ကန် လေကြောင်းလိုင်း
ကန်မီတီ လေကြောင်း ကုမ္ပဏီ လီမိတက် သည် ကန် လေကြောင်းလိုင်း အမည်ဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင် လေဆိပ် ကို အခြေစိုက်၍ ထိုင်းနိုင်ငံ ပြည်တွင်းကို ပျံသန်းနေသည့် လေကြောင်းလိုင်း ဖြစ်သည်။ စက်တင်ဘာလ ၂၀၁၆ အထိ ခရီးစဉ် ၉ ခု အထိ ပျံသန်းပြေးဆွဲလျက် ရှိသည်။[၁]
သမိုင်း
ပြင်ဆင်ရန်ကန် လေကြောင်းလိုင်းကို ကန်နီတီ လေကြောင်းကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ကနဦး မတည်ရင်းနှီးငွေမှာ ထိုင်းဘတ်ငွေ သန်း ၂၀၀ ဖြစ်သည်။ လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ ပြည်တွင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိသည်။
ပျံသန်းရာမြို့များ
ပြင်ဆင်ရန်ကန်လေကြောင်းလိုင်းသည် ယခုအခါ ပုံမှန်ခရီးစဉ်များအပြင် စင်းလုံးငှား လေယာဉ်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
- ဘန်ကောက် – ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်
- ချင်းမိုင် – ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (အခြေစိုက် လေဆိပ်)
- ချင်းရိုင် – ချင်းရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
- ဟွာဟင် - ဟွာဟင် လေဆိပ်
- ခွန်ခအမ် - ခွန်ခအမ် လေဆိပ်
- မယ်ဟုန်ဆန် - မယ်ဟုန်ဆန် လေဆိပ် Mae Hong Son Airport
- နန် - နန် လေဆိပ်
- ပိုင် - ပိုင် လေဆိပ်
- ပစ်ဆန်လွတ် - ပစ်ဆန်လွတ် လေဆိပ်
- ဦဘွန် ရက်ချထနီ - ဦဘွန် ရက်ချထနီ လေဆိပ်
- မဲဆောက် - မဲဆောက် လေဆိပ်
- ပတ္တရား - ဦးသဖောင် အပြည်ပြည်ဆိုင်ရာ လေဆိပ် [၂]
လေယာဉ်များ
ပြင်ဆင်ရန်၂၀၁၆ ခုနှစ် စက်တင်ဘာလ စာရင်းများအရ ကန်လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေယာဉ်များ ပိုင်ဆိုင်သည်။
အမျိုးအစား | စုစုပေါင်း | ထိုင်ခုံ | မှတ်ချက် |
---|---|---|---|
ATR 72-500 | ၁ |
၆၆ | |
Cessna 208B Grand Caravan[၃] | ၁ |
၁၂ | |
Beechcraft Premier I[၃] | ၁ |
၆ |
References
ပြင်ဆင်ရန်- ↑ "Flight Schedules 27 Mar-29 Oct 2016" Archived 19 October 2016 at the Wayback Machine. (PDF).
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2016 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ "Our Fleet" Archived 6 February 2015 at the Wayback Machine..