ကမ္ဘာ့ဆင်နေ့

ဩ ၁၂ ကမ္ဘာ့အထိမ်းအမှတ်နေ့

ကမ္ဘာ့ဆင်နေ့ ကို ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန်ဟူ၍ ဩဂုတ် ၁၂ တွင် နိုင်ငံတကာက နှစ်စဉ် ဆင်နွှဲသည်။ ၂၀၁၁ တွင် ကနက်ဝစ် ရုပ်ရှင်ကုမ္ပဏီမှ ကနေဒါလူမျိုး ရုပ်ရှင်ထုတ်လုပ်သူများ ဖြစ်သော ပတ်ထရစ်ရှာ ဆင်းမ်နှင့် မိုက်ကယ် ကလာ့ခ်၊ ထိုင်း ဆင်ပြန်ထွန်းကားရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူးချုပ် စီဗာပွန်း ဒဒြနန္ဒတို့၏ စည်းရုံးမှုဖြင့် ၂၀၁၂ ဩဂုတ် ၁၂ ဝယ် တရားဝင် စတင်လုပ်ဆောင် ကျင်းပလေသည်။[၁] ယင်းမှစ၍ ကမ္ဘာ့ဆင်နေ့ကို ပတ်ထရစ်ရှာ ဆင်းမ်က ဆက်လက်ဦးဆောင် ကျင်းပ လမ်းညွှန်လာရာ၊ ယခုအခါ သဘာဝအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က အသိအမှတ်ပြု လက်ခံ ကျင်းပလာကြပြီး၊[၂] တကမ္ဘာလုံးရှိ တိုင်းပြည်တိုင်းမှ လူတဦးချင်းစီကပါ ပါဝင်ဆင်နွှဲသည်။[၃][၄][၅][၆][၇][၈][၉][၁၀]

ကမ္ဘာ့ဆင်နေ့
World Elephant Day
ဆင်များ
Date(s)ဩဂုတ် ၁၂
ကြိမ်နှုန်းနှစ်စဉ်
တည်နေရာကမ္ဘာ့တဝှမ်း
Established၁၂ ဩဂုတ် ၂၀၁၂ (၂၀၁၂-၀၈-၁၂)
FounderPatricia Sims and the Elephant Reintroduction Foundation
ဝဘ်ဆိုဒ်
worldelephantday.org
World Elephant Day 2018

မစ်ရှင် ပြင်ဆင်ရန်

ကမ္ဘာ့ဆင်နေ့ ကျင်းပရသည့် ပန်းတိုင်မှာ အာဖရိကနှင့် အာရှရှိ ဆင်များ အတိဒုက္ခ ကြုံတွေ့နေရပုံကို သိရှိသဘောပေါက်စေရန်နှင့် နှောင်ဖွဲ ့ဆင်နှင့် ဆင်ရိုင်းများကို စီမံရာ၌ ပြုစုစောင့်ရှောက်ရာ၌ အကောင်းမြင်သော ဖြေရှင်းချက်များ၊ အသိပညာများ ဖလှယ်နိုင်ရန် ဖြစ်သည်။ မျိုးတုံးရန် ခြိမ်းခြောက်ခံရသော မျိုးစိတ်များ စာရင်း ဖြစ်သည့် IUCN RED LIST စာရင်းတွင် အာဖရိကန်ဆင်များကို ထိရှလွယ်သော စာရင်းထဲ သွင်းထားကာ၊ အာရှဆင်များကို မျိုးတုံးတော့မည့် စာရင်းထဲ ထည့်ထားသည်။[၁၁][၁၂] အာဖရိကန်နှင့် အာရှဆင်များသည် ၁၂ နှစ်အတွင်း မျိုးတုံးမှုကို ရင်ဆိုင်ရမည်ဟု သဘာဝမြတ်နိုးသူ တဦးက ဆိုသည်။[၁၃] လက်ရှိဆင်ကောင်ရေအရ ခန့်မှန်းသည်မှာ အာဖရိကန်ဆင်များကို ရေကြည့်လျှင် ကောင်ရေ ၄၀၀,၀၀၀ ခန့်၊ အာရှဆင်များကို ရေကြည့်လျှင် ကောင်ရေ ၄၀,၀၀၀ ခန့် ရှိမည် ဖြစ်ရာ၊ ဤအရေအတွက်သည် များနေသေးသည်ဟု ငြင်းချက်လည်း ရှိသည်။[၁၄]

