ကန်သာယာဆေးရုံ သည် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ နှလုံးနှင့်ကျောက်ကပ်အထူးကုဆေးရုံဖြစ်သည်။

တည်ဆောက်ဖြစ်ပုံ ပြင်ဆင်ရန်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အမှတ် ၈၇ နေရာ၌ ၂၀၁၅ ခု၊ မေလတွင် စတင်ဆောက်လုပ်ပြီး ၈ ထပ်ခွဲ အဆောက်အဦဖြစ်သည်။ အဆောက်အဦနှင့် စက်ပစ္စည်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၇၀၀ အကြားရှိမည်ဟု ခန့်မှန်းကြသည်။ [၁]

၂၀၁၇ ဒီဇင်ဘာ ၂၆ ရက်၌ ဆေးရုံဖွင့်ပွဲပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်သည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ ငွေလုံးငွေရင်းစိုက်ထည့်မှု ပါဝင်သဖြင့် တက်ခြင်းတည်း။ ၎င်းကော်ပိုရေးရှင်းမှ အခြားတာဝန်ရှိသူများလည်း တက်သည်။ [၂][၃]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကန်သာယာဆေးရုံ၏ တရားဝင်ဝက်ဘဆိုက် Archived 21 January 2021 at the Wayback Machine.

ကိုးကား ပြင်ဆင်ရန်

  1. Kan Thar Yar International Specialist Hospital
  2. "တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Kan Thar Yar International Specialist Hospital ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်" (၂၀၁၇ ဒီဇင်ဘာ ၂၆)
  3. "ဦးပိုင်နဲ့ MEC တို့ ဘယ်လို စီးပွားရေးတွေ လုပ်နေလဲ" (၂၀၁၉ ဩဂုတ် ၇)