ကင်ဂိုအွန်

တောင်ကိုရီးယားသရုပ်ဆောင်

 ကင်ဂိုအွန်(၂ ဇူလိုင် ၁၉၉၁ မွေး)သည် တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ကာ ဝေဖန်သံညံခဲ့သော A Muse (၂၀၁၂)ရုပ်ရှင်ကားဖြင့် ပွဲဦးထွက်လာခဲ့သည်။ မှုခင်းသည်းထိတ်ရင်ဖို Monster (2014) နှင့်  Coin Locker Girl (2015) တို့တွင် ပါဝင်ခဲ့သလို သိုင်းဇာတ်လမ်းတွဲ Memories of the Sword (2015)၌လည်း ပါခဲ့သည်။ ၎င်းနောက် tvN ဇာတ်လမ်းတွဲများဖြစ်သော Cheese in the Trap (2016)နှင့် Guardian: The Lonely and Great God (2016)တို့၌လည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သည်။

Kim Go-Eun
In June 2016
မွေးဖွား (1991-07-02) ဇူလိုင် ၂၊ ၁၉၉၁ (အသက် ၃၂)
ဆိုးလ်မြို့တောင်ကိုရီးယား
ပညာရေးKorea National University of Arts - Theater Kaywon High School of Arts, Seoul
အလုပ်အကိုင်ရုပ်ရှင်မင်းသမီး
ကိုယ်စားလှယ်HODU&U Entertainment
ကင်ဂိုအွန်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်김고은
RRအက္ခရာဖလှယ်ခြင်း:Gim Go-eun
MRအက္ခရာဖလှယ်ခြင်း:Kim Goŭn

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

သူ့အသက်လေးနှစ်၊ ၁၉၉၄ ခုနှစ်၌ တမိသားစုလုံး တရုတ်ပြည်၊ ပေကျင်းသို့ ပြောင်းရွှေ့ပြီး ၁၀ နှစ်ကြာ နေခဲ့သည်ဖြစ်၍ တရုတ်စကားကို သွက်လက်စွာ ပြောဆိုနိုင်လေသည်။ ကိုရီးယား၏ ခက်ခဲပင်ပန်းသော ပညာရေးစနစ်၏ ယှဉ်ပြိုင်မှုကို အတွေ့အကြုံလုံးဝမရှိသောကြောင့် ထွန်းတောက်လာသော သူ့ကို ဒါရိုက်တာ ဂျန်ဂျီဝူး(အသံထွက်မှားနေပါက ပြင်ပေးရန်)က ပြောသည်မှာ "သူက ပင်ကို စပ်စုလိုစိတ်များတယ်၊ ရဲရင့်တယ်၊ ဘယ်သူ့လွှမ်းမိုးမှုမှ မခံဘူး၊ သူများတွေ လုပ်တာမျိုး လိုက်မလုပ်ဘူး"ဟူ၍ ဖြစ်သည်။ [၁]

တရုတ်ရုပ်ရှင်ဒါရိုက်တာ ချိန်ခိုင်ကဲ ရိုက်ကူးသော Together ကို အခေါက်ပေါင်းများစွာ ကြည့်ပြီး ကြည့်တိုင်းလည်း ငိုခဲ့ရသော သူမသည် ရုပ်ရှင်ထုတ်လုပ်သူတဦးဖြစ်လာရန် စိတ်ပိုင်းဖြတ်ခဲ့သော်လည်း ကံအားလျော်စွာ ပြဇာတ်ဘက်သို့ ရောက်သွားခဲ့သည်။ Korea National University of Arts ၌ ဒရာမာကျောင်းသို့ တက်ရောက်ခဲ့သည်။[၂][၃]

