မင်းညီမင်းသား၊ ဘုရင်နှင့် ဆွေမျိုးတော်စပ်၍ ရာထူးရထားခြင်း မဟုတ်ဘဲ ကိုယ်ပိုင်စွမ်းဆောင်ရည် သို့မဟုတ် တာဝန်ယူနိုင်မှုကြောင့် ရာထူးရာခံ ရရှိထားသူ၏ အိမ်ထောင်ဖက်ကို ခေါ်သည့်အသုံး ဖြစ်သည်။​ မြန်မာ့ရိုးရာတွင် အိမ်ထောင်ဘက် အမျိုးသမီးကို ဇနီး၊ မယား စသဖြင့် ခေါ်ဝေါ်ပြီး အရပ်မှ ကာယကံရှင်ကို အရိုအသေ ပြုသည့်သဘောဖြင့် ရာထူးရှင်တစ်ဦးဦး၏ ကတော် ဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။​ အရေးအသားအားဖြင့် "ကတော်" ဟု ရေးသော်လည်း "ဂဒေါ်" ဟု အသံထွက်သည်။​

ကတော်ကြီးများ နှင့် အမေးတော် သုံးရပ် ပြင်ဆင်ရန်

ရှေးမြန်မာဘုရင်များ လက်ထက်၌ နိုင်ငံတာဝန်ကို ထမ်းဆောင်ကြရသော ဝန်ကြီး၊ မှူးကြီးတို့၏ ကြင်သူသက်ထား ဇနီးမယားကြီးများထံမှ ကတော်ကြီး အမည်ခံခွင့်အား အမျိုးသမီး (၁၆)ဦးကိုသာ ခွင့်ပြုခေါ်ဝေါ်ခဲ့ကြသည်။ ထိုမှ ကြွင်းသော အမျိုးသမီးများအား မယားဟူ၍သာ ခေါ်ဝေါ်ကြသည်။

ကိုးကား ပြင်ဆင်ရန်