ကမ္ဘာ့အမွေအနှစ် ကော်မတီ

(ကမ္ဘာ့အမွေအနှစ်ကော်မတီ မှ ပြန်ညွှန်းထားသည်)

ကမ္ဘာ့အမွေအနှစ် ကော်မတီ (World Heritage Committee) သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းကို ရွေးချယ်သတ်မှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ကော်မတီသည် ကမ္ဘာ့အမွေအနှစ် ညီလာခံ ပြုလုပ်ခြင်း၊ ရန်ပုံငွေသုံးစွဲမှု စီမံခန့်ခွဲခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုမှုများအရ ဘဏ္ဍာရေးအကူအညီများ ခွဲဝေသတ်မှတ်ခြင်း စသည်တို့ကို ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ ခုဖြင့် ဖွဲ့စည်းထားပြီး[၁] လေးနှစ်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံမှ ရွေးချယ်သည်။[၂]

ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ လိုဂို

ကမ္ဘာ့အမွေအနှစ် ညီလာခံအရ ကော်မတီအဖွဲ့ဝင်နိုင်ငံတစ်ခု၏ သက်တမ်းမှာ ခြောက်နှစ်ဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံအများစုမှာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆန္ဒအလျောက် လေးနှစ်အဖြစ် ပါဝင်ရွေးချယ်ကြသည်။[၂] ၁၅ ကြိမ်မြောက် အထွေထွေညီလာခံ (၂၀၀၅) တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ကော်မတီအဖွဲ့ဝင်သက်တမ်းကို ခြောက်နှစ်မှ လေးနှစ်သို့ လျော့ချရန် ဆုံးဖြတ်ခဲ့သည်။[၂]

အစည်းအဝေးများ ပြင်ဆင်ရန်

ကမ္ဘာ့အမွေအနှစ် ကော်မတီသည် တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးကာ ရှိနှင့်ပြီးသော ကမ္ဘာ့အမွေအနှစ်နေရာများ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံများမှ တင်သွင်းသော စာရင်းကို ရွေးချယ်သတ်မှတ်ခြင်းတို့ကို ပြုလုပ်သည်။[၂]