အနုပညာခရီး ပြင်ဆင်ရန်

ဝေခွဲမရ(A Muse) နှင့် စန်းပွင့်ခြင်း ပြင်ဆင်ရန်

၂၀၁၂ ၌ ကင်သည်ဝေခွဲမရဇာတ်ကား၌ ယောက်ျားနှစ်ဦး၏ နှောင်ကြိုးကို သဘောပေါက်လာသူ ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူ အွန်ဂျိုအဖြစ် သရုပ်ဆောင်ခဲ့ရာ မီဒီယာများ၏ ဝေဖန်မှုနှင့် အာရုံစိုက်မှုကို ခံရသည်။[၄][၅][၆][၇] သူ့သရုပ်ဆောင်မှုက ထိုနှစ်၏ အကောင်းဆုံး မျက်နှာသစ် မင်းသမီးဆုကို သိမ်းပိုက်နိုင်ခဲ့သည်။

၂၁ နှစ်ရှိနေပြီဖြစ်သည့်တိုင် တီဗီရုပ်ရှင်များ၌ တခန်းမှ မပါဖူးသူ ကင်သည် ကျောင်းတုန်းက ပြဇာတ်နှင့် ထုတ်လုပ်ရေးအနည်းအကျဉ်း၌သာ သရုပ်ဆောင်ဖူးလေသည်။ သူငယ်ချင်းများ၏ သိကျွမ်းဖွဲ့ပေးမှုကြောင့် ဝေခွဲမရရုပ်ရှင်ဒါရိုက်တာ ဂျန်ဂျီဝူးနှင့် တွေ့စဉ်ပင် ရုပ်ရှင်အတွက် လူရွေးပွဲခေါ်နေကြောင်း သတိမပြုမိပေ။ ဒါရိုက်တာနဲ့ စကားစမြည်ပြောပြီးနောက် လူတွေ့စစ်ဆေးတာလည်း ပြီးသွားတယ်၊ ဘာမှပြင်ဆင်ဖို့ အချိန်တောင် မရလိုက်ဘူးလေဟု ကင်က ပြောပြသည်။ လူတွေ့စစ်ဆေးခံရသူ သရုပ်ဆောင် ၃၀၀ ကျော်ထဲမှ သူမအရွေးခံရသည်။[၈] ဒေါသထွက်စရာကောင်းသော ဇာတ်လမ်းကျောရိုးဖြစ်လျက်ပင် ရုပ်ရှင်ထဲ၌ လိင်ဇာတ်ဝင်ခန်း ၂ ခန်း ပါလေရာ ကင်သည် မရိုက်ကူးမီတွင် စိတ်ရှုပ်ထွေး၍ ရှက်ကြောက်ခဲ့ရသည်ဟု ဝန်ခံသည်။ သို့သော် ကင်မရာများ စတင်ရိုက်ကူးသည့်အခါ ဇာတ်ကောင်စရိုက်၌ စုံးစုံးနစ်မျောသွားခဲ့သည်။ [၂] ဂျန်ကပြောသည်မှာ ကင်သည် အဆိုပါ ရုပ်ရှင်ကြောင့်သာ မွေးဖွားလာခြင်းဟု ဖြစ်သည်။ နောက်ဆုံးပိုင်းရိုက်နေတုန်းက သူ့မျက်နှာအမူအရာကို ခင်ဗျားတို့ တွေ့စေချင်စမ်းတယ်၊ ဇာတ်လမ်းရိုက်ကူးစတုန်းကနဲ့ လုံးလုံးလျားလျား ကွာခြားသွားပြီ၊ သူက သူအတွက်ကော အခြားသူတွေအတွက်ကော ဘယ်လောက် အဖိုးတန်တဲ့သူလဲဆိုတာ နားလည်သွားတဲ့ ပုံမျိုး၊ ကိုယ့်မှာ ကိုယ်ပိုင်အလှနဲ့ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သဘောမပေါက်တဲ့လူတယောက်မှာ ရှိတဲ့ အရည်အချင်းမျိုး သူက ပြခဲ့တာပါဟု ပြောသည်။[၁]

