မြန်မာနက် ဆော့ဝဲကုမ္ပဏီ လိမိတက် (Myanmars Net Software Co. Ltd.)[၁] သည် မြန်မာနိုင်ငံ အခြေစိုက် အင်တာနက်အခြေပြု ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၉၂ ခုနှစ်ဆန်းတွင် မြန်မာနိုင်ငံ၏ Microsoft Windows platform အတွက် ပထမဦးဆုံး မြန်မာစာလုံးစနစ် (မြန်မာဖောင့်) ကို တီထွင်ခဲ့သည်။ နောင်တွင် ဝင်းဖောင့်အဖြစ် လူသုံးအများဆုံး ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် အများပြည်သူ အင်တာနက် အသုံးပြုခွင့် ရရှိစေရန်၊ ကွန်ပျူတာအသင်းများမှ ခေါင်းဆောင်များနှင့်အတူ ဦးဆောင် ကြိုးပမ်း လှုပ်ရှားခဲ့သူများထဲတွင် ပါဝင်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အင်တာနက် မရရှိသေးသည့် ခေတ်ကတည်းက နိုင်ငံရပ်ခြားမှတစ်ဆင့် web site များ တည်ဆောက်ခြင်းနှင့် online marketing တို့ကို လုပ်ဆောင်ခဲ့သည်။ လေကြောင်းလိုင်းများ၊ ဟိုတယ်ကြီးများနှင့် တိုးကုမ္ပဏီများကို အင်တာနက် မားကက်တင်း လုပ်ဆောင်နိုင်ရန်၊ online booking များ inquiry များ ရရှိစေခြင်းဖြင့် မြန်မာ့ ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားငွေ ဒေါ်လာသန်းပေါင်းများစွာ ရစေသည့် e-business များကို မွေးထုတ်နိုင်ခဲ့သည့် နာမည်ရ အိုင်တီ လုပ်ငန်းတစ်ခု ဖြစ်သည်။

လုပ်ငန်းပေါင်းစုံတို့မှ အင်တာနက်ပေါ်တွင် ဈေးကွက်ရှာဖွေခြင်း၊ ချဲ့ထွင်ခြင်းတို့ကို စတင် လုပ်ဆောင်ရာမှစ၍၊ နောက်ပိုင်းတွင် အင်တာနက်ပေါ်တွင် လက်တန်း ဈေးရောင်းချပြီး၊ လုပ်ငန်းရှင်၏ ဘဏ်စာရင်းအတွင်းသို့ ချက်ချင်း ငွေလက်ခံရယူနိုင်သည့် e-commerce web site များကိုပါ တည်ဆောက်နိုင်သည့် full-service e-marketing လုပ်နိုင်သည့် အိုင်တီလုပ်ငန်း တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် Google Cloud Partner ဖြစ်လာခဲ့သည်။[၂] ၂၀၁၈ ခုနှစ်တွင် Google Ad Partner အဖြစ် ဂူဂဲနှင့် လက်တွဲ လုပ်ကိုင်ပြီး၊ ဝန်ဆောင်မှုများ ပေးလျက် ရှိသည်။

၂၀၁၉ ခုနှစ်[၃] တွင် ၁၉၉၇ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာယူနီကုဒ် စနစ်သို့ မြှင့်တင်ကူးပြောင်းရေး[၄] လုပ်ငန်းများကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။[၅]

၂၀၂၄ တွင် မြန်မာနက် ခြက် ခေါ် မြန်မာအေအိုင် ဝန်ဆောင်မှုကို စတင်ခဲ့သည်။

ဖွဲ့စည်းထားပုံ ပြင်ဆင်ရန်

ယခင်က ဝန်ထမ်းအင်အား ၅၀ ကျော် ရှိခဲ့ရာမှ၊ ကိုဗစ်ကပ်ရောဂါ ဆိုက်ရောက်ပြီးနောက်ပိုင်း ဝန်ထမ်း အရေအတွက် လျော့နည်းသွားခဲ့သည်။ အုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ်၊ Chief Technical Officer လည်း ဖြစ်သူ ဦးဇော်ထွဋ်၊ Technical Director ဦးသန့်ဇင်ဦး၊ Executive Directory ဒေါ်ကြာငုံခင် တို့မှ ခေါင်းဆောင် လုပ်ကိုင်လျက် ရှိပြီး၊ ဒါရိုက်တာ ၃ ဦး၊ မန်နေဂျာ ၄ ဦးတို့ဖြင့် လုပ်ငန်းကို ကွပ်ကဲ လည်ပတ်လျက် ရှိသည်။

ထုတ်ကုန်များ ပြင်ဆင်ရန်

ထုတ်ကုန်များ အနေဖြင့် အောက်ပါ ဆော့ဝဲစီဒီများ၊ ခရီးသွား လမ်းညွှန် စီဒီများ၊ ခရီးသွားလမ်းညွှန် လက်ကမ်းစာအုပ် လေးများလည်း ထုတ်လုပ်ခဲ့ပြီး၊ ကမ္ဘာအနှံ့သို့ ပို့ဆောင် ဖြန့်ဝေ ခဲ့သည်။

  • Win Myanmar Systems Version 4
  • Win Myanmar Systems Version 5
  • Myanmar Travel Information 2004, 2005, 2006, 2007, 2008, and 2010 CD, booklet, ebook, & photo CD

ဆုများနှင့် အသိအမှတ်ပြုခံရမှုများ ပြင်ဆင်ရန်

ပြည်ထောင်စုအဆင့် အမျိုးသား အိုင်စီတီဆုကို ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။[၆] Digital Innovation Asia Award 2014 ဆုကို ခရီးသွား လုပ်ငန်းမြှင့်တင်ရေး စွမ်းစွမ်းတမံ ကြိုးပမ်းမှုများအတွက် ရွေးချယ်ခြင်း ခံခဲ့ရသည်။[၇] အခြား web design ဆုများနှင့် ထူးချွန်ဆုများ အများအပြား ရရှိခဲ့ဖူးသည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနက် ဆော့ဝဲ ကုမ္ပဏီ လိမိတက်
  2. Myanmar Net in Google Cloud Partner Directory
  3. မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းအသုံးပြုခြင်း အခမ်းအနား မြင်ကွင်းပုံရိပ်များ
  4. ယူနီကုဒ် ဘာလဲ ဘယ်လဲ by BBC
  5. ဒို့တွေဘဝနဲ့ ဒို့နိုင်ငံကို ကမ္ဘာနဲ့ တန်းတူ ဖြစ်လာစေဘို့ ယူနီကုဒ် စံစနစ်ကို ပြောင်းသုံးကြစို့ by Myanmar Net TV
  6. National ICT Awards program by MCF
  7. Thailand won several top DIA Awards 2014 by Myanmars.Net

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

  • Myanmar Net တရားဝင် ဝဗ်ဆိုက်