ကန်နီဟို

ဟောင်ကောင် သရုပ်ဆောင်နှင့် အဆိုတော်
ဗြိတိန် စတိုင်လစ်နှင့် ဝတ်စုံဒီဇိုင်းနာ အတွက် ကန်နီဟို(စတိုင်လစ်) ကို ကြည့်ပါ။

တမ်းပလိတ်:Family name hatnote တမ်းပလိတ်:BLP sources

ကန်နီဟို
ဇာတိ အမည်何家勁
မွေးဖွား (1959-12-29) ၂၉ ဒီဇင်ဘာ၊ ၁၉၅၉ (အသက် ၆၄)
ဟောင်ကောင်
အခြား အမည်များကျန်ကျောင်း၊ ကျန်သူရဲကောင်း
မိခင်ကျောင်းMoral Training English College
ပေကျင်းတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်၊ လုပ်ငန်းရှင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၁–၂၀၁၃ (သရုပ်ဆောင်နှင့် အဆိုတော်ဘဝ)
၂၀၁၃–လက်ရှိ (လုပ်ငန်းရှင်ဘဝ)
ကျော်ကြားမှုအရင်းခံပေါင်ချိန်ဇာတ်လမ်းတွဲ
လက်တွဲဖော်(များ)မေချင်း (၁၉၈၉-၁၉၉၃)
အနီတာ လီ (၁၉၉၈-၂၀၀၁)
ဂီတခရီးလမ်း
ဂီတဟန်ကန်တုံပေါ့ပ်, မန်ဒိုပေါ့ပ်
တေးသံသွင်း ကုမ္ပဏီSony Music (၁၉၈၂-၁၉၈၇)
PolyGram (၁၉၈၈-၁၉၉၄)
တရုတ်အမည်
ရိုးရာ တရုတ်何家勁
ရိုးရှင်းသော တရုတ်何家劲

ကန်နီးဟို (ခ) ဟယ်ကျားကျင့် (၂၉ ဒီဇင်ဘာ ၁၉၅၉ ဖွား) သည် ဟောင်ကောင် သရုပ်ဆောင်နှင့် ကန်တုံပေါ့ပ်/မန်ဒိုပေါ့ပ် အဆိုတော် ဖြစ်သည်။ ၁၉၉၃ မှ ၂၀၁၂ ထိ ထုတ်လွှင့်ခဲ့သည့် ထိုင်ဝမ်နှင့် ပြည်မ တရုတ်ဇာတ်လမ်းတွဲ ဖြစ်သော ပေါင်ချိန် တွင် ကျန်ကျောင်း ဇာတ်ကောင်ဖြင့် လူကြိုက်များခဲ့ပြီး၊ မာစတာ မာနှင့် သူရဲကောင်းကြီး ဇာတ်ရုပ်ဖြင့်လည်း လူသိများခဲ့သည်။ လက်ရှိတွင် ဟိုသည် လုပ်ငန်းရှင် တဦး ဖြစ်သည်။[၁]