သမိုင်းကြောင်း ပြင်ဆင်ရန်

 
Indian Minister of State for Tourism Alphons Kannanthanam speaking at a World Elephant Day celebration in New Delhi on August 13, 2018

ပထမဆုံးသော ကမ္ဘာ့ဆင်နေ့ကို ၂၀၁၂ ဩ ၁၂ မှာ ကျင်းပသည်။[၁၅][၁၆][၁၇] ရုပ်ရှင်အနေဖြင့် ဝီလျံ ရှက်တနာ ဇာတ်ကြောင်းပြန်သည့် Return to the Forest (တောထဲသို့ အပြန်)နှင့် When Elephants Were Young (ဆင်ကလေး ငယ်ငယ်တုန်းက)ဟူ၍ နှစ်ကား ရိုက်ကူးထုတ်လုပ်ထားသည်။ ပထမကားမှာ နှောင်ဖွဲ ့ခံ အကျဉ်းကျ အာရှဆင်များကို တောတွင်း ပြန်လွှတ်ပေးရန် ရည်ညွန်း ရိုက်ကူးထားပြီး၊[၁၈][၁၉] ကမ္ဘာ့ဆင်နေ့ အခမ်းအနားတွင် ပြသသည်။[၂၀] နောက်ဆက်လာသော ကားမှာ လုလင်တဦးနှင့် ထိုင်းဆင်ကလေးအကြား သံယောဇဉ်ကို ဖွဲ့သီ ဖော်ကျူးထားခြင်း ဖြစ်သည်။

ခေါင်းခဲ ပြင်ဆင်ရန်

ခိုးဖမ်းခြင်း ပြင်ဆင်ရန်

တရုတ်တွင် ဈေးအကြီးဆုံး ဖြစ်သော ဆင်စွယ်ကို လိုအပ်သည်မှ[၂၁][၂၂][၂၃][၂၄][၂၅]အာဖရိကန်နှင့် အာရှဆင်များကို တရားမဝင် အမဲလိုက်ခြင်းသို့ ဦးတည်လာသည်။ ဥပမာ၊ ကမ္ဘာ့အကြီးဆုံး ဆင်များထဲမှ တကောင် ဖြစ်သည့် စာထောင် (Satao)သည် သူ၏ ဝင့်ကြွားလှပသော အစွယ်များကို လိုသည့်အတွက် အသတ်ခံရသည်။[၂၆][၂၇] နောက် ထင်ရှားသော ကင်ညာဆင်တကောင် ဖြစ်သော မောင်တိန်ဘူး(Mountain bull)မှာလည်း ဆင်သူခိုးများ လက်ဖြင့် အသတ်ခံရသည်။ ဆင်စွယ်ဈေးမှာ လက်တန်းပြောလျှင်ပင် ရွှေဈေးထက် ကြီးသည်။[၂၈][၂၉] သို့ဖြစ်၍ အာဖရိကန်ဆင်များသည် ဆင်စောရများ လိုက်ခြင်းကို ကြုံတွေ့ရသည်။[၃၀][၃၁] ဆင်များကို အသားအလို့ငှာ၊ သားရေအလို့ငှာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအလို့ငှာ အမဲလိုက်ကြပြီး၊ မှောင်ခို သားရိုင်းဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ရာ၊ ဆင်များအတွက် အသက်အန္တရာယ် အလွန်များလာသည်။ ဤသည်မှာ စွန့်စားရနည်းပြီး အမြတ်အစွန်း မြင့်မားသည်ကို နှစ်ခြိုက်သော ငို့ဘများကို မက်မောစရာ ဆွဲဆောင်နေသည်။[၃၂][၃၃][၃၄] ခန္ဓာကိုယ်ကြီးမားသော ဆင်များကို သယ်ဆောင်ရာ၌ ကိရိယာတန်ဆာပလာများစွာ လိုအပ်သည် ဖြစ်ရာ၊ ဆင်မုဆိုး (poacher) များသည် အမဲလိုက်ခြင်းကို ကျွမ်းကျင်ရန် လိုအပ်သည်ဟု ယူဆသည်။

စားကျက်ပျောက်ခြင်း ပြင်ဆင်ရန်

သစ်တောပြုန်းတီးခြင်း၊ မိုင်းတွင်းများ ပေါလာခြင်းနှင့် စိုက်ပျိုးမြေ ချဲ့ထွင်လာခြင်းတို့ကြောင့် စားကျက်ပျောက်ခြင်းသည် အထူးသဖြင့် အာရှဆင်များအတွက် ပြဿနာ ခြောက်သောင်း ဖြစ်လာသည်။[၃၅][၃၆] အတူတကွ နေထိုင်ကျက်စားလေ့ရှိသော စားကျက် ပြိုပျက်သွားခြင်းက အုပ်လိုက် စုစည်းနေထိုင်သော ဆင်များကို တကွဲတပြား ဖြစ်စေပြီး၊ ဆင်များ ထီးတည်း ဖြစ်လာသည်။ ယင်းသို့ ဖြစ်လျှင် ဆင်များအတွက် မိတ်လိုက်၊ သားပေါက်ရန် ခက်ခဲလာပြီး၊ ဆင်သူခိုးများအတွက်မူ ဆင်များကို ရှာဖွေရန်နှင့် ထောင်ချောက်ဆင်ရန် ပိုမို လွယ်ကူသွားသည်။[၃၇] အာရှဆင်များသည် ၎င်းတို့ စားကျက် ၃၀-၄၀% နီးပါးကို ဆုံးရှုံးခဲ့ပြီး၊ ယင်းအတွက် သူတို့၏ သားသမီးများ၊ မျိုးဆက်များကို ပြုစုစောင့်ရှောက်ရန် မဆိုထားနှင့်၊ သူတို့ကိုယ်တိုင် နေထိုင် စားသောက်ဖို့ပင် ပင်ပန်း ဆင်းရဲလာသည်။

လူ-ဆင် ပဋိပက္ခ ပြင်ဆင်ရန်

လူဦးရေ တိုးလာပြီး၊ သစ်တောဖုံးလွှမ်းမှု နည်းလာခြင်းကြောင့် လူတို့ နေထိုင်ရာအနီး ဆင်များ ပေါ်ထွက် နီးကပ်လာခြင်းတို့ကို ကြည့်လျှင်၊ လူ-ဆင် ပဋိပက္ခမှာ စိုးရိမ်ဖွယ်ပင် ဖြစ်သည်။[၃၈] ထိုသို့ဖြစ်လျှင်၊ ကောက်ပဲသီးနှံများ ပျက်စီးခြင်း၊ စီးပွားရေးအရ ဆုံးရှုံးခြင်းတင်မက ဆင်နှင့် လူပါ သေကြေခြင်းများ ဖြစ်ပွားသည်။[၃၉]

ထူးခတ်နှိပ်စက်ခြင်း ပြင်ဆင်ရန်

တိရစ္ဆာန်ရုံများ၊ ဆပ်ကပ်များနှင့် ခရီးသွားလုပ်ငန်းများတွင် ဆင်များကို ပြုစုစောင့်ရှောက်ရန်အတွက် တရားဥပဒေ ပြုပြဋ္ဌာန်း ကာကွယ်ပေးရန် ပျက်ကွက်လျှင်၊ သူတို့ကို နှိပ်စက်ရာ ရောက်သည်။[၄၀][၄၁][၄၂] ကျုံးသွင်း ထူးခတ်ညဉ်းဆဲထားခြင်းသည် ဆင်များ ဆင်းရဲပင်ပန်းခြင်း ကြီးစွာ ဖြစ်ရသည်။ အာရှဆင်များသည် တောတွင်း၌ တရားမဝင် ဖမ်းဆီးခံရပြီး အမြတ်များသော ခရီးသွားလုပ်ငန်းများသို့ မှောင်ခို ရောင်းချခြင်း ခံရလေ့ ရှိနေသည်။[၄၃][၄၄]

ဆယ်လီများ၏ အသံများ ပြင်ဆင်ရန်

နာမည်ကျော် ဆယ်လီအများအပြားက ဆင်များကို ကာကွယ်ရန် အရေးကြီးကြောင်း ထုတ်ဖော် ပြောဆိုကြသည်။ ယင်းထဲတွင် လီယိုနာဒို ဒီကာပရီယို၊[၄၅] ခရစ္စတင်း ဒေးဗစ် (Kristin Davis)၊[၄၆] ဝီလျံ ရှက်တနာ (William Shatner)၊[၄၇] ယောင်မင် (Yao Ming)၊[၄၈] ဝီလျံမင်းသား(Prince William)၊[၄၉] ဂျော်ဇာ ဖောက်စ် (Jorja Fox)၊[၅၀] အဲလစ် ဘောဒွင်း (Alec Baldwin)၊[၅၁] စတီဖင် ဖရိုင်း (Stephen Fry)၊[၅၂] အက်ရှလေ ဂျု (Ashley Judd)၊[၅၃] ဂျဒ ပင်ခက် စမစ် (Jada Pinkett Smith)၊[၅၄] ကက်သရင် ဘဂလို (Kathryn Bigelow)[၅၅]တို့နှင့်တကွ နိုင်ငံရေးသမားမျ ဖြစ်ကြသော ဘားရက် အိုဘားမား[၅၆] ဟီလာရီ ကလင်တန်နှင့် ချဲလ်စီး ကလင်တန်တို့ပါ ပါဝင်သည်။[၅၇][၅၈]

ကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "Elephant Reintroduction Foundation", World Elephant Day website
  2. "Associates", World Elephant Day website
  3. Philip Mansbridge, "Is This Year's World Elephant Day the Last Chance for Elephants?", The Huffington Post, 2013
  4. Raj Phukan, "World Elephant Day celebrated at Nagaon", Assam Times, 2013
  5. Jennifer Viegas, "Elephants Get Unlikely Help -- But Is It Enough?" Archived 22 December 2015 at the Wayback Machine., Discovery News, 2013
  6. "World Elephant Day - Thailand Must Shut Down Ivory Trade" Archived 20 February 2016 at the Wayback Machine., Chiangrai Times, 2013
  7. "12 years until elephants are all wiped out as one dies every 15 minutes", Metro, 2013
  8. Jason Bell, "World Elephant Day - time to take stock" Archived 8 August 2014 at the Wayback Machine., Africa Geographic, 2013
  9. Bettina Wassener, "Mourning the Elephants", The New York Times, 2012
  10. Fidelis E. Satriastanti, "Sumatran Elephants Still Face Imminent Threats", Jakarta Globe, 2013
  11. "Loxodonta Africana (African elephant)", IUCN
  12. "Elephas maximus (Asian elephant, Indian elephant)" Archived 18 August 2018 at the Wayback Machine., IUCN
  13. John Ingham, "Elephants 'extinct within 12 years'", Express, 2013
  14. "Status of Elephant Populations, Levels of Illegal Killing and the Trade in Ivory: A Report to the Standing Committee of CITES", CITES
  15. "Overview", World Elephant Day website
  16. Maria Sowter, "World Elephant Day This Sunday" Archived 12 August 2019 at the Wayback Machine., Into The Wild, 2012
  17. "World Elephant Day 2012", The Huffington Post, 2012
  18. "Elephants Return to the Forest", American Museum of Natural History
  19. "Elephant Reintroduction Foundation", Elephant Reintroduction Foundation website
  20. "Return to the Forest", World Elephant Day website
  21. Damian Grammaticas, "Uncovering China's illegal ivory trade", BBC News, 2014
  22. Brendon Hong, "China's Blood Ivory Bazaar", The Daily Beast, 2014
  23. Per Liljas, "The Ivory Trade Is Out of Control, and China Needs to Do More to Stop It", Time Magazine, 2013
  24. "Ivory demand in China, Thailand led to killing of 20,000 African elephants last year" Archived 4 March 2016 at the Wayback Machine., The Rakyat Post, 2014
  25. Paula Kahumbu, "China must send a clear message to consumers on ivory trade", The Guardian, 2013
  26. Christine Dell'Amore, "Beloved African Elephant Killed for Ivory -- "Monumental" Loss", National Geographic, 2014
  27. Mfonobong Nsehe, "World Famous Elephant 'Satao' Killed By Poachers In Kenya", Forbes, 2014
  28. Zoe Flood, "Satao, one of Africa's largest elephants, killed by poachers for ivory tusks weighing more than 45 kg", National Post, 2014
  29. Ed Mazza, "Satao The Elephant Killed By Poachers In Kenya", The Huffington Post, 2014
  30. Brian Jackman, "Poaching in Africa: Selous Game Reserve warning highlights scale of epidemic", Telegraph, 2014
  31. Melissa Hellmann, "African-Elephant Poaching Soars as Ivory Prices Triple in China", Time Magazine, 2014
  32. "Illegal wildlife trade threatens national security, says WWF report" Archived 5 August 2018 at the Wayback Machine., TRAFFIC, 2012
  33. Melissa Hellmann, "African-Elephant Poaching Soars as Ivory Prices Triple in China", Time Magazine, 2014
  34. Alex Hofford, "Illegal wildlife trade along the Burma-China border - in pictures", The Guardian, 2014
  35. "Asian Elephants: Threats and Solutions" Archived 15 January 2018 at the Wayback Machine., American Museum of Natural History
  36. Dave Armstrong, "Forest loss accelerates", The Earth Times, 2014
  37. Kevin Heath, "United Nations launches emergency appeal for Sumatran elephants" Archived 20 February 2020 at the Wayback Machine., Wildlife News, 2014
  38. Sanjay Gubbi, M.H. Swaminath, H.C. Poornesha, Rashmi Bhat, and R. Raghunath, "An elephantine challenge: human-elephant conflict distribution in the largest Asian elephant population, southern India", Biodiversity and Conservation, 2014
  39. "5 jumbos damage crops, run amuck near Soolagiri", The Times of India, 2014
  40. Sangita Iyer, "Seeing the Mistreatment of Elephants in India Was Haunting", Huffington Post, 2014
  41. "Animal Rights Activists Say Elephants Forced To Do Handstands By Chinese Zoo", International Business Times, 2014
  42. Ed Stewart, "No Ethical Way to Keep Elephants in Captivity" Archived 6 May 2013 at the Wayback Machine., National Geographic, 2013
  43. Richard Thomas, "Thailand must act to prevent resurgence of illegal wild elephant trade" Archived 16 July 2014 at the Wayback Machine., Wildlife News, 2014
  44. Lindsay Murdoch, "Baby elephants captured, mistreated, to supply Thailand's tourism industry", The Sydney Morning Herald, 2014
  45. "Leonardo DiCaprio Foundation Donates $1 Million to Elephant Crisis Fund" Archived 12 August 2017 at the Wayback Machine., Wildlife Conservation Network, 2014
  46. Susanna Rustin, "Kristin Davis: 'Ivory is basically a blood diamond'", The Guardian, 2012
  47. William Shatner, "World Elephant Day is Today", Twitter, 2012
  48. Russell Flannery, "Yao Ming Targets Elephant Poaching, Ivory Trade In New Campaign With WildAid", Forbes, 2013
  49. ဆာရာ မောရစ်ဆင် (Sarah Morrison)၊"Prince William wants 'all royal ivory destroyed'", The Independent, 2014
  50. "Jorja Fox takes on the elephant abusers in new ADI video", Animal Defenders International, 2012
  51. Michelle Kretzer, "Alec Baldwin to USDA: Seize the Elephants", PETA, 2012
  52. "Stephen Fry's Elephant Tweet" Archived 14 June 2015 at the Wayback Machine., For Elephants International, 2013
  53. Nigel M. Smith, "Watch: Ashley Judd Speaks Up for the Elephants in 'The Eyes of Thailand' Trailer", IndieWire, 2012
  54. Jill Rosen, "Jada Pinkett Smith urges SRB to protect elephants" Archived 6 October 2013 at the Wayback Machine., The Baltimore Sun, 2012
  55. https://variety.com/2014/film/news/kathryn-bigelow-campaigns-to-stop-elephant-poaching-with-short-film-1201374103/
  56. Melissa Mahony, "Elephant in the room no more: Obama bans ivory sales", Salon, 2014
  57. Rhett A. Butler, "Chelsea, Hillary Clinton urge action to save elephants", mongabay.com, 2014
  58. Philip Mansbridge, "Is This Year's World Elephant Day the Last Chance for Elephants?", The Huffington Post, 2013

ပြင်ပလင့် ပြင်ဆင်ရန်