ကဗျာလွတ်အကသည် ဒေါ်ဩဘာသောင်း တီထွင် ဆန်းသစ်ခဲ့သော ကကွက်များဖြစ်သည်။ ကဗျာလွတ်အကတွင် ကကွက်ပေါင်း ၁၂၅ ကွက်ရှိသည်။ အခြေခံကကွက်များမှစပြီး ခက်ခဲနက်နဲသောအပိုင်းအထိ အဆင့် ၅ ဆင့်ခွဲထားသည်။ အဆင့်တစ်ဆင့်တွင် ကကွက် ၂၅ ကွက်စီရှိသည်။

ကဗျာလွတ် အကကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့ပါက မြန်မာ့ကကြိုးများ ပါဝင်သော မည်သည့် ကကြိုးကကွက်များကိုမဆို အလွယ်တကူ ဝင်ရောက်ကပြနိုင်သည်။