သူမအလုပ်အကိုင်နှင့် ပတ်သက်၍ ခံစားချက်ကို ပြောရာတွင် ကင်က စတိတ်စင်ပေါ်မှာ ပထမဆုံးအကြိမ် ရပ်နေတုန်းက အရမ်းစိတ်လှုပ်ရှားခဲ့တယ်၊ ကျမရဲ့ လက်ကျန်ဘဝကိုလည်း ဒါကိုပဲ လုပ်သွားရမယ်ဆိုရင် သိပ်ပင်ပန်းမှာပဲလို့ တွေးမိပြီးတော့၊ ဒါပေမယ့်လည်း ဒုတိယအကြိမ် ဖျော်ဖြေတော့ ကျောမှာအတောင်ပံပေါက်နေသလိုပဲ ပီတိဖြစ် ခံစားရတယ်၊ စတိတ်စင်ပေါ်ကကို မဆင်းချင်တော့ဘူးဟူ၍ ပြောသည်။ [၂] ကြော်ငြာများတွင် သိပ်မပါတော့ရန် ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ နောက်ရုပ်ရှင်ကားတွေ ရွေးချယ်ရာမှာ ကျမရဲ့ပုံရိပ် ဒါမှမဟုတ် အရှည်ကို သိပ်မတွေးဖြစ်ခဲ့ဘူး၊ ကျမစိတ်ပူနေတာက စီးပွားရေးကြော်ငြာတွေမှာ သရုပ်ဆောင်ခဲ့တာတွေက ကျမရဲ့ ဇာတ်ရုပ်ကို ထိခိုက်သွားမလား ဆိုတာပဲဟု ပြောခဲ့သည်။[၉]

ရုပ်ရှင်သို့ ပြန်လှည့်ခြင်း ပြင်ဆင်ရန်

ဝေခွဲမရဇာတ်ကားပြီးနောက် ကမ်းလှမ်းမှုများစွာ ရရှိခဲ့သော်လည်း နှစ်နှစ်ခန့် နားရန် ဆုံးဖြတ်လိုက်ပြီး ဘွဲ့အပြီးထိတက်ရန် ကျောင်းသို့ ပြန်သွားခဲ့ပေသည်။ ၂၀၁၄ ၌ ငွေရောင်ပိတ်ကားပေါ်သို့ ပြန်လှည့်လာခဲ့သည်၊ သည်းထိတ်ရင်ဖို Monster ဇာတ်လမ်းတွဲ၌ စွယ်စုံရကြောင်း ပြခဲ့သည်၊ ရက်စက်သော ကွင်းဆက်လူသတ်သမား၏ အသတ်ခံခဲ့ရသော ညီမ၏ အစ်မ မသန်စွမ်းအမျိုးသမီးအဖြစ် သရုပ်ဆောင်ပြီး ဝမ်းနည်းပူဆွေးမှု၊ မုန်းတီးမှုနှင့် လက်စားချေလိုမှုတို့ကြောင့် စိတ္တဇဖြစ်လုနီးနီး ဖြစ်ပုံကို သရုပ်ဖော်ခဲ့သည်။ [၁၀][၁၁][၁၂][၁၃]

 ၂၀၁၅ ၌ ၁၉၈၀ ခုနှစ်ကဂျပန်ဝတ္ထု Coin Locker Babies ကို အခြေတည်ထားသော မီးရထားဘူတာရုံရှိ အခပေးလော့ကာထဲ စွန့်ပစ်ထားခံရပြီး ငွေတိုးချေးစားသူ လုပ်ငန်းရှင်မကြီးက မွေးစားလိုက်ပြီးနောက်ဆုံး လုပ်ငန်းများကို ပိုင်ဆိုင်ရသူ မိန်းကလေးငယ်အကြောင်း ရိုက်ကူးထားသည့် Coin Locker Girl တွင် ကင်ဟဲဆူးနှင့်အတူ သရုပ်ဆောင်ခဲ့သည်။  [၁၄]နောက် ကင်သည် သိုင်းကား Memories of the Sword ဇာတ်လမ်းတွဲ၌ သူ လေးစားသော စံပြုပုဂ္ဂိုလ် မင်းသမီး ဂျွန်ဒိုယွန်နှင့်အပြိုင် သရုပ်ဆောင်ရလေသည်။[၁၅][၁၆][၁၇] ထိုနောက်တွင်ကား နိုင်လိုမင်းထက်ဆန်သော ရှေ့နေအဖြစ် The Advocate: A Missing Body ၌ သရုပ်ဆောင်ခဲ့သည်။ [၁၈]

