ကကြီးရေက ရုပ်ရှင်ဇာတ်ကားသည် ၁၉၅၉ ခုနှစ်က စာရေးဆရာမင်းဆွေချစ်တဲ့ညအမည်ရှိ ဝတ္ထုကို ရိုက်ကူးခဲ့သော မြန်မာရုပ်ရှင် အဖြူအမည်းဇာတ်ကား တစ်ကားဖြစ်သည်။ ထိုရုပ်ရှင်ကို ဒါရိုက်တာသာဓုက ထွန်းဝေ၊ မြတ်မွန်၊ ဒေါ်ခင်ညွန့်တို့ဖြင့် ရိုက်ကူးခဲ့သည်။ ကကြီးရေ က ရုပ်ရှင်ဇာတ်ကားသည် သရုပ်ဆောင် မြတ်မွန်၏ ပထမဆုံးရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ထိုပထမဆုံးကားမှာပင် အမျိုးသမီးပညာသည်ဆု (အကယ်ဒမီဆု ) ကို ရရှိခဲ့ပေသည်။ ကကြီးရေက ရုပ်ရှင်သည် ၁၉၅၉ ခုနှစ်အတွက် အကယ်ဒမီဆု (၄)ဆု ဆွတ်ခူးနိုင်ခဲ့သော အောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ ဒါရိုက်တာသာဓု (အကောင်းဆုံး ဒါရိုက်တာ ဆု)၊ မင်းသားထွန်းဝေ( အမျိုးသားပညာသည်ဆု)၊ မင်းသမီးမြတ်မွန်( အမျိုးသမီးပညာသည်ဆု)၊ သရုပ်ဆောင်ဒါ်ခင်ညွန့် (အမျိုးသမီးပညာသည်ဆု) တို့ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်