Mount Teide (Tenerife)သည် စပိန်နိုင်ငံတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး ဥရောပနှင့် စပိန်တွင် လည်ပတ်သူ အများဆုံးသော အမျိုးသား ဥယျာဉ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဖြစ်သည်။

ကနေရီကျွန်းစု ပြင်ဆင်ရန်

ကနေရီကျွန်းစုသည် စပိန်ပိုင်ကျွန်းစုဖြစ်၍ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း တည်ရှိသည်။ အာဖရိကတိုက် အနောက်မြောက်ကမ်းခြေမှ မိုင် ၆ဝ ခန့် ကွာဝေး၏။ ကျွန်း အားလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၈ဝ၇ ရှိ၍ အရှေ့မှ အနောက်သို့ ၂၈၈ မိုင်ခန့် ရှည်လျားသည်။ ထိုကျွန်းစု တွင် ကျွန်းငယ်ကလေးများစွာနှင့် ကျွန်းကြီး ခုနစ်ကျွန်း ပါဝင် ရာ ကျွန်းကြီးခုနစ်ကျွန်းမှာ တင်းနားရစ်၊ ဂရင်း ကနေရီ၊ ပါး လမား၊ ယားရိုး၊ ဂိုမေးရား၊ လန်သာရိုးတေးနှင့် ဖွာတေ ဗင် တူးရားတို့ ဖြစ်ကြသည်။

ကနေရီကျွန်းများ အားလုံးလိုလိုမှာပင် ကမ်းပါးစောက်များရှိ ကြ၍ ချိုင့်ဝှမ်းများဖြင့် ပြည့်နှက်နေသည်။ ကျွန်းများပေါ်တွင် အမြဲတမ်းစီးနေသည့် မြစ်ချောင်းများ မရှိချေ။ အရှေ့ဘက်တွင် ကား ရေရှားလှ၏။ ရေများသော ကျွန်းများ၌ပင် ဆည်မြောင်း များ ပြုလုပ်ပေးရသည်။

ရာသီဥတုမှာ ခြောက်သွေ့သော်လည်း မပူလွန်းသဖြင့် နေ သာထိုင်သာရှိသည်။ အနောက်ဘက်ကမ်းခြေများတွင် မိုးရေချိန် ပျမ်းမျှ ၁၆ လက်မမှ ၁၈ လက်မအထိ ရရှိ၍ ခြောက်သွေ့ သော အလယ်ပိုင်းများတွင် ၉ လက်မမှ ၁၂ လက်မခန့်အထိ ရရှိသည်။

ကျွန်းများပေါ်တွင် နေထိုင်ကျက်စားသော နို့တိုက်သတ္တဝါ များမှာ နည်းပါးလှသည်။ သို့ရာတွင် ငှက်မျိုးစုံလင်၍ စိတ်ဝင် စားဖွယ်ကောင်းသည်။ ဆည်မြောင်းမရှိသော နေရာများတွင် စိုက်ပျိုးရေး မဖွံ့ဖြိုးချေ။ အလေ့ကျပေါက်သော အပင်ငယ်မျိုး များစွာအနက် ရာခိုင်နှုန်း ၃ဝ ခန့်မှာ ကနေရီကျွန်း၌သာ ပေါက်ရောက် သော အပင်မျိုး ဖြစ်သည်။

ကနေရီကျွန်းစုသို့ ပထမဆုံးရောက်လာသော ဥရောပတိုက် သားများမှာ စပိန်လူမျိုးများဖြစ်သည်။ ထိုစဉ်က နေထိုင်လျက် ရှိသော တိုင်းရင်းသား ဂွမ်းချေး သို့မဟုတ် ဂွမ်ချိုလူမျိုးများမှာ ယခုအခါ လူမျိုးတစ်မျိုး အနေဖြင့် မရှိတော့ချေ။ ယခု နေထိုင် လျက်ရှိသော ကျွန်းသူကျွန်းသားများမှာ စပိန်လူမျိုးများ ထက် အနည်းငယ် အသားမည်းသည်မှအပ များစွာ မခြားနား လှချေ။ ယောက်ျားများ အရပ်အမောင်း အနေတော်ရှိ၍ သန်မာ တောင့် တင်းသော ကိုယ်လုံးကိုယ်ပေါက် ရှိလေသည်။ စပိန်ဘာသာ စကားကိုသာ အသုံးပြုကြသည်။

ကနေရီကျွန်းစု၏ အဓိကထွက်ကုန်မှာ ငှက်ပျောနှင့် ခရမ်း ချဉ်သီး ဖြစ်သည်။ ကြက်သွန်၊ အာလူး၊ ဆေးနှင့် ငါးလည်း အသင့်အတင့်ထွက်သည်။ ဆိပ်ကမ်းမြို့ကြီးများမှာ လာပါး လမားနှင့် ဆန်တာကရုတို့ ဖြစ်ကြလေသည်။

ကျွန်းများပေါ်တွင် လူဦးရေစုစုပေါင်း ရ၄၅ဝဝဝ (၁၉၄၆ ခုနှစ်)ခန့်ရှိ၍ ငါးဖမ်းခြင်း အသီးအနှံ စိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးကြသည်။ အုပ်ချုပ်ရေး လွယ်ကူစေရန် ကျွန်းစုတွင် မြို့တော်နှစ်မြို့ ထားရှိလေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)