ရုပ်သံပွဲဦးထွက် ပြင်ဆင်ရန်

တူညီသော ခေါင်းစဉ်နှင့် ဝက်တူးဇာတ်လမ်းပေါ် အခြေခံထားသည့် ရုပ်သံစီးရီး Cheese in the Trap နှင့် ပွဲဦးထွက်လာခဲ့သည်။ [၁၉][၂၀][၂၁] ---[၂၂] သရုပ်ဆောင် ထူးချွန်ခြင်းကြောင့် မျက်နှာသစ် ရုပ်သံမင်းသမီးအတွက် ပေစန်ဆုကို ရရှိခဲ့သည်။ အဘွားနှင့် ပြန်ပြေလည်သော ဇာတ်လမ်း မိသားစုစတိုင် ကနိုလာ ရုပ်ရှင်တွင် ခေါင်းဆောင်ပါဝင်ရသည်။ ထိုနှစ်တွင်ပင် ကင်အွန်စွတ်ရေးသားသည့် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲ အစောင့်အရှောက်၊ အထီးကျန်နတ်ကြီးတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သည်။

ပုဂ္ဂိုလ်ရေး ပြင်ဆင်ရန်

ဩဂုတ် ၂၀၁၆ တွင် ကင်၏အကျိုးဆောင်က ထုတ်ပြန်သည်မှာ နောက်တက်သရုပ်ဆောင် ရှင်ဟာကျွန်းနှင့် ရည်ငံနေသည်ဟု ဖြစ်၏။ [၂၃][၂၄][၂၅][၂၆]

Filmography ပြင်ဆင်ရန်

ရုပ်ရှင် ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ဇာတ်ကောင်
2012 A Muse (ဝေခွဲမရ) ဟန်အွန်ကျို
Yeonga (ယွန်ဂ) (short film)[၂၇][၂၈] ယန်းအာ
2013 Neverdie Butterfly (နိစ္စလိပ်ပြာ) မွန်းဆူးယွန်
2014 Monster (အကောင်ကြီး) ဘို့ဆွန်း
2015 Coin Locker Girl (လော့ကာကောက်ရမိန်းကလေး) အီယောင်း
Memories of the Sword (ဆောင်ဓားမှတ်ဉာဏ်) ဆိုးဟီး
The Advocate: A Missing Body (ပျောက်ဆုံးအလောင်း) ဂျင်စွန်မီ
2016 Canola (ကနိုလာ) ဟေဂျီ

ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ဇာတ်ကောင် နက်ဝပ်
2016 Cheese in the Trap (ထောင်ချောက်ထဲကဒိန်ခဲ) ဟုန်ဆိုး tvN
အစောင့်အရှောက်၊ အထီးကျန်နတ်ကြီး ဂျီအွန်တက် tvN

Awards and nominations ပြင်ဆင်ရန်

Year Award Category Nominated work Result
2012 8th Jecheon International Music & Film Festival[၂၉][၃၀] Moët Rising Star Award
A Muse
ဆုရရှိ
21st Buil Film Awards[၃၁] Best New Actress ဆုရရှိ
32nd Korean Association of Film Critics Awards[၃၂][၃၃] Best New Actress ဆုရရှိ
49th Grand Bell Awards[၃၄][၃၅] Best Actress ဆန်ခါတင်
Best New Actress ဆုရရှိ
33rd Blue Dragon Film Awards[၃၆][၃၇] Best New Actress ဆုရရှိ
2nd Beautiful Artist Awards[၃၈]

(Shin Young-kyun Arts and Culture Foundation)

