ရွှေကူတဲစုရွာ ပြင်ဆင်ရန်

ရွှေကူတဲစုကျေးရွာသည် ခင်ဦးမြို့နယ် ရွှေဘိုခရိုင် စစ်ကိုင်းတိုင်းဒေသကြီး တွင် တည်ရှိပါသည်။ ခင်ဦးမြို့အနောက်ဘက် ၇ မိုင်ခန့်အကွာတွင်တည်ရှိပြီး ကာဘိုး-ရွှေဘို တူးမြောင်း ဘေးကမ်းပါးတွင် တည်ရှိပါသည်။ အိမ်ခြေ ၃၉၀ ခန့်ရှိပြီး လူဦးရေ ၁၅၀၀ ခန့် မှီတင်းနေထိုင်ကြသည်။

ပညာရေး ပြင်ဆင်ရန်

ရွာမြောက်ဘက်တွင် အထက်တန်းကျောင်း(ခွဲ) ရှိပြီး နယ်ပယ်အသီးသီးတွင် ဘွဲ့ရ ပညာတတ်များ မွေးထုတ်ပေးလျှက်ရှိပါသည်။

ကျန်းမာရေး ပြင်ဆင်ရန်

အထက (ခွဲ)မြောက်ဘက်တွင်ကျေးလက် ဆေးပေးခန်းနှင့်သားဖွားခန်းရှိသည်။

ဘာသာရေး ပြင်ဆင်ရန်

ရွာသူရွာသား အားလုံးသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ဥတ္တရာရာမ နှင့် ဒက္ခိဏာရာမ ကျောင်းတိုက် ၂ ခု ရှိပါသည်။

စီးပွားရေး ပြင်ဆင်ရန်

အဓိက စီးပွားရေးလုပ်ငန်းမှာ စပါးစိုက်ပျိုး ခြင်းဖြစ်ပြီး ကွမ်းစိုက်ခြင်း၊ အခြားသီးနှံအချို့ စိုက်ပျိုးခြင်းရောင်း၀ယ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

ရွာတောင်ဘက် ၂ မိုင်ခန့်အကွာတွင် ခင်ဦး-ရေဦး ကတ္တရာ လမ်း ရှိပြီး နွေရာသီသွား လမ်းဖြင့် သွားရောက်နိုင်သည်။ ကာဘိုး-ရွှေဘို တူးမြောင်းတလျောက် မိုးအရမ်းရွာသွန်းပြီးချိန်မှအပ ခင်ဦး(၆ မိုင်)၊ရေဦး(၇)‌ေရွှဘိုမြို့(၁၄ မိုင်)များသို့ အမြဲ သွားလာနိုင်ပါသည်။