အရှင်ကပ္ပရုက္ခိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရား၏ ပုထိုးစေတီရှေ့တွင် ဆန်းကြယ်သည့် ပုဆိုးတို့ကို ချိတ်ဆွဲကာ အရှင်ကပ္ပရုက္ခိယထေရ်သည် ပဒေသာပင်ကို လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ လှူဒါန်းခဲ့ရသည့် ဖြစ်သောဘဝတိုင်းတွင် ပဒေသာပင်တို့သည် အရှင်ကပ္ပရုက္ခိယထေရ်၏ အိမ်တံခါးတွင် တင့်တယ်လျက် ရှိ၏။ ထို့ပြင် ပရိသတ်အားလုံးတို့သည် ထိုပဒေသာပင်မှ ပုဆိုးကို ဝတ်ဆင်ရ၏။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ကမ္ဘာထက်တွင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသည့် သုစေဠ အမည်ရှိသည့် စကြဝတေးမင်း ရှစ်ကြိမ်တိုင် ဖြစ်ခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် ပဒေသာပင် အလှူပြုခဲ့သည့်အချိန်မှစကာ အရှင်ကပ္ပရုက္ခိယထေရ် သည် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ကပ္ပရုက္ခိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်