New Artist Award ဆုရရှိ
13th Busan Film Critics Awards Best New Actress ဆုရရှိ
2013 4th KOFRA Film Awards[၃၉] Best New Actress ဆုရရှိ
49th Baeksang Arts Awards Best New Actress (Film) ဆန်ခါတင်
12th New York Asian Film Festival[၄၀][၄၁] Star Asia Rising Star Award ဆုရရှိ
2015 19th Bucheon International Fantastic Film Festival[၄၂] Fantasia Award
Coin Locker Girl
ဆုရရှိ
24th Buil Film Awards Best Actress ဆန်ခါတင်
2016 52nd Paeksang Arts Awards Best New Actress (Television)
Cheese in the Trap
ဆုရရှိ
Most Popular Actress (Television) ဆန်ခါတင်
5th APAN Star Awards Best New Actress ဆန်ခါတင်
Style Icon Awards Amazing Rising Star
Herself
ဆုရရှိ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Lee၊ Claire (2 May 2012)။ Jung Ji-woo talks on his new film, new muse။ 21 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Unknown Starlet Gets Big Break as Korean Lolita (21 April 2012)။ 2012-11-18 တွင် ပြန်စစ်ပြီး။
  3. Stars from Korea National University of Arts (17 May 2012)။ 2012-11-18 တွင် ပြန်စစ်ပြီး။
  4. Lee၊ Claire (27 March 2012)။ Park Hae-il back on the big screen as poet။ 21 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  5. Eun-Gyo heroine Kim Ko-eun's big smile (28 March 2012)။ 2012-11-18 တွင် ပြန်စစ်ပြီး။
  6. Jang၊ Seong-ran (2 April 2012)။ မော်ကွန်းတင်ပြီးမိတ္တူ (in Korean)။ 9 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  7. Jang၊ Seong-ran (13 April 2012)။ မော်ကွန်းတင်ပြီးမိတ္တူ (in Korean)။ 4 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  8. A Muse Kim Go-eun takes off the veil (25 March 2012)။ 2012-11-18 တွင် ပြန်စစ်ပြီး။
  9. 3 Young Women Show Long-Missing Movie Star Material (14 March 2014)။ 2014-03-14 တွင် ပြန်စစ်ပြီး။
  10. Lee၊ Claire (21 February 2014)။ Kim Go-eun to come back in vicious revenge tale။ 2014-02-22 တွင် ပြန်စစ်ပြီး။
  11. Song၊ Soon-jin (24 February 2014)။ Press Conference Held for MONSTER: Actor Transformations Front and Center။ 2014-03-27 တွင် ပြန်စစ်ပြီး။
  12. Kim၊ Hee-eun (7 March 2014)။ Eun-gyo takes on Monster role။ 2014-03-07 တွင် ပြန်စစ်ပြီး။
  13. Lee၊ Claire (16 March 2014)။ Eun-gyo returns as a Monster။ 2014-03-18 တွင် ပြန်စစ်ပြီး။
  14. Conran၊ Pierce (14 May 2014)။ KIM Hye-soo and KIM Go-eun Team Up for COIN LOCKER GIRL။ 2014-05-19 တွင် ပြန်စစ်ပြီး။
  15. Tae၊ Sang-joon (24 January 2014)။ KIM Go-eun, Star of Monster and Memories of the Sword: To be Remembered as a Good actress, Not as an Overnight Star။ 2014-01-30 တွင် ပြန်စစ်ပြီး။
  16. Going deep in Memories (20 August 2015)။ 2014-08-26 တွင် ပြန်စစ်ပြီး။
  17. Kim Go-eun Recalls Difficulties in Latest Film (22 August 2015)။ 2015-08-22 တွင် ပြန်စစ်ပြီး။
  18. Lee Sun-kyun and Kim Go-eun on The Advocate: A Missing Body (7 September 2015)။ 2015-09-12 တွင် ပြန်စစ်ပြီး။
  19. Kim Go-eun to star in Cheese in the Trap (28 July 2015)။ 2015-07-29 တွင် ပြန်စစ်ပြီး။
