ကန်ဒကဒုကုသရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာ

ကန်ဒကဒုကုသရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာ သည် သီရိလင်္ကာနိုင်ငံ၊ အနောက်မြောက်ပိုင်းစီရင်စု၊ Polonnaruwa ခရိုင်၊ ဝေလီကန်ဒမြို့တွင် တည်ရှိသည့် ပြန်လည်ထူထောင်ရေးစင်တာတစ်ခု ဖြစ်သည်။ ၎င်းကို ကန်ဒကဒုမူးယစ်ဆေးပြန်လည်ထူထောင်ရေးစင်တာဟုလည်း သိကြသည်။ လက်ရှိအချိန်တွင် တရားမျှတမှုဝန်ကြီးဌာနအောက်ရှိ ပြန်လည်ထူထောင်ရေးအရာရှိချုပ်က ထိန်းချုပ်လျက် ရှိသည်။ လက်ရှိအချိန်တွင် စင်တာ၌ ဆေးစွဲနေသူများနှင့် ကိုဗစ် ၁၉ လူနာများကို စီနာပူရပြန်လည်ထူထောင်ရေးစင်တာနှင့်အတူ ကုသမှုများ ပေးလျက်ရှိသည်။[၁]

Kandakadu Treatment and Rehabilitation Centre
ယခင်အမည်များKandakadu Drug Rehabilitation Centre
အထွေထွေ အချက်အလက်များ
အမျိုးအစားRehabilitation center
မြို့Welikanda, Polonnaruwa
နိုင်ငံSri Lanka
အခြား အချက်အလက်များ
ထောက်ပံ့သည့် အဆင်ပြေစေမှုများmedical tools, Wi-Fi communication

စင်တာသည် ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဆိုင်ရာပြန်လည်ထူထောင်ရေးစင်တာအဖြစ်သို့ ပြောင်းလဲကာ ဆေးစွဲနေသူများကို အသက်မွေးဝမ်းကြောင်း ပညာများ၊ လေ့ကျင့်ပေးမှုများနှင့် အကြံပေးမှုများ စသည်တို့ကို လုပ်ဆောင်ကာ စောင့်ရှောက်မှုများ ပေးလျက်ရှိသည်။ [၂]

၂၀၂၀ ခုနှစ် မတ်လတွင် စင်တာကို သီရိလင်္ကာအစိုးရက PCR စမ်းဆေးမှုများ လုပ်ဆောင်ရန် အဓိကကွာရန်တင်းစင်တာအဖြစ် ထားရှိခဲ့သည်။[၃] စင်တာတွင် ခရီးသွားများနှင့် နိုင်ငံရပ်ခြားမှ လာကြသည့် ခရီးသွားများကို ကိုဗစ် ၁၉ ကပ်ရောဂါနှင့် ပတ်သက်သည့် စစ်ဆေးမှုများ လုပ်ဆောင်သည်။ သီရိလင်္ကာအစိုးရသည် နိုင်ငံခြားမှ ဝင်လာသူများကို မဖြစ်မနေ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရန် လမ်းညွှန်ခဲ့သည်။ [၄]သီရိလင်္ကာစစ်တပ်သည်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ စင်တာရှိ ပစ္စည်းများကို အဆင့်မြှင့်တင်၍ လိုအပ်သည့် ဆေးဝါးဆိုင်ရာ ပစ္စည်းများ၊ ဝိုင်ဖိုင်ဆက်သွယ်ရေးပစ္စည်းများ၊ သာမိုမီတာများ၊ သန့်ရှင်းရေးနှင့် လူနာများအတွက် ဖျော်ဖြေမှုဆိုင်ရာများ စသည်တို့ကို ပြုလုပ်ပေးခဲ့သည်။ [၅]

၂၀၂၀ ခုနှစ် ဇူလိုင်လတွင် စင်တာ၌ ဇူလိုင်လ၌ပင် ကိုဗစ်ကူးစက်လူနာ ၃၀၀ ကျော်တွေ့ရှိခဲ့ပြီး သီရိလင်္ကာနိုင်ငံ၏ ကိုဗစ်ကပ်ရောဂါအဓိကတွေ့ရှိရာနေရာသစ်တစ်ခု ဖြစ်ခဲ့သည်။[၆] ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် သီရိလင်္ကာစစ်တပ်သည် ကိုဗစ်စင်တာကို ကိုဗစ်ဆေးရုံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၎င်းသည် ကန်ဒကဒုပြန်လည်ထူထောင်ရေးစင်တာ၏ ဘေးနားတွင် တည်ရှိသည်။[၇]

ကိုဗစ်ဖြစ်ပွားမှုများ ပြင်ဆင်ရန်

ဇူလိုင်လ ၇ ရက်နေ့တွင် ဝေလီကဒအကျဉ်းထောင်မှ ကိုဗစ်ကူးစက်မှုအသစ်များ တွေ့ရှိခဲ့ရသည်။ စင်တာတွင် နေထိုင်သူတစ်ဦးသည် အရှေ့ကန်ဒကဒုရှိ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာမှ မူးယစ်ဆေးဝါးစွဲခြင်းနှင့် ထိန်းချုပ်ရေးပစ္စည်းများဖြင့် အကျဉ်းထောင်သို့ ဇွန်လ ၂၇ ရက်နေ့တွင် ပြောင်းရွှေ့လာခဲ့သည်။ [၈][၉][၁၀]၂၀၂၀ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် စင်တာရှိ နေထိုင်သူ ၂၅၃ ဦးသည် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသည်ဟု တွေ့ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် ၂၈၃ ဦး တွေ့ရှိခဲ့ပြန်သည်။ [၁၁][၁၂]စင်တာသည် နိုင်ငံ၏ ကိုဗစ်လူနာထွက်ပေါ်ရာ အဓိကနေရာသစ်တစ်ခု ဖြစ်လာခဲ့သည်။[၁၃][၁၄][၁၅]

ကိုးကား ပြင်ဆင်ရန်

  1. Nathaniel၊ Camelia။ Kicking the deadly drug habit (in en)။ 2020-08-05 တွင် ပြန်စစ်ပြီး။
  2. dec_detail။ 2020-07-12 တွင် ပြန်စစ်ပြီး။
  3. Sri Lanka : Two quarantine centers in the East for visitors to Sri Lanka from COVID-19 hot spots။ 2020-07-12 တွင် ပြန်စစ်ပြီး။
  4. Francisco၊ Dinuli။ Mandatory quarantine process starts today (in en)။ 2020-07-12 တွင် ပြန်စစ်ပြီး။
  5. Sri Lanka : Sri Lanka security forces prepare quarantine facilities for expatriates and foreigners။ 2020-07-12 တွင် ပြန်စစ်ပြီး။
  6. Coronavirus cases in Kandakadu on the rise (in en) (2020-07-11)။ 18 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 May 2021 တွင် ပြန်စစ်ပြီး။
  7. Nathaniel၊ Camelia။ Kandakadu Centre to become COVID hospital (in en)။ 2020-07-12 တွင် ပြန်စစ်ပြီး။
  8. How a Prison inmate became infected with COVID 19 is still a mystery – officials (2020-07-08)။ 2020-07-12 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  9. Another Welikada Prison inmate tests positive for Covid-19 (in English)။ 2020-07-12 တွင် ပြန်စစ်ပြီး။
  10. Welikada Inmate tests positive for COVID-19 (in English)။ 2020-07-12 တွင် ပြန်စစ်ပြီး။
  11. COVID-19 daily report on 9 July 2020 (in English)။ 17 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-12 တွင် ပြန်စစ်ပြီး။
  12. 56 inmates & counsellor at Kandakadu Rehab Centre tested positive for COVID-19 (in English)။ 2020-07-12 တွင် ပြန်စစ်ပြီး။
  13. Steps taken to prevent spread of COVID-19 to communities; Army Commander (in English)။ 2020-07-12 တွင် ပြန်စစ်ပြီး။
  14. Sri Lanka finds 300 Coronavirus cases as Kandakadu cluster expands, over 1000 to be tested (in English)။ 2020-07-12 တွင် ပြန်စစ်ပြီး။
  15. Sri Lanka may find more COVID 19 cases at virus struck rehabilitation centre – Army Chief (in English)။ 2020-07-12 တွင် ပြန်စစ်ပြီး။