[၁] ကမ္မကတ္တား ဟူသည် ပယောဇ္ဇက ကတ္တားကို ခေါ်သည်။ ပုရိသော ဒါသေန (ဒါသံ ဒါသဿ) ကမ္မံ ကာရေတိ-၌ ဒါသအရ ကျွန်သည် ပုရိသောအရ ယောက်ျား၏ စေခိုင