ကနဦးဘဝ ပြင်ဆင်ရန်

ဟိုကို ၂၉ ဒီဇင်ဘာ ၁၉၅၉ ခုနှစ်က ဗြိတိသျှဟောင်ကောင်တွင် မွေးသည်။ ကွမ်တုံးပြည်နယ်၊ အိန်းဖင် (广东恩平) ဇာတိ ဖြစ်သည်။ အစ်ကိုတယောက်၊ အစ်မတယောက် ရှိသည်။ မိဘများမှာ ဟိုငယ်စဉ်ကတည်းက ကွာရှင်းထားရာ အဘွားကို အလွန် တွယ်တာသည်။ တက္ကသိုလ်တက်စဉ် ဘောလုံးသမား ဖြစ်ချင်သော်လည်း အရည်အချင်း မမီခဲ့ချေ။ အလယ်တန်းကျောင်း တက်နေစဉ် အဘွား ဆုံးရာမှ ရည်မှန်းချက် ပြောင်းလဲသွားပြီး၊ ဖခင်က လေယာဉ်လက်မှတ် ပို့ပေးသဖြင့် အင်္ဂလန်တွင် ကြော်ညာဒီဇိုင်း သွားရောက်လေ့လာသည်။ ယောက်ဖလောင်းနှင့် အင်္ဂလန်တွင် တွေ့သည်။ ပညာသင်ကြားလေ့လာနေစဉ် အင်္ဂလန်ဝန်ကြီးချုပ် မာဂရက် သက်ချာက ပညာတော်သင်ကျောင်းသားများ၏ ပညာသင်စရိတ်ကို တိုးမြှင့်လိုက်ရာ၊ ကုန်ကျစရိတ် ကြီးမြင့်လာသော အခြေအနေမှန်ကို မလွဲသာ လက်ခံရကာ စွန့်လွှတ်လိုက်ပြီး၊ ပြန်လာသည်နှင့် အလယ်တန်း ကျောင်းနေဖက် တဦးဖြစ်သော ချိန်ကျိဆွင့်နှင့်အတူ သရုပ်ဆောင်သင်တန်းတက်ရန် စာရင်းသွင်းလိုက်ရာမှ မရွယ်ဘဲ စောကဲမင်းဖြစ်သကဲ့သို့ သရုပ်ဆောင် တဦး ဖြစ်လာသည်။ ရှောဘရားသားကို မဝင်ရောက်မီ၊ ပေကျင်းတက္ကသိုလ်တွင် သရုပ်ဆောင်ပညာကို လေ့လာခဲ့သည်။ ကန်တုံဒေသိယစကား၊ အင်္ဂလိပ်နှင့် မန်ဒရင်ဘာသာစကားတို့ကို ပြောတတ်သည်။

သက်မွေး ပြင်ဆင်ရန်

ဟိုသည် ၁၉၈၂ တွင် အေရှားတယ်လီဗေးရှင်း (ATV) ၏ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စာရင်းသွင်းခဲ့ပြီး နောက်တနှစ်တွင် ကုမ္ပဏီနှင့် စာချုပ် ချုပ်ပြီးကာ ATV သရုပ်ဆောင် တဦး တရားဝင် ဖြစ်လာသည်။ ATV မှ ရိုက်ကူး ထုတ်လွှင့်သော ဒရာမာများစွာတွင် ပါဝင် သရုပ်ဆောင်ရာ၊ ယင်းတို့အနက် သွေးဓား (၁၉၉၀-၁၉၉၁) မှာ အလွန်ထင်ရှားသည်။

၁၉၈၈ တွင်၊ သူ၏ အနုပညာအလုပ်ကို ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီး သမိုင်းဝင် စစ်သူကြီး ယွဲ့ဖေး (岳飞) အဖြစ် သရုပ်ဆောင်ရသည့် သူ၏ ပထမဆုံးသော ထိုင်ဝမ်ဇာတ်လမ်းတွဲ ဖြစ်သော တိမ်နှင့် လရဲ့ လီရှစ်ထောင် (八千里路云和月) တွင် ပါဝင်သည်။ ၎င်းမှာ ချက်ချင်းပေါက်သွားကာ ဟို့နာမည်သည် ရေပန်းအလွန်စားသွားသည်။ တရုတ်တယ်လီဗေးရှင်းအဖွဲ့အစည်း CTS က ထုတ်လုပ်သည့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရာ၊ မေချင်းနှင့် တွဲဖက်၍ အဆုံးမဲ့အချစ် (不了情)၊ လောကီအချစ် (红尘有爱)၊ လုလင်ကျန်းစန်းဖုန်း (少年张三丰) နှင့် စာအုပ်နှင့်ဓား တို့လည်း ပါဝင်သည်။ ၁၉၉၃ ထိုင်ဝမ် ရုပ်သံ ပေါင်ချိန် (包青天) တွင် ကျန်ကျောင်း (展昭) အဖြစ် သူ၏ ဇာတ်ရုပ်ကြောင့်လည်း အာရှအသိုင်းအဝိုင်းတွင် အကြီးအကျယ် နာမည်ကျော်လာသည်။ ၁၉၉၄ တွင် ထပ်မံ ရိုက်ကူးသော ပေါင်ချိန် (包青天之滴血红梅) တွင်လည်း ကျန်ကျောင်းအဖြစ် ပါဝင်သရုပ်ဆောင်သည်။

ဟိုသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဟိုသည် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရာ၊ ယင်းတို့တွင် အင်ဒီလုနှင့် တွဲဖက်၍ ထောင်ထဲကနဂါး (狱中龙)၊ မိသားစုကိစ္စ (清官难宪)၊ ဇုံနီ (爆炸令) နှင့် ဝံပုလွေနီ (虎猛威龙)တို့ ပါဝင်သည်။ ၁၉၉၇ တွင် ထိုင်ဝမ်ဒရာမာ ဖြစ်သော ဘော်ဒီဂတ်ဇာတ်လမ်းတွဲ ဖြစ်သော ကျောက်စိမ်းအရုပ်များ (保镖之翡翠娃娃)၊ လျှို့ဝှက်စာသလင်းကျောက် (保镖之情人保镖) နှင့် နတ်မိမယ်အလား (保镖之天之娇女) တို့တွင် သရုပ်ဆောင်သည်။

၂၀၀၉ တွင် ပြည်မတရုတ်ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သော ပေါင်ချိန်တွင် သရုပ်ဆောင်သည်။[၂] ၎င်းနှစ်မှာပင်၊ ဟောင်ကောင် စိတ်ကူးယဉ်သိုင်းရုပ်ရှင် မုန်တိုင်းစစ်သည်တော်များ (风云II) တွင် ဝူမင် (အမည်မဲ့) အဖြစ် ပါဝင်သရုပ်ဆောင်သည်။

၂၀၁၀ တွင် စင်ကာပူမင်းသမီး ကျိန့်ဟွေ့ယွိ (郑惠玉) နှင့် အချစ်ရှရာ (割爱) ရုပ်ရှင်တွင် ပါဝင်သည်။[၃] လာဘ်နတ်တည်းခိုခန်း (财神客栈) တွင် ရှဲ့ထင်ဖုန်း (谢霆锋)၊ ချိုက်ကျောယင် (蔡卓妍)၊ ကျန်းကျားဟွေး (张家辉) တို့နှင့် တွဲဖက် ပါဝင်ထားသည်။

နောက်ဆုံး ဟို စီးပွားရေးနယ်ပယ်ထဲ ဝင်ရောက်သွားပြီး၊ ၂၀၁၄ တွင် သူက ကျင့်ကျားကျွမ့် (劲家庄) ခေါ်တွင်သည့် ကျန်းမာရေး စားသောက်ကုမ္ပဏီ ဖွင့်လိုက်သော နေရာ ဟွေ့ကျိုး၏ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံရသည်။ ကျင့်ကျားမှာ သူ့နာမည်ကိုပဲ ပြန်ယူထားသည်။ လူများ ကျန်းမာရေးနှင့် အညီ စားသောက်နေထိုင်ရန် သူ နှိုးဆော်သည်။ စီးပွားရေး လုံးပန်းနေရသည့်အတွက်၊ ပေါင်ချိန်ကား ရိုက်သည်နှင့် တရုတ်ပြည်ရှိ ရှိုးပွဲများတွင် ရံခါ ဖျော်ဖြေသည်မှ လွဲ၍၊ သရုပ်ဆောင်နှင့် သီချင်းဆိုခြင်း အတော်များများကို ဆိုင်းငံ့လိုက်သည်။[၄] ထိုအချိန်ကတည်းက သရုပ်ဆောင်နှင့် သီဆိုခြင်းမှ ဟို ဝေးကွာသွားသည်။