  20. Kim confirmed for Cheese (29 July 2015)။ 2015-07-29 တွင် ပြန်စစ်ပြီး။
  21. Kim Go-eun snaps up major film, TV drama roles (29 July 2015)။ 2015-07-29 တွင် ပြန်စစ်ပြီး။
  22. Kim Go Eun sings an OST for her drama 'Cheese in the Trap'။ allkpop.com (2016-02-29)။ 2016-12-12 တွင် ပြန်စစ်ပြီး။
  23. Age gap no barrier to Shin Ha-kyun, Kim Go-eun romance။ Koreatimes.co.kr (2016-08-24)။ 2016-12-12 တွင် ပြန်စစ်ပြီး။
  24. August 24, 2016 (2016-08-24)။ Old Photos Of Shin Ha Kyun And Kim Go Eun Resurface After Dating Announcement။ Soompi။ 21 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-12 တွင် ပြန်စစ်ပြီး။
  25. August 23, 2016 (2016-08-23)။ Kim Go Eun And Shin Ha Kyun Revealed To Be Dating။ Soompi။ 28 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-12 တွင် ပြန်စစ်ပြီး။
  26. Another Celebrity Couple with Big Age Difference - The Chosun Ilbo (English Edition): Daily News from Korea - Entertainment > Entertainment။ English.chosun.com (2016-08-25)။ 2016-12-12 တွင် ပြန်စစ်ပြီး။
  27. 영아 Yeonga (14 May 2012)။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  28. 영아 Yeonga။ 4 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  29. Suk၊ Monica (12 August 2012)။ JIMFF: Rising stars pop champagne with fizz and sparkle။ 2012-11-18 တွင် ပြန်စစ်ပြီး။
  30. Suk၊ Monica (13 August 2012)။ Eungyo actress Kim Go-eun wins rising star award from Moet & Chandon။ 2012-11-18 တွင် ပြန်စစ်ပြီး။
  31. မော်ကွန်းတင်ပြီးမိတ္တူ (in Korean) (5 October 2012)။ 19 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-12-04 တွင် ပြန်စစ်ပြီး။
  32. Jang၊ Sung-ran (19 October 2012)။ PIETA Wins a Triple Crown။ 2012-11-18 တွင် ပြန်စစ်ပြီး။
  33. You must specify title = and url = when using {{cite web}}. (in Korean) (7 November 2012)။ 2012-12-04 တွင် ပြန်စစ်ပြီး။
  34. Lee၊ Claire (30 October 2012)။ Gwanghae sweeps Daejong Film Awards။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-18 တွင် ပြန်စစ်ပြီး။
  35. You must specify title = and url = when using {{cite web}}. (in Korean) (30 October 2012)။ 2012-12-04 တွင် ပြန်စစ်ပြီး။
  36. Ji၊ Yong-jin (4 December 2012)။ PIETA Wins Best Picture at Blue Dragon Awards။ 2012-12-04 တွင် ပြန်စစ်ပြီး။
  37. မော်ကွန်းတင်ပြီးမိတ္တူ (in Korean) (30 November 2012)။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-12-01 တွင် ပြန်စစ်ပြီး။
  38. Ji၊ Yong-jin (28 November 2012)။ KIM Ki-duk Scores Another Brilliant Achievement။ 2012-12-01 တွင် ပြန်စစ်ပြီး။
  39. Ji၊ Yong-jin (1 February 2013)။ PIETA Regarded as the Best Film in 2012 by Reporters။ 2013-02-04 တွင် ပြန်စစ်ပြီး။
  40. Conran၊ Pierce (12 June 2013)။ KIM Ko-eun Honored by NYAFF This Summer။ 2013-06-14 တွင် ပြန်စစ်ပြီး။
  41. Actress Kim Go-eun Feted as Rising New Star in New York (2 July 2013)။ 2013-07-03 တွင် ပြန်စစ်ပြီး။
  42. LEE Min-ho and MOON Chae-won to Receive BiFan Awards (10 July 2015)။ 2015-07-10 တွင် ပြန်စစ်ပြီး။