ကဆဂလရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ Hambantota ခရိုင်၊ Angunukolapelessa တွင်တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ Ranna – Weeraketiya လမ်းရှိ Ranna လမ်းဆုံမှ ၁၀ကီလိုမီတာခန့် (၆.၂ မိုင်)အကွာတွင် တည်ရှိသည်။ [၁]ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ထားသည်။ ထိုသို့သတ်မှတ်ခြင်းကို ၂၀၀၈ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၁၅၅၃ တွင်ကြေညာခဲ့သည်။[၂]

ကဆဂလရာဇမဟာဝိဟာရ
කසාගල රජ මහා විහාරය
The Stupa and rock inscriptions
အချက်အလက်များ
တည်နေရာAngunukolapelessa , Sri Lanka
ကိုဩဒိနိတ်06°08′10.9″N 80°48′45.0″E / 6.136361°N 80.812500°E / 6.136361; 80.812500ကိုဩဒိနိတ်: 06°08′10.9″N 80°48′45.0″E / 6.136361°N 80.812500°E / 6.136361; 80.812500
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Hambantota
စီရင်စုSouthern Province
နိုင်ငံSri Lanka
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (6 June 2008)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူKing Devanampiya Tissa

သမိုင်း ပြင်ဆင်ရန်

ကျောင်းတော်ကို အနုရာဓပူရခေတ် ဘုရင် ကာဗန်တိဿ Kavan Tissa (205–161 BC) လက်ထက်တွင် တည်ဆောက်ခဲ့သည်။ [၃][၄][၅]ဤကျောင်းတော်ရှိရာ မြေနေရာသည် ဘီစီ ၃ ရာစုတွင် ဘုရင် Devanampiya Tissa (307–267 BC) က မဟာဗောဓိပင်ပျို ၃၂ ပင်ကို စတင်စိုက်ပျိုးခဲ့သည်။[၁][၆] စာပေကျမ်းဂန်များတွင် ဖော်ပြထားသည်များအရ ဘုရင် Kavantissa (205–161 BC) သည် အဆောက်အဦများစွာကို တည်ဆောက်ခဲ့သည်။ နောက်ပိုင်းတွင် ဘုရင် Dappula I (661-664) နှင့် ဘုရင် Vijayabahu I (1055-1110 AD) သည် အဆောက်အဦများကို အသစ်ပြုပြင်ခြင်း၊ တိုးချဲ့မှုများ လုပ်ဆောင်ခဲ့ကြသည်။ ဘုရင် Kirti Sri Rajasingha (1747 – 1780 AD) လက်ထက်တွင် ရွှေရည်ချထားသည့် ဗုဒ္ဓရုပ်ပွားတော်ကို ကျောင်းတော်သို့ လှူဒါန်းခဲ့သည်။ ဗုဒ္ဓ၏ သွားဓာတ်တော်ကို အပူဇော်ခံလှည့်လည်သည့်ပွဲဖြစ်သည့် Dalada Perahera (a pageant) ကို ကျင်းပကြသည်။[၃]

အမည် ပြင်ဆင်ရန်

ရှေးအစဉ်အလာ ပြောစကားများအရ ကဆဂလ( Kasagala, အဝါရောင်ကျောက်ဆောင်) ဟု အမည်ရသည့် ရဟန်းများသည် ကျောင်းတော်တည်ရှိသည့်နေရာတွင် ရှိကြသည့် ကျောက်ဆောင်များပေါ်တွင် အဝါရောင်သင်္ကန်းများကို လှန်းကြသည်။ ထိုရဟန်းများ လှန်းကြသည့် သင်္ကန်းများသည် အဝေးမှ ကြည့်ပါက ကျောက်ဆောင်များအား အဝါရောင်ကျောက်ဆောင်များအဖြစ် မြင်နေရသည်။ ထို့ကြောင့် လူအများသည် ကျောင်းတော်ကို ကဆဂလ ဟု ခေါ်ဆိုခဲ့ကြသည်။ [၁]

အထက်ပါ ရှေးစကားအပြင် အေဒီ ၂ ရာစုက ကျောင်းတော်နှင့် ပတ်သက်သည့် ကျောက်စာတစ်ခု၌ ဤကျောင်းတော်ကို အစောပိုင်းကာလများက Kawagala Pabbatha ဟု ခေါ်ကြသည်ဟု ဖော်ပြထားသည်။[၁]

