(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “အဘယ်ကဲ့သို့မြင်လျှင် ဤသဝိညာဏကကာယ, ဗဟိဒ္ဓသဗ္ဗနိမိတ္တတို့၌ “ငါ”ဟု စွဲယူမှု “ဒိဋ္ဌိ”၊ ငါ့ဥစ္စာ-ဟု တပ်မက်မှု “တဏှာ၊ ထောင်လွှားမှု “မာနာနုသယတို့ မဖြစ်ပါကုန်သနည်း-ဟု အရှင်ကပ္ပ၏ မေးလျှောက်မှုကို အကြောင်းပြု၍ အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း ဘုရားရှင် ဟောကြားတော်မူသည်၊ ဤသို့ သိမြင်လျှင် ဤသဝိညာဏကကာယ, ဗဟိဒ္ဓနိမိတ္တတို့၌ အဟင်္ကာရ, မမင်္ကာရ, မာနာနုသယတို့ မဖြစ်ဟု ဟောတော်မူသည့်သုတ်။


[၂] ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသော ဘုရားရှင်အား “အဘယ်သို့ သိမြင်လျှင် ဤသဝိညာဏကကာယ, ဗဟိဒ္ဓ သဗ္ဗနိမိတ္တတို့၌ အဟင်္ကာရ, မမင်္ကာရ မာနာနုသယတို့ကင်း၍ မာန်အဖို့အစုကို လွန်မြောက်သော ငြိမ်သက်သော ကိလေသာမှလွတ်မြောက်သော စိတ်ဖြစ်ပါသနည်း-ဟု မေးလျှောက်သော အရှင်ကပ္ပထေရ်အား ဘုရားရှင်က အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း ဟောကြားတော်မူပါသည်၊ ဤသို့သိမြင်လျှင် အဟင်္ကာရ-စသည်ကင်း၍ ကိလေသာမှလွတ်မြောက်သော စိတ်ဖြစ်၏-ဟု ဟောတော်မူသည့်သုတ်။


[၃] အသင်္ချေယျကပ် လေးမျိုးကို အကျယ်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-သံဝဋသုံးမျိုးနှင့် သံဝဋသီမာသုံးမျိုးတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌-သံဝဋ္ဋကပ် အစရှိသောပုဒ်အဖွင့်များနှင့် ဗုဒ္ဓခေတ်အကြောင်း ဖွင့်ပြချက်များ ပါရှိပါသည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၁၃၈။ သံ၊မြန်၊၂၊၁၂၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၂)၂-ဓမ္မကထိကဝဂ္ဂ၊ ဒွါဒသမသုတ်။
  2. -သံ၊၂၊၁၃၉။ သံ၊မြန်၊၂၊၁၃၀။ -သံယုတ္တနိကာယ၊ ... တေရသမသုတ်။
  3. -အံ၊၁၊၄၆၀။ အံ၊မြန်၊၁၊၄၇၃။ အံ၊ဋ္ဌ၊၂၊၃၄၀။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၆)၁-ဣန္ဒြိယဝဂ္ဂ၊ ဆဋ္ဌသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