[၁] ဤသုတ်သည် ပါဠိတော်၌ ဓမ္မစရိယသုတ်ဟုလည်းကောင်း, အဋ္ဌကထာ၌ ကပိလသုတ်ဟုလည်းကောင်း ခေါ်ဝေါ်ပါသည်။ ဤသုတ်ကို ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ကပိလငါးနှင့်အတူ စည်းဝေးရောက်လာကြသော ကောသလမင်းနှင့် လူအပေါင်းအား ကပိလငါးကို အကြောင်းပြု၍ ဟောကြားတော် မူပါသည်။ ဤသုတ်၌ မြတ်သောဥစ္စာရတနာ၊ ယုတ်ညံ့စွာအသက်ရှင်နေသော ရဟန်း၊ ဘုရားရှင် ဟောကြားတော်မူသည့်တရားတော်ကို မသိနိုင်သောရဟန်း၊ တမလွန်ဘဝ၌ ဆင်းရဲသို့ရောက်မည့် ရဟန်း၊ ဆေးကြော၍ မစင်ကြယ်စေနိုင်သော အကုသိုလ်မစင်ဖြင့် ပြည့်သောရဟန်း၊ ယုတ်ညံ့သောရဟန်းတို့ကို သံဃာညီညွတ်မှုကိုရယူလျက် အမှိုက်, ယောက်သွားပုပ်တို့ကဲ့သို့ သံဃာ့ဘောင်မှ နှင်ထုတ်ကြကုန်လျက် ဆင်းရဲကုန်ဆုံး အောင် အားထုတ်ကြကုန်လော့-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ကပိလရဟန်းအကြောင်းနှင့် မှတ်သားဖွယ်ဖွင့်ဆိုချက်များကို လေ့လာနိုင်ပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၃၂၁-၂။ သုတ္တနိ၊မြန်၊၃၀၃-၄။ သုတ္တနိ၊ဋ္ဌ၊၂၊၄၂-၈။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၂-စူဠဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