ကင်းပုစွန် (Lobster)
Temporal range: Valanginian–Recent
European lobster
(Homarus gammarus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်းစုသေး: Crustacea
မျိုးပေါင်း: Malacostraca
မျိုးစဉ်: Decapoda
Superfamily: Nephropoidea
မျိုးရင်း: Nephropidae
Dana, 1852
Genera

ကင်းပုစွန် (Lobster) သည် ပုစွန်မျိုးကွဲ တစ်မျိုးဖြစ်၏။ “ကင်းမြီးကောက်၏ အမြီးနှင့်တူသော အမြီး၊ ပုစွန်၏လက်မနှင့်တူသော လက်မ” စသည့် အင်္ဂါရပ်များ ပါဝင်သောကြောင့် ကင်းပုစွန် ဟုအမည်ပေးထားခြင်းလည်း ဖြစ်၏။[၁]

ပင်လယ်တွင်း၌ ကျက်စားသည့် ပုဇွန်ထုပ်ကြီးမျိုးဖြစ်၍ တစ်တောင်ကျော်အထိ အရွယ်ကြီးမားနိုင်သည်။ အသားများကို ထုတ်၍ အခြောက်လှန်းကာ နံရံ၌ အလှချိတ်ဆွဲထားလေ့ ရှိကြသည်။ လက်မနှစ်ချောင်းမှာ ကိုယ်ထည်နှင့် မမျှအောင် အလွန်ကြီးမား၍ တစ်ဖက်မှ ကြိတ်ချေရန်နှင့် တဖက်မှာ ညှပ်ရန် အသုံးပြုသည်။ ထိခိုက်ပွန်းပဲ့လျှင် ပြန်၍ အသားတက်နိုင်သည်။ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တွင် ပေါများသည်။ မြန်မာ့ပင်လယ်ပိုင်းတွင်လည်း တွေ့ရတတ်သည်။ အခွံမာကျော၍ ကျောက်ကဲ့သို့ရှိသည်။ ပင်လယ်အောက်ခြေလွှာတွင် သွားလာကျက်စားလေ့ရှိသည်။ ရေလည်းကူးတတ်၍ နောက်ပြန်ကူးရာတွင် အလွန်လျင်မြန်သည်။[၂]

မြန်မာနိုင်ငံတွင် ကင်းပုစွန် များကို ပင်လယ်ကမ်းရိုးတန်း ဒေသများတစ်လျှောက် တွေ့ရှိရပေသည်။ အထူးသဖြင့် ရခိုင်ကန်းရိုးတန်း၊ မြိတ်ကမ်းရိုးတန်းများတွင် အများအပြား ရရှိကြသည်။ မာန်အောင်ကျွန်း ပတ်ဝန်းကျင်၌ Seven Colour, Yellow Bamboo, Green လိုပေးထားတဲ့ ကင်းပုစွန် အမျိုးအစားများ ရှိသည်။ Blue နှင့် Red Spot ဆိုသော ကင်းပုစွန် အနည်းငယ်လောက် တွေ့ရှိရသည်။ ထိုကင်းပုစွန်များကို မာန်အောင်ဒေသက မဂန်းဟု ခေါ်ကြပြီး တနင်္သာရီဒေသက ပဂဲဟု ခေါ်ကြသည်။

Seven Colour ရှိသော ကင်းပုစွန်များက အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံး ဖြစ်သည်။ တစ်ကောင်ကို နှစ်ပိဿာမှ သုံးပိဿာ အထိကြီးသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ဝစ်ရှင်နရီ contributors။ ကင်းပုစွန် (in မြန်မာဘာသာ)။ ဝစ်ရှင်နရီ။ 10 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။ “အဘိဓာန်တွင် ပါရှိသော ဗမာ ဝေါဟာရပုံစံများ”
  2. လှသမိန် (ဧပြီ ၁၉၇၈)။ "ဝဘ်ဆိုက်သို့" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  3. ဓာတ်ပုံသတင်းထောက် သာဉာဏ်(ရန်ကင်း)၊ သွေးချင်းတို့ဌာနေ ရတနာမြေမှ ကိုယ်တွေ့ခရီးသွားမှတ်တမ်း(၁၅.၇.၂၀၁၀)