အစည်းအဝေး[၃] နှစ် ရက်စွဲ လက်ခံကျင်းပသည့်မြို့ နိုင်ငံ
၁၉၇၇ ၂၇ ဇွန် - ၁ ဇူလိုင် ပါရီမြို့   ပြင်သစ်
၁၉၇၈ ၅ စက်တင်ဘာ - ၈ စက်တင်ဘာ ဝါရှင်တန်ဒီစီ   အမေရိကန်
၁၉၇၉ ၂၂ အောက်တိုဘာ - ၂၆ အောက်တိုဘာ ကိုင်ရိုမြို့ နှင့် Luxor   အီဂျစ်
၁၉၈၀ ၁ စက်တင်ဘာ - ၅ စက်တင်ဘာ ပါရီမြို့   ပြင်သစ်
၁၉၈၁ ၂၆ အောက်တိုဘာ - ၃၀ အောက်တိုဘာ ဆစ်ဒနီမြို့   ဩစတြေးလျ
၁၉၈၂ ၁၃ ဒီဇင်ဘာ - ၁၇ ဒီဇင်ဘာ ပါရီမြို့   ပြင်သစ်
၁၉၈၃ ၅ ဒီဇင်ဘာ - ၉ ဒီဇင်ဘာ ဖလောရင့်မြို့   အီတလီ
၁၉၈၄ ၂၉ အောက်တိုဘာ - ၂ နိုဝင်ဘာ ဗျူနိုအေးရိစ်မြို့   အာဂျင်တီးနား
၁၉၈၅ ၂ ဒီဇင်ဘာ - ၆ ဒီဇင်ဘာ ပါရီမြို့   ပြင်သစ်
၁၀ ၁၉၈၆ ၂၄ နိုဝင်ဘာ - ၂၈ နိုဝင်ဘာ ပါရီမြို့   ပြင်သစ်
၁၁ ၁၉၈၇ ၇ ဒီဇင်ဘာ - ၁၁ ဒီဇင်ဘာ ပါရီမြို့   ပြင်သစ်
၁၂ ၁၉၈၈ ၅ ဒီဇင်ဘာ - ၉ ဒီဇင်ဘာ ဘရာစေးလေးယားမြို့   ဘရာဇီး
၁၃ ၁၉၈၉ ၁၁ ဒီဇင်ဘာ - ၁၅ ဒီဇင်ဘာ ပါရီမြို့   ပြင်သစ်
၁၄ ၁၉၉၀ ၇ ဒီဇင်ဘာ - ၁၂ ဒီဇင်ဘာ ဘန်းဖ်မြို့   ကနေဒါ
၁၅ ၁၉၉၁ ၉ ဒီဇင်ဘာ - ၁၃ ဒီဇင်ဘာ ကားသေ့မြို့   တူနီးရှား
၁၆ ၁၉၉၂ ၇ ဒီဇင်ဘာ - ၁၄ ဒီဇင်ဘာ ဆန်တာဖီမြို့   အမေရိကန်
၁၇ ၁၉၉၃ ၆ ဒီဇင်ဘာ - ၁၁ ဒီဇင်ဘာ ကာတာဂျီးနားမြို့   ကိုလံဘီယာ
၁၈ ၁၉၉၄ ၁၂ ဒီဇင်ဘာ - ၁၇ ဒီဇင်ဘာ ဖူးခက်မြို့   ထိုင်း
၁၉ ၁၉၉၅ ၄ ဒီဇင်ဘာ - ၉ ဒီဇင်ဘာ ဘာလင်မြို့   ဂျာမနီ
၂၀ ၁၉၉၆ ၂ ဒီဇင်ဘာ - ၇ ဒီဇင်ဘာ မရီဒါမြို့   မက္ကဆီကို
၂၁ ၁၉၉၇ ၁ ဒီဇင်ဘာ - ၆ ဒီဇင်ဘာ နေပလီမြို့   အီတလီ
၂၂ ၁၉၉၈ ၃၀ နိုဝင်ဘာ - ၅ ဒီဇင်ဘာ ကျိုတိုမြို့   ဂျပန်
၂၃ ၁၉၉၉ ၂၉ နိုဝင်ဘာ - ၄ ဒီဇင်ဘာ မာရာကဲမြို့   မော်ရိုကို
၂၄ ၂၀၀၀ ၂၇ နိုဝင်ဘာ - ၂ ဒီဇင်ဘာ ကိန်းမြို့   ဩစတြေးလျ
၂၅ ၂၀၀၁ ၁၁ ဒီဇင်ဘာ - ၁၆ ဒီဇင်ဘာ ဟယ်လ်ဆင်ကီမြို့   ဖင်လန်
၂၆ ၂၀၀၂ ၂၄ ဇွန် - ၂၉ ဇွန် ဗူးဒပက်မြို့   ဟန်ဂေရီ
၂၇ ၂၀၀၃ ၃၀ ဇွန် - ၅ ဇူလိုင် ပါရီမြို့   ပြင်သစ်
၂၈ ၂၀၀၄ ၂၈ ဇွန် - ၇ ဇူလိုင် ဆူချောင်မြို့   တရုတ်
၂၉ ၂၀၀၅ ၁၀ ဇူလိုင် - ၁၇ ဇူလိုင် ဒါဘန်မြို့   တောင်အာဖရိက
၃၀ ၂၀၀၆ ၈ ဇူလိုင် - ၁၆ ဇူလိုင် ဗီလနီးယပ်မြို့   လစ်သူယေးနီးယား
၃၁ ၂၀၀၇ ၂၃ ဇွန် - ၁ ဇူလိုင် ခရစ်ချပ်ချ်မြို့   နယူးဇီလန်
၃၂ ၂၀၀၈ ၂ ဇူလိုင် - ၁၀ ဇူလိုင် ကီဘတ်စီးတီး   ကနေဒါ
၃၃ ၂၀၀၉ ၂၂ ဇွန် - ၃၀ ဇွန် ဆာဗေးလ်မြို့   စပိန်
၃၄ ၂၀၁၀ ၂၅ ဇူလိုင် - ၃ ဩဂုတ် ဘရာစေးလေးယားမြို့   ဘရာဇီး
၃၅ ၂၀၁၁ ၁၉ ဇွန် - ၂၉ ဇွန် ပါရီမြို့   ပြင်သစ်
၃၆ ၂၀၁၂ ၂၅ ဇွန် - ၅ ဇူလိုင် စိန့်ပီတာစဘတ်မြို့   ရုရှား
၃၇ ၂၀၁၃ ၁၇ ဇွန် - ၂၇ ဇွန် ဖနွမ်းပင်မြို့   ကမ္ဘောဒီးယား
၃၈ ၂၀၁၄ ၁၅ ဇွန် - ၂၅ ဇွန် ဒိုဟာမြို့   ကာတာ
၃၉ ၂၀၁၅ ၂၈ ဇွန် - ၈ ဇူလိုင် ဘွန်းမြို့   ဂျာမနီ

အဖွဲ့ဝင်များ ပြင်ဆင်ရန်

ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ အဖွဲ့ဝင်နိုင်ငံများ

အဖွဲ့ဝင်[၄] ကိုယ်စားပြု မှတ်စု
  အယ်လ်ဂျီးရီးယား
  ကမ္ဘောဒီးယား
  ကိုလံဘီယာ
  အက်စတိုးနီးယား
  အီသီယိုးပီးယား
  ပြင်သစ် Vice-chairperson
  ဂျာမနီ
  အိန္ဒိယ
  အီရတ်
  ဂျပန်
  မလေးရှား Vice-chairperson
  မာလီ
  မက္ကဆီကို Beatriz Hernández Narváez Rapporteur/Vice-chairperson
  ကာတာ
  ရုရှား Mitrofanova Eleonora Chairperson
  ဆီနီဂေါ
  ဆားဘီးယား
  တောင်အာဖရိက Vice-chairperson
  ဆွီဒင်
   ဆွစ်ဇာလန်
  ထိုင်း
  အာရပ်စော်ဘွားများပြည်ထောင်စု Vice-chairperson
စုစုပေါင်း ၂၁


ကိုးကား ပြင်ဆင်ရန်

  1. According to the UNESCO World Heritage website, States Parties are countries that signed and ratified The World Heritage Convention. As of March 2013, there are a total of 190 State Parties.
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ The World Heritage Committee။ UNESCO World Heritage Site။ 2006-10-14 တွင် ပြန်စစ်ပြီး။
  3. Sessions။ UNESCO World Heritage Site။
  4. UNESCO World Heritage Centre - 36th session of the Committee

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်