ပုဂ္ဂိုလ်ရေး ပြင်ဆင်ရန်

ဟိုသည် ထိုင်ဝမ်မင်းသမီးဟောင်း မေချင်းနှင့် မေတ္တာမျှခဲ့ကြသည်။ ၁၉၈၉ ခုနှစ်ရိုက် ထိုင်ဝမ်ဒရာမာ အဆုံးမဲ့အချစ် ရိုက်ကွင်းတွင် ပထမဆုံး ဆုံတွေ့ကြသည်။ ၁၉၉၀ အစောပိုင်းတွင် စတင်တွဲပြီး ၁၉၉၃ တွင် ကွဲကွာပြီးနောက် မိတ်ဆွေကောင်းများ ဖြစ်လျက် ရှိသည်။ အသက် ၆၀ ရောက်သည်အထိ တကိုယ်တည်း ဖြစ်နေကြပါက လက်ကျန်သက်တမ်းကို အချိန် အတူကုန်ဆုံးရန် သဘောတူညီထားခဲ့ကြသည်။[၅]

အနီတာ လီနှင့်လည်း မေတ္တာရှိခဲ့သည်။ ၁၉၉၈ တွင် ရုပ်ရှင်ရိုက်ရင်း ထိုင်ဝမ်တွင် ယင်းတို့ ဆုံကြသည်။ ၄ နှစ်အကြာ ၂၀၀၁ တွင် ကွဲကွာကြသည်။

ဟိုသည် လက်ရှိချိန်ထိ တမ်းပလိတ်:When တကိုယ်တည်းသမား ဖြစ်နေသေးကာ၊ သားသမီး မရှိချေ။[၆]

ရုပ်ရှင်ရုပ်သံ ပြင်ဆင်ရန်

ရုပ်ရှင် ပြင်ဆင်ရန်

ခုနှစ် ခေါင်းစဉ် ဇာတ်ရုပ် မှတ်ချက်
၁၉၈၄ Long Road to Gallantry (游俠情) 杜孟飛
၁၉၈၄ The Occupant (靈氣逼人)
၁၉၈၅ Twinkle, Twinkle Lucky Stars (夏日福星) ဧည့်သည်
၁၉၈၆ ချိုမြိန်သော ဆယ့်ခြောက်နှစ် (甜蜜十六歲)
၁၉၈၇ အရှေ့ပိုင်း လင်းတ (東方禿鷹)
၁၉၈၇ ဆွဲအားပြင်းသော ထိုည (良青花奔月)
၁၉၈၇ Project A 2 (A計劃續集)
၁၉၈၈ ရဲဇာတ်လမ်း ၂ (警察故事續集) PC-12674
၁၉၉၀ Spooky Family II: Ghost Legend (麻衣傳奇) Shi Wu/ Day Fifteen/十五
၁၉၉၀ Whampoa Blues (壯志豪情) ချိန်ကောကျင့်程國勁
၁၉၉၀ ထောင်ထဲကနဂါး (獄中龍) Wayne
၁၉၉၄ အိမ်တွင်းရေး (清官難審) တာ့ပိ大畢
၁၉၉၅ ဝံပုလွေနီ (虎猛威龍) အားလုံ阿龍
၁၉၉၅ ဇုံနီ (爆炸令)
၁၉၉၅ No Justice for All (真相)
၂၀၀၁ သွေးသစ္စာ (血戰)
၂၀၀၅ ဝံပုလွေများ တိုက်ခိုက်ခြင်း (狼襲草原) 陶克
၂၀၀၉ မုန်တိုင်းစစ်သည်တော်များ (風雲II) Nameless
၂၀၁၀ အချစ်ရှရာ (割愛)
၂၀၁၁ လာဘ်နတ်တည်းခိုခန်း (財神客棧) Captain Iron

