မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (အင်္ဂလိပ်: New Mon State Party (Anti-Military Dictatorship)) သည် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မှ ခွဲထွက်လာသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
မွန်: ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်
New Mon State Party (Anti-Military Dictatorship)
စတင်လှုပ်ရှားခြင်း၂၀၂၄-လက်ရှိ
ခွဲထွက်လာမှုမွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
လှုပ်ရှားနယ်မြေမြန်မာနိုင်ငံ
Ideologyမွန်အမျိုးသားရေး
ဖက်ဒရယ်
မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်
ပြိုင်ဘက်များတပ်မတော်
ပျူစောထီးပြည်သူ့စစ်အဖွဲ့
စစ်ပွဲနှင့် တိုက်ပွဲများ

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် "မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)" အမည်ဖြင့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာခဲ့သည်။[၁][၂] မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့် ယင်း၏ နိုင်ငံရေးအဖွဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)[၃] ကို မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့ ဦးဆောင်သည်။[၄] ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ပြောရေးဆိုခွင့်ရှိသူက ဒေသခံ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၅]

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်