ကျောင်းတော် ပြင်ဆင်ရန်

 
Ruins at the Vihara premises

ကျောင်းတော်နယ်မြေအတွင်း၌ ရှေးဟောင်းစေတီတော်နှစ်ဆူ ရှိသည်။ ကျောက်ဆောင်တစ်ခု၏ ကုန်းပြင်မြင့်ပေါ်တွင် တည်ထားသည့် စေတီတော်ကို ဘုရင် Devanampiya tissa တိဿက တည်ခဲ့သည်ဟု ယုံကြည်ရပြီး ကျောင်းတော်အတွင်းရှိ ဘုရားစေတီများထဲတွင် ရှေးအကျဆုံး ဖြစ်သည်။ အခြားနောက်စေတီတစ်ဆူသည် အနီးအနားတွင်ပင် တည်ရှိပြီး ဘုရင် Saddha Tissa (137-119 BC) က တည်ခဲ့သသည်။ ဘုရင် Saddha Tissa သည် ဘုရင် ဒုဋ္ဌဂါမဏိ၏ အစ်ကို တော်စပ်သည်။[၆] ကျောက်ဆောင်ကုန်းပြင်မြင့်ပေါ်ရှိ ဘုရားအနီးတွင် ကျောက်စာခြောက်ခုကို မြင်တွေ့ရသည်။ ကျောက်စာများအားလုံးတွင် ဖော်ပြထားသည့်အချက်မှာ ကျွန်များကို လွတ်လပ်ခွင့်ပေးသည်ကို ဖော်ပြထားခြင်း ဖြစ်သည်။

ကျောင်းတော်ကို Kandyan ရိုးရာအစဉ်အလာများအတိုင်း ပန်းပုများ၊ ပန်းချီများဖြင့် အလှဆင်ထားသည်။ ၎င်းတို့သည် တမူထူးခြားသည့် ရေကြောင်းဆိုင်ရာ အနုပညာများကို ပြသထားသည်။[၇] ပန်းချီများတွင် တောင်ပိုင်းနှင့် ဥရောပအနုပညာနှင့် အနုပညာအသစ်များ လွှမ်းမိုးမှုရှိနေသည့် အနုပညာလက်ရာအပြောင်းအလဲများကို တွေ့ရသည်။[၃][၆]

ကဆဂလကျောက်စာများ ပြင်ဆင်ရန်

ကာလ - အေဒီ ၄ - ၅ ရာစုများ၊ အက္ခရာ - နောက်ပိုင်း ဗြဟ္မဏီ၊ ဘာသာစကား - အစောပိုင်း သီရိလင်္ကာ အကြောင်းအရာ - ကျောက်တုံး၏ မျက်နှာပြင်တွင် ရေးထွင်းထားသည့် ကျောက်စာ ရှစ်ခုရှိသည်။ ကျောက်စာအားလုံးတွင် ကျွန်များကို လွတ်လပ်မှုပေးခဲ့သည်ဟို ဖော်ပြထားသည်။ စာသားအများစုသည် ယိုယွင်းပျက်စီးနေသည်။ ထိုသို့ ပျက်စီးနေသဖြင့် ကျောက်စာတွင် ဖော်ပြထားသည့် ရည်ရွယ်ရင်းအချက်အလက်များကို တိကျရှင်းလင်းစွာ သိရှိနိုင်ရန် မဖြစ်နိုင်ပေ။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Kasagala Rajamaha Viharaya at Weeraketiya – වීරකැටිය කසාගල රජමහා විහාරය။ Amazinglanka။ 8 November 2016 တွင် ပြန်စစ်ပြီး။
  2. Gazette 1553 & 6 June 2008, p. 522.
  3. ၃.၀ ၃.၁ ၃.၂ KasagalaDepartment of Archaeology။ 9 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2016 တွင် ပြန်စစ်ပြီး။
  4. Kasagala Vihara - Ancient Temple in Sri Lanka။ megalithic.co.uk (12 September 2014)။ 8 November 2016 တွင် ပြန်စစ်ပြီး။
  5. ARCHAEOLOGICAL INFORMATION CENTRE - KASAGALA။ ceylonicatours.com။ 8 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2016 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ Historic Kasagala Rajamaha Vihara (Page 1)။ Angunakolapelessa Pradeshiya Sabha။ 8 November 2016 တွင် ပြန်စစ်ပြီး။
  7. Historic Kasagala Rajamaha Vihara (Page 2)။ Angunakolapelessa Pradeshiya Sabha။ 8 November 2016 တွင် ပြန်စစ်ပြီး။