ရုပ်သံ ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး ဇာတ်ရုပ် မှတ်ချက်
၁၉၈၅ သမိုင်းတင် ဝန်ချုပ်ကြီး - ကျူးကယ်လျန့် (諸葛亮) Lau Kei
၁၉၈၈ တိမ်နဲ့ လရဲ့ လီရှစ်ထောင် (八千里路雲和月) ယွဲ့ဖေး
၁၉၈၉ အဆုံးမဲ့အချစ် (不了情) Gao Ting-Jiang
၁၉၈၉ လင်ကြွယ်မင် (林覺民) လင်ကြွယ်မင်
၁၉၈၉ လောကီအချစ် (紅塵有愛) Ho Jeng-Fei
၁၉၉၀ သွေးဓား (中華英雄) Wah Ying-hung
၁၉၉၁ သွေးဓား ၂ (中華英雄之中華傲訣) Wah Ying-hung
၁၉၉၁ လုလင်ကျန်းစန်းဖုန်း (少年張三豐) ကျန်းစန်းဖုန်း
၁၉၉၂ ရေစက် (緣) Hu Ji-Rong
၁၉၉၂ စာအုပ်နှင့် ဓား (書劍恩仇錄) Chen Jialuo
၁၉၉၃ ပေါင်ချိန် (包青天) ကျန်ကျောင်း
၁၉၉၇ ဘော်ဒီဂတ် ၁ (保鏢之翡翠娃娃) Guo Xu
၁၉၉၈ ဘော်ဒီဂတ် ၂ (保鏢之情人保鏢) Guo Xu
၁၉၉၈ ဘော်ဒီဂတ် ၃ (保鏢之天之驕女) Guo Xu
၁၉၉၈ သူတောင်းစားဘုရင် ကျူးယွမ်ကျန်း (乞丐皇帝朱元璋) ကျူးယွမ်ကျန်း
၁၉၉၉ တောရိုင်းကြောင် ၂ (肥貓正傳II) Anson
၂၀၀၀ သူရဲကောင်းကြီး ကျိန့်ချိန်ကုန်း (大英雄鄭成功) ကျိန့်ချိန်ကုန်း
၂၀၀၀ မာစတာ မာ ၁ (馬永貞之爭霸上海灘) မာယုံကျိန်း
၂၀၀၁ မာစတာ မာ ၂ (馬永貞之英雄血) မာယုံကျိန်း
၂၀၀၅ Vagabond Vigilante (游劍江湖) Miao Chang Feng
၂၀၀၈ ပေါင်ချိန် ၂ (包青天) ကျန်ကျောင်း
၂၀၀၉ သွေးအလူးလူး (滚滚血脉) လျိုဝိန်အန်း
၂၀၁၀-၂၀၁၂ ပေါင်ချိန် ၃ (包青天之七俠五義) ကျန်ကျောင်း

ကိုးကား ပြင်ဆင်ရန်

  1. Ziyi၊ Toh (November 27, 2020)။ Justice Bao Actor Kenny Ho Reportedly Worth S$17.6Mil; Still Packs Bread For Customers At His Bakery။ October 30, 2021 တွင် ပြန်စစ်ပြီး။
  2. "包青天"16年后重出江湖 铁三角带来新惊喜_影音娱乐_新浪网
  3. http://entertainment.xin.msn.com/en/celebrity/buzz/asia/article.aspx?cp-documentid=3950905[လင့်ခ်သေ]
  4. Kenny Ho Steps Into The Business World (January 24, 2014)။ October 30, 2021 တွင် ပြန်စစ်ပြီး။
  5. 時事話題 | 聯合新聞網
  6. 痴情何家勁:此生最愛一人,62歲仍未婚單身 (September 15, 2021)။ October 30, 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့် ပြင်ဆင်ရန်