ကက္ကုဋဇာတ်
ဆက္ကနိပါတ် - ၁။ အဝါရိယဝဂ် -(၃၈၃) – ကုက္ကုဋဇာတ် ကိလေသာဖြင့် လှည့်စားသော ကြောင်မကို ပြေးစေသော ကြက်မင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်တဏှာစိတ်ဝင် လူထွက်ချင်
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ကြောင်မလှည့်စား တောကြက်များ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မတဒ်မင်း မင်းပြုသည်ရှိသော ဘုရားအလောင်းသည် ကြက်မျိုး၌ ဖြစ်၍ ကြက်များစွာ ခြံရံကာ တောင်တစ်လုံးတွင် နေ၏။ အနီးတွင် ကြောင်မတစ်ကောင်လည် နေ၏။ ထိုကြောင်မသည် ကြက်မင်းကိုထား၍ ကြွင်းသော ကြက်တို့ကို ဥပါယ်ဖြင့် လှည့်ပတ်၍ စားလေ့ရှိ၏။ ကြက်မင်းသည် ထိုကြောင်မကို မလာစေလို။
ထိုအခါ ကြောင်မသည် ဤကြက်ကား အလွန်လိမ္မာလှ၏။ ငါတို့ဥပါယ်၌ လိမ္မာသည် အဖြစ်ကိုကား မသိလေ။ ငါသည် ဤကြက်ကို သင်၏မယားပြုမည် ဥပါယ်ဖြင့် သွေးဆောင်ဖြားယောင်း၍ မိမိအလိုသို့ ပါလာသောအခါ စားရန်သင့်၏ဟု ကြံစည်လျက် ကြက်မင်း နေသော သစ်ပင်ရင်းသို့ သွား၍ -
“အလွန်ဆန်းကြယ်သော အတောင်တို့ဖြင့် ဖုံးလွှမ်းအပ်သော ဦးစွန်းနီသော ငှက်မြတ် … သစ်ပင်မှ ဆင်းသက်ပါလော၊ အချည်းနှီး မေတ္တာရိ သင်၏ မယားပြုလုပ်ပါမည်” –
ဟု ကြက်မင်းအား ရှေးဦးစွာ ချီးမွမ်းသော စကားဖြင့် တောင်းပန်လေ၏။
တဏှာနှင့်ဖြား ကြည့်လှည့်စား
ပြင်ဆင်ရန်ကြက်မင်းသည် ကြောင်မ စကားကို ကြားလျှင် ဤကြောင်မကား ငါ၏ ဆွေမျိုး အလုံးစုံကို စားခဲ့ပြီ၊ ယခု ငါကို ဖြားယောင်း၍ စားလိုပြန်၏၊ ထိုကြောင်မကို လွှတ်လိုက်မည်ဟု ကြံစည်လျက် -
“ကောင်းမြတ်၍ စိတ်နှလုံးကို ပျော်မွေ့စေတတ်သော ကြောင်မ …သင်ကား ခြေလေးချောင်း ရှိ၏၊ ငါကား ခြေနှစ်ချောင်း ရှိ၏၊ သင်သည် ငှက်တို့နှင့် လင်မယား ဖြစ်ခြင်းငှာ မလျော်၊ တစ်ပါးသောလင်ကို ရှာဦးလော့”
ဟု ပြောလိုက်၏။ ကြောင်မသည် ကြက်မင်းစကားကို ကြားလျှင် ဤကြက်သည် အလွန် လိမ္မာ၏။ အကြောင်း တစ်စုံတစ်ခုဖြင့် ဖြားယောင်း၍ စားမည်ဟု ကြံစည်ပြန်၍ -
“အို - ကြက်မင်း … ငါသည် သင်၏ အပျိုစင် သူငယ်မ ဖြစ်၍ သာယာသော အသံရှိလျက် ချစ်ဖွယ်စော စကားကို ဆိုတတ်သော မယားအဖြစ် ပြုလုပ်ပါမည်၊ သင်သည် အပြစ်ကင်းသောရခြင်းဖြင့် ငါ့ကို ယူပါ၊ အကယ်၍ ကျွန်ပြုစေလိုပါမူ ဆယ့်နှစ်ယူဇနာကျယ်သော ဗာရာဏသီပြည်၌ ကျွန်ဖြစ်ကြောင်းကို ပြောကြားပါ” –
ဟု တစ်ဖန် သွေးဆောင် ဖြားယောင်းပြန်၏။
တဏှာပရိယာယ် ခြိမ်းခြောက်ပယ်
ပြင်ဆင်ရန်ထိုနောင်မှ ကြက်မင်းသည် ဤကြောင်မကို ခြိမ်းခြောက်၍ ပြေးစေမည်ဟု ကြံစည်လျက် -
“အကောင်ပုပ် စသည်ကို စား၍ အသွေးကိုသောက်ကာ ကြက်တို့ကို သတ်သော ဟယ် သူခိုးမ … သင်သည် အပြစ်ကင်းသော ရခြင်းဖြင့် ငါ့ကို လင်ပြုလုပ်ရန် အလိုမရှိလင့်” –
ဟု ပြောဆိုလိုက်၏။ ကြက်မင်း စကားကို ကြားလျှင် ကြောင်မသည် လျင်မြန်စွာ ပြေးလေ၏။ တစ်ဖန် ပြန်၍ မကြည့်ဝံ့တော့ချေ။
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -
“ရဟန်းတို့ … ကြောင်မသည် ကြက်မင်းကို သိမ်မွေ့နူးညံ့သော စကားတို့ဖြင့် ဖြားယောင်း သွေးဆောင်သကဲ့သို့ ထို့အတူ တင့်တယ်သော မိန်းမသည် မြတ်သော ယောကျ်ားကို မြင်လျှင် သိမ်မွေ့ နူးညံ့သော စကားဖြင့် ဖြားယောင်းသွေးဆောင်ဘိ၏” –
“ရဟန်းတို့ … ဖြစ်လတ္တံ့သော အကျိုးကို လျင်စွာ မသိသောသူသည် ရန်သူ၏အလိုသို့ လိုက်ရ၏၊ နောင်အခါ ပူပန်ရ၏၊ ဖြစ်လတ္တံ့သော အကျိုးကို လျင်စွာသိသောသူသည် ကြောင်မမှလွတ်သော ကြက်မင်းကဲ့သို့ ရန်သူတို့ ပြုလုပ်အပ်သော ကျဉ်းမြောင်းရာ အရပ်မှ လွတ်ရ၏” –
ဟု ဥပမေယျဖြင့် ဆုံးမတော်မူ၏။
ဤဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ကြက်မင်းသည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) မိန်းမတို့မူ၊ လိုပါမူ၊ ပြုမူပျက်စီးရန်။
(၂) ဖြစ်မည်အကျိုး၊ မသိနိုး၊ လိုက်ရိုးရန်သူထံ။
(၃) ဖြစ်မည်ကျိုးဆက်၊ သိမြင်လျက်၊ လွတ်ထွက်ရန်သူထံ။
(၄) ကြက်မင်းပဂေး၊ ကြောင်မဘေး၊ လွတ်ရေးထုံးမှတ်ရန်။
ကုက္ကဋဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။