ကတ်တမ်ပိုကုန
ကတ်တမ်ပိုကုန သည် သီရိလင်္ကာနိုင်ငံရှိ အကောင်းဆုံးသော စံနမူနာပြ ရှေးဟောင်းရေချိုးကန်တစ်ခု ဖြစ်သည်။ ၎င်းကန်နှစ်ခုကို ကတ်တမ်ပိုကုန (အမြွှာကန်များ) ဟု ဆိုကြသည်။ ဤကန်တစ်စုံကို အနုရာဒပူရခေတ်ကာလက သီရိလင်္ကာတို့ တည်ဆောက်ခဲ့သည်ဟု ဆိုကြသည်။ ဤရေကန်သည် ရှေးခေတ်ကာလ သီရိလင်္ကာတို့၏ ဗိသုကာနှင့် အနုပညာဖန်တီးမှုကို နားလညတ်မှုနှင့် ရေစနစ်ဆိုင်ရာအင်ဂျင်နီယာအတတ်ပညာနယ်ပယ်တွင် အဆင့်အတန်းတစ်ခုအထိ ရောက်ရှိနေသည်ကို ဖော်ပြသည်ဟု ယူဆကြသည်။


အတိုင်းအတာများ ပြင်ဆင်
ဥယျဉ်သည် မြင်ကွင်းကျယ်အနေအထားဖြစ်ပြီး ၎င်းကို ၁၈ပေခွဲရှည်သည့် ကန်နှစ်ခုဖြင့် ကန့်သတ်ခွဲခြားထားသည်။ ကန်အကြီးသည် ၁၃၂ ပေ x ၅၁ ပေ ရှိကာ၊ ကန်အသေးသည် ၉၁ ပေ x ၅၁ ပေ ရှိသည်။ ကန်နှစ်ခု၏ အနက်မှာ ကန်အသေးသည် ၁၄ ပေ၊ ကန်အကြီးသည် ၁၈ ပေ အသီးသီး ရှိကြသည်။
တည်ဆောက်မှု ပြင်ဆင်
ကန်များ၏ မျက်နှာပြင်များသည် နှမ်းဖက်ကျောက်ပြားများဖြင့် ပြုလုပ်ထားပြီး အောက်ခြေနှင့် ဘေးဘက်များတွင်လည်း ပါဝင်သည်။ ထို့အပြင် ကန်ပတ်လည်ရှိ နေရာကိုလည်း နံရံများဖြင့် ကာရံထားသည်။ ကန်၏ ဘေးဘက်အဆုံးနှစ်ခုစလုံးတွင် ပန်ကလ၊ အိုးများနှင့် အလိမ်ပုံဒီဇိုင်းများဖြင့် အလှဆင်ထားသည့် လှေကားများကို မြင်တွေ့ရသည်။ ကန်ဘောင်များသည် ရဟန်းများ အိုးများနှင့် မီးဖိုချောင်သုံးပစ္စည်းများ အသုံးပြုကာရေးချိုးနိုင် လုပ်ဆောင်ထားသည်။ ကန်အတွင်းသို့ ရေသွင်းရာတွင် ရေမသွင်းမီ ရေကို စစ်ပြီးမှ ရေသွင်းမြောင်းမှတစ်ဆင့် သွင်းသည်။ Dr. Senarath Paranavithana သည် ဤရေကန်ကို ပြန်လည်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ထိုသို့ပြင်ဆင်စဉ်က ငါး၊ ခရု၊ ကဏန်းနှင့် ကနေသည့်အမျိုးသမီးရုပ်ပုံများကို အောက်ခြေတွင်တွေ့ရှိခဲ့ရသည်။
ပြင်ပလင့်များ ပြင်ဆင်
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် ကတ်တမ်ပိုကုန နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
- Discover Sri lanka - More information & images about Kuttam Pokuna
- This page incorporates content from Dr. Rohan Hettiarachchi's [၁] used with permission of website owner.