ဗဟိုစာမျက်နှာ
အထူးအကြောင်းအရာပင့်ကူသည် လေကိုရှူ၍ အသက်ရှင်သည့် ခြေဆစ်များသတ္တဝါဖြစ်ပြီး၊ ခြေချောင်း ရှစ်ချောင်းနှင့် ချီလစ်ဆာရီ (Chelicerae) ခေါ် အဆိပ်စွယ်များ ပါရှိသည်။ ပင့်ကူအများစုသည် "ပင့်ကူမျှင်" ဟုခေါ်သော ပိုးချည်မျှင် ထုတ်နိုင်စွမ်းရှိကြသည်။ အာရက္ကနစ် (Arachnids) ဟု သိပ္ပံအမည်ပေးထားသည့် တိရစ္ဆာန်မျိုးပေါင်း၏ မျိုးစဉ်တစ်ခုဖြစ်သော ပင့်ကူသည် တိရစ္ဆာန်မျိုးစဉ်အားလုံး၌ သတ္တမမြောက် မျိုးစိတ်အရေအတွက်အများဆုံးဖြစ်သည်။ ၁၉၀၀ ပြည့်နှစ်မှစ၍ မျိုးရိုးခွဲခြမ်းစိတ်ဖြာသည့် ပညာရှင်များက မတူညီသည့် ပင့်ကူအမျိုးအစားကွဲ နှစ်ဆယ်ကျော်အား စတင်အဆိုပြုခဲ့ကြရာ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပင့်ကူမျိုးစိတ်ပေါင်း ၄၉၆၂၃ မျိုးကို မျိုးရင်းစုစုပေါင်း ၁၂၉ ခုအတွင်း ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားပြီးဖြစ်သည်ဟုသိရသည်။ အန္တာတိကတိုက်ကလွဲ၍ ကမ္ဘာပေါ်ရှိ ကျန်တိုက်ကြီးများအားလုံး၏ (ပင်လယ်ရေထုနှင့် လေထုမှအပ) နေရာဒေသနီးပါးတိုင်းတွင် ပင့်ကူများ နေထိုင်ကျက်စားကြသည်ကို မြင်တွေ့နိုင်သည်။ ပင့်ကူ အားလုံးနီးပါးသည် သားရဲတိရစ္ဆာန်များဖြစ်ကြပြီး အင်းဆက်များအား အများဆုံးဖမ်းယူစားသောက်လေ့ရှိကြသည်။ သားကောင်ကို အမဲလိုက်ရာတွင်လည်း နည်းလမ်းမျိုးစုံသုံးလေ့ရှိကြသည်။ အချို့က ထောင်ချောက်ဆင်ဖမ်းရန် ပင့်ကူအိမ်ဆောက်လုပ်ကြပြီး အချို့က သားကောင်ထံသို့ ပင့်ကူကြိုးမျှင်ပစ်၍ဖမ်းကြသည်။ အချို့သော ပင့်ကူများမှာ မြေတွင်း၌ ဦးစွာပုန်းအောင်းနေကာ အနီးအနားမှဖြတ်သွားသည့် သားကောင်အား ပြေးထွက်ဖမ်းကြသည်။ အချို့မှာမူ ပင့်ကူမျှင်ဖြင့် ပိုက်ကွန်တစ်ခုရက်လုပ်ပြီး ဖြတ်သွားသည့် သားကောင်အား ထိုပိုက်ကွန်ဖြင့် ကွန်ပစ်သကဲ့သို့ ပစ်၍ဖမ်းယူကြသည့် ပင့်ကူမျိုးလည်း ရှိ၏။ အချို့မှာ ခပ်ဝေးဝေးသို့ပင် ခုန်နိုင်ကြပြီး သားကောင်အနီးအနားသို့ တိတ်တဆိတ်ချဉ်းကပ်ကာ ခုန်အုပ်၍ဖမ်းယူကြသည်။ ဆက်လက်ဖတ်ရှုရန် ... |
သတင်းများ
ဝီကီပီးဒီးယားအကြောင်းဝီကီပီးဒီးယားသည် သုံးစွဲသူများက ပူးပေါင်း၍ ရေးသားတည်းဖြတ်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ဝီကီဟု ခေါ်သော ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြု၍ ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်း ဖြစ်ပါသည်။ သုံးစွဲသူများမှ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်နေကြပါသည်။ မြန်မာဝီကီပီးဒီးယားတွင် ယူနီကုဒ် ၅.၂ စံနှုန်းကို လိုက်နာသော မည်သည့်ဖောင့်အမျိုးအစား နှင့်မဆို ဖတ်ရှုခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
|
ယနေ့ အထူးဓာတ်ပုံ
|
အကူအညီ
|
ဝီကီပီးဒီးယား၏ ညီအစ်မ ပရောဂျက်များ
ဝီကီပီးဒီးယားကို အကျိုးအမြတ်မယူသည့် ပရဟိတအဖွဲ့အစည်း ဝီကီမီဒီယာ ဖောင်ဒေးရှင်း မှ လွှင့်တင်ပြီး အောက်ပါအခြား ပရောဂျက်များကိုလည်း လွှင့်တင်ထားပါသည်။
အခမဲ့ မီဒီယာတည်ရာ
ဝီကီဆော့ဖ်ဝဲ ဖွံ့ဖြိုးတည်ဆောက်မှု
ဝီကီမီဒီယာ ပရောဂျက်အားလုံးအတွက် ဆက်သွယ်ရေး
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ
အခမဲ့ အသိပညာ ဗဟို
အခမဲ့ သတင်းများ
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ
အခမဲ့စာကြည့်တိုက်
မျိုးစိတ်များတည်ရာ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ
အခမဲ့ ခရီးသွားလမ်းညွှန်
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း
ဝီကီပီးဒီးယား ဘာသာစကားများ
ဤဝီကီပီးဒီးယားကို မြန်မာဘာသာဖြင့် ရေးသားထားပါသည်။ ၂၀၀၄ ခုနှစ်မှ စတင်၍ ယခုအခါ အကြောင်းအရာပေါင်း ၁၀၃၂၉၃ ခုရှိပါသည်။
အခြားဘာသာဖြင့် ရေးသားသော ဝီကီပီးဒီးယားများကို ကြည့်ရှုနိုင်ပါသည်။ ဆောင်းပါးအများဆုံးသော ဝီကီပီးဒီးယားများကို အောက်တွင်ဖော်ပြထားပါသည်-
- ဆောင်းပါးပေါင်း ၁,၀၀၀,၀၀၀ ကျော်:
- ဆောင်းပါးပေါင်း ၂၅၀,၀၀၀ ကျော်:
- ဆောင်းပါးပေါင်း ၅၀,၀၀၀ ကျော်: