ကမ္ဘာ့သမုဒ္ဒရာနေ့သည် နှစ်စဉ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပလေ့ရှိသော အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့ဖြစ်သည်။ ဤအယူအဆကို ၁၉၉၂ ခုနှစ်တွင် ကနေဒါနိုင်ငံ သမုဒ္ဒရာဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာဗဟိုဌာနနင့် ကနေဒါနိုင်ငံ သမုဒ္ဒရာဆိုင်ရာ အင်စတီကျူတို့မှ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသော ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေးတွင် အဆိုပြုခဲ့ခြင်းဖြစ်သည်။[၁] ကမ္ဘာသမုဒ္ဒရာနေ့ကို ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုအဖြစ် သမုဒ္ဒရာဆိုင်ရာ ပရော့ဂျက်များအား ၂၀၀၂ ခုနှစ်မှ စတင်ခဲ့သည်။ "ကမ္ဘာ့သမုဒ္ဒရာနေ့"ကို ကုလသမဂ္ဂမှ တရားဝင်အသိအမှတ်ပြုသည်မှာ ၂၀၀၈ ခုနှစ်မှ ဖြစ်သည်။ ဒီအပြည်ပြည်ဆိုင်ရာနေ့သည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား အကောင်အထည်ဖော်ရာ၌ ပံ့ပိုးပေးပြီး သမုဒ္ဒရာကြီးအား ကာကွယ်စောင့်ရှောက်ရေးနှင့် ၎င်း၏ အရင်းအမြစ်များအား ရေရှည်တည့်တံ့နိုင်စေရေး စီမံခန့်ခွဲမှုတို့ကို အများပြည်သူများ စိတ်ပါဝင်စားလာစေရန် မြှင့်တင်ပေးသည်။[၂] ကမ္ဘာသမုဒ္ဒရာများနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံး ကျင်းပကြပြီး ၎င်းတို့အထဲတွင် ဩစတေးလျ၊ ဘရာဇီး၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သည်။

ကမ္ဘာ့သမုဒ္ဒရာနေ့
ပင်လယ်ဖြူ၌ နေဝင်ချိန်
ကျင်းပသည့်နိုင်ငံကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး။ ဩစတေးလျနိုင်ငံဘရာဇီးနိုင်ငံကနေဒါနိုင်ငံအိန္ဒိယနိုင်ငံဂျပန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်။
နေ့ရက်ဇွန်လ ၈ ရက်
အကြိမ်နှစ်စဉ်
ပထမဆုံး အကြိမ်၈ ဇွန် ၁၉၉၂; ၃၁ နှစ် အကြာက (၁၉၉၂-၀၆-08)

သမိုင်း ပြင်ဆင်ရန်

၁၉၈၇-၁၉၉၂ ပြင်ဆင်ရန်

ဘရော့လန်းကော်မရှင် (သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ကော်မရှင်ဟုလည်း လူသိများ)သည် ၁၉၈၇ ခုနှစ်၌ တင်သွင်းခဲ့သော ဘရော့လန်းအစီရင်ခံစာ၌ သမုဒ္ဒရာကဏ္ဍသည် အခြားသောကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် အသံကျယ်လောင်မှု လျော့နေသည်ဟု မှတ်ချက်ပြုခဲ့သည်။[၃]

၁၉၉၂ ခုနှစ် တွင် ကျင်းပခဲ့သော ပထမဆုံးသော ကမ္ဘာ့သမုဒ္ဒရာနေ့၌ သမုဒ္ဒရာများနှင့်ပတ်သက်သော အကြောင်းအရာများကို အစိုးရအချင်းချင်း၌ဖြစ်စေ အန်ဂျီအိုအဖွဲ့အစည်းများကြား၌ဖြစ်စေ ဘေးရောက်နေသည်မှ ဗဟိုမူဝါဒဆွေးနွေးမှုများဆီသို့ရောက်စေရန်နှင့် ကမ္ဘာ့တစ်ဝှမ်း သမုဒ္ဒရာနှင့် ကမ်းရိုးတန်းဒေသများ၏ အသံကျယ်လောင်လာစေရန်ဟု ရည်မှန်းချက်များ ချမှတ်ခဲ့သည်။


ကိုးကား ပြင်ဆင်ရန်

  1. Aboutကုလသမဂ္ဂ။ ၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. World Oceans Day, 8 June (in EN)။ ၅ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ARE၊ Federal Office for Spatial Development။ 1987: Brundtland Report (in en)။ 6 Sep 2023 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်