ၎င်း၏ ဆောင်းပါးများ၏ အရည်အသွေးနှင့် အရေအတွက်ကို မြှင့်တင်ကာ သတင်းမှားများ၊ အမှားအယွင်းများနှင့် ဖျက်ဆီးမှုတို့ကို ဖယ်ရှားပေးသည်။ မည်သည့်စာဖတ်သူမဆို အမှားကိုပြင်ဆင်နိုင်သည် သို့မဟုတ် အချက်အလက်များ ထပ်ထည့်နိုင်သည်။

ကာကွယ်မှု မပြုလုပ်ထားသော မည်သည့် စာမျက်နှာ သို့မဟုတ် စာပိုဒ်၏ ထိပ်တွင်ရှိသောပြင်ဆင်ရန် or ရင်းမြစ်ကို တည်းဖြတ်ရန် ခလုတ်များ သို့မဟုတ် ခဲတံပုံ   ကို နှိပ်၍ စတင်လိုက်ပါ။