ကတိုးနှာ သည် နှာချေစေရန် ရှူရသော ရိုးရာဆေးမှု့န့်တစ်မျိုးဖြစ်သည်။ ရှေးက အကြောတက်ဝေဒနာရှင်များ၊ ခေါင်းမူးခေါင်းကိုက် ဝေဒနာရှင်များကို နှာချေစေလျှင် သက်သာသည်ဟု ယုံကြည်ကြသည်။ အနည်းငယ်​ ရှူစေရုံမျှဖြင့် နှာခေါင်းတွင်းကြွက်သားများ လှုပ်ရှားစေပြီး နှာချေပြီးသွားပါက ဝေဒနာသက်သာသည် ဟူ၍ အိမ်တိုင်းတွင် ဆောင်ထားတတ်သော ဆေးတစ်မျိုး ဖြစ်သည်။

ပါဝင်ပစ္စည်းများမှာ ကတိုးဆီ၊ ကရမက်၊ ပရုတ်၊​ ငရုတ်ပွင့်၊ သစ်ကြမ်းပိုးခေါက်၊​ စန္ဒကူး စသည့် အမွှေးနံ့သာများ ဖြစ်သည်။ အဓိက ပါဝင်သည့်ရနံ့ ကတိုးနံ့ကို အစွဲပြု၍ ကတိုးနှာဟု ခေါ်တွင်ခဲ့ကြသည်။ ကတိုးဆီ ထုတ်ယူရသည့် ကတိုးကောင်များ မျိုးသုဉ်းရှားပါးလာသည့်နောက်တွင် ကတိုးနှာဆေး ထုတ်လုပ်ရောင်းချမှုလည်း ပျောက်ကွယ်လာသည်။​ ကတိုးရနံ့အစား ပရုတ်နံ့ပိုကဲသော တရုတ် နှင့် အနောက်တိုင်းလုပ် နှာရှူဆေးများကို အစားထိုး သုံးစွဲလာကြသည်။

ကိုးကား ပြင်ဆင်ရန်