သင်္ချာရှိ အစု (အင်္ဂလိပ်: set) ဆိုသည်မှာ တစ်ခုမကတတ်သောအရာ များကို စုစည်းထားခြင်း သဘောဖြစ်ပြီး ထိုထဲ၌ ပါဝင်သော ဇာတ်ကောင်များကို အစုဝင်များ (elements) ဟု ခေါ်သည်။ အစုဝင်များမှာ ကိန်းများလည်း ဖြစ်နိုင်သကဲ့သို့ အခြားသော အရာများလည်း ဖြစ်နိုင်သည်၊ အခြားသော အစုများကိုပင် အစုဝင်များအဖြစ် စုစည်းထားခြင်းလည်း ဖြစ်နိုင်ပြန်သည်။[၁]
အစု ၂ ခု၏ အစုဝင်အားလုံး ထပ်တူကျနေလျှင် ထိုအစု ၂ ခုက ထပ်တူကျသည်ဟု သင်္ချာနည်းကျ ဆိုနိုင်သည်။[၂] အစု A ၏ အစုဝင်တိုင်းက အစု B တွင် ပါဝင်သော်လည်း အစု B က ထို့ထက်ပို၍ အစုဝင်များ ပါဝင်နေသေးလျှင် အစု A က အစု B ၏ "အစုပိုင်း" (subset) ဖြစ်သည် ဟု ဆိုနိုင်သည်။ အရပ်စကားဖြင့်လျှင် အစု A က အစု B ၏ တစ်စိတ်တပိုင်းဟု ဆိုလိုသည်။ ဥပမာအားဖြင့်၊ "ခိုတိုင်းက ငှက်ဖြစ်သောလည်း ငှက်အလုံးစုံက ခိုမဟုတ်သဖြင့် ခိုများဟူသည့် အစုက ငှက်များဟူသည့် အစု၏ အစုပိုင်း ဖြစ်သည်"ဟု ဆိုရမည်မျိုး ဖြစ်သည်။ အစုဝင်တစ်ခုမျှ မရှိသောအစုကို "ဗလာစု" (empty set) ဟု ခေါ်သည်။

ဟူသော အစုမှာ သဘာဝကိန်းများ (natural numbers) အားလုံးကို စုစည်းပြထားလိုရင်း သဘော ဖြစ်၏။ ဟူသော အစုမှာ ကိန်းပြည့်(integers) အစု ဖြစ်၍ အနုတ်ကိန်းများပါ ပါဝင်ခြင်း၌ သဘာဝကိန်းများအစုထက် ကြီးမားသွား၏။ အစု မှာ ရာရှင်နယ်ကိန်းများ (rational numbers) အစု ဖြစ်ပြီး၊ အစု မှာ ကိန်းစစ်များ (real numbers) အစုကြီး ဖြစ်သည်။ အစုမှာမူ ကိန်းထွေးများ အစု ဖြစ်လေ၏။
အစုများသည် အထွေထွေသော အရာများကို စုဝေးထားခြင်း ဖြစ်နိုင်၏။ ဤပုံတွင် ဗဟုဂံများ စုစည်းထားမှုကို ဥပမာပြသည်။

အကိုးအကား ပြင်ဆင်ရန်

  1. Halmos 1960, p. 1.
  2. Stoll၊ Robert (1974)။ Sets, Logic and Axiomatic Theories။ W. H. Freeman and Company။ pp. 5ISBN 9780716704577