ကက်နက်စိန် (၁၉၁၆−၁၉၇၃) သည် မြန်မာလူမျိုး သဘင်အနုပညာရှင် ဖြစ်ပြီး တိုင်းသိပြည်ကျော် မင်းသားကြီး ဂရိတ်ဘိုးစိန်၏ သားကြီး ဖြစ်သည်။

ဝဏ္ဏကျော်ထင်
ကက်နက်စိန်
မွေးဖွားခက်စိန်
၁၉ စက်တင်ဘာ ၁၉၁၆
ရန်ကုန်မြို့မြန်မာနိုင်ငံ
ကွယ်လွန်၂၈ နိုဝင်ဘာ၊ ၁၉၇၃(1973-11-28) (အသက် ၅၇)
ရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံလူမျိုးဗမာ
အခြား အမည်များကနက်စိန်
အဖွဲ့အစည်းစိန်မဟာသဘင်
ကျော်ကြားမှုအရင်းခံမြန်မာအက
အိမ်ထောင်ဖက်(များ)ဒေါ်ငွေကိုင်
သားသမီးရဲစိန်
ညီဝင်းစိန်
သမီးတစ်ဦး
မိဘ(များ)ဦးဖိုးစိန် နှင့် ဒေါ်ကြင်ယုံ
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

၁၉၁၆ ခု၊ စက်တင်ဘာလ ၁၉ ရက်တွင် ဦးဖိုးစိန်၊ ဒေါ်ကြင်ယုံတို့မှ ရန်ကုန်၌ မွေးသည်။ မောင်နှမ (၇) ယောက်အနက် အကြီးဆုံးဖြစ်ပြီး မွေးချင်းများမှာ စိန်ကြိုင်၊ တင်မြင့်၊ မူမူ၊ သက်စိန်၊ မြင့်မြင့်စိန်၊ မောင်ချိုတို့ ဖြစ်သည်။ ငယ်မည်မှာ ခက်စိန် တွင်၏။

စိန်ဂျွန်းကျောင်း တက်သည့်အခါ ကက်နက် (Kenneth) ဟူသော အမည်ရလာသည်။ တက္ကသိုလ်ပညာကို အင်္ဂလန်၌ သွားသင်သည်။

အနုပညာ လှုပ်ရှားမှု ပြင်ဆင်ရန်

 
စိန်မဟာသဘင်၌ ကနက်စိန် ပါဝင်ခဲ့စဉ် (၁၉၄၃ ဝန်းကျင်)

ဖခင်၏ စိန်မဟာသဘင်တွင် ပါဝင်သည်။ သဘင်အမည်ကို မိုးညှင်းသံဗုဒ္ဓေ ဆရာတော်ပေးသည့် ကနက်စိန် ဟု ယူသည်။

လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှု ပြင်ဆင်ရန်

ဂျပန်ခေတ်တွင် ရှင်ဥတ္တမကျောင်း၌ လူငယ်များအား ဂျပန်စာ သင်ပေးသည်။

၁၉၄၆ ခု၊ မတ်လ ၁၆ ရက်၌ ဗဟန်း နေသူရိန်ရုံတွင် ကျင်းပသော လူထုအစည်းအဝေးတွင် မြန်မာနိုင်ငံတော် တူရိယာဂီတ အဖွဲ့ချုပ်၏ ဝါဒဖြန့်ချိရေးနှင့် ပြန်ကြားရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြုကာ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သို့ ယဉ်ကျေးမှုဖလှယ်ပွဲများ သွားရောက်ခဲ့သည်။

၁၉၅၃ ခု၊ ဇူလိုင်လ ၁ ရက်၊ မန္တလေး ပန်းချီ၊ ပန်တျာနှင့် ပြဇာတ်ကျောင်း ဖွင့်ပွဲဂုဏ်ပြု ညစာစားပွဲတွင် ဖျော်ဖြေပေးသည်။

မကွယ်လွန်မီအထိ သဘင်ကောင်စီ ပြန်လည်ဖော်ထုတ်ရေးနှင့် အနုသဘင်ပညာရှင်များ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ နာယက အဖြစ် တာဝန်ယူထားသည်။

ဖခင်အတွက် စာအုပ် ပြင်ဆင်ရန်

၁၉၆၀ တွင် ရန်ကုန်ကို ဖူးဘရိုက် (Fulbright) ထောက်ပံ့ငွေနှင့် မြန်မာ့ သဘင်ပညာအား သုတေသနပြုရန် လာသည့် ဝစ်တဟေး (J. A. Withey) နှင့် ရင်းနှီးကာ ဖခင်၏ ဘဝဇာတ်ကြောင်းကို ဂရိတ်ဖိုးစိန် အမည်ဖြင့် ၁၉၆၅ ခုတွင် အမေရိကန်၌ စာအုပ်ထုတ်သည်။ [၁]

ဝါသနာ ပြင်ဆင်ရန်

မြင်းပွဲကို ဝါသနာထုံသည်။ ရန်ကုန်မြင်းပြိုင်ကွင်း တပ်ကလပ်၌ အသင်းဝင်ဖူးသည်။[၂]

မိသားစုဘဝ ပြင်ဆင်ရန်

ဇနီး ဒေါ်ငွေကိုင်နှင့် ရဲစိန်၊ ညီဝင်းစိန် ညီအစ်ကိုနှစ်ယောက်အပြင် သမီးထွေးတစ်ဦး မွေးထုတ်ခဲ့သည်။ သားများမှာ ဖခင်နည်းတူ မင်းသားများ ဖြစ်လာသည်။

ဘွဲ့ထူး ဂုဏ်ထူးများ ပြင်ဆင်ရန်

နိုင်ငံတော်က ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြင့်ထားသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၇၃ ခု၊ နိုဝင်ဘာလ ၂၈ ရက်တွင် နှလုံးရောဂါဖြင့် ညနေ ၄ နာရီ၊ မိနစ် ၄၀ အချိန်၌ ရန်ကုန်ရှိ နတ်မောက်ရိပ်သာ နေအိမ်၌ ကွယ်လွန်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Sein, Kenneth & Withey, J. A. (1965) "The Great Po Sein: A Chronicle of the Burmese Theater". Indiana University Press.
  2. မောင်ချိုမင်း (ကန္တာရဝတီ)။ "ဇာတ်မင်းသားကြီးများ၏ ဓလေ့ဝါသနာများ"၊ ရုပ်ရှင်မျက်မှန် မဂ္ဂဇင်း။ ၁၉၈၀ အောက်တိုဘာ။
  3. "ဝဏ္ဏကျော်ထင် ကက်နက်စိန် ကွယ်လွန်ပြီ"၊ မြန်မာ့အလင်း။ ၁၉၇၃၊ နိုဝင်ဘာ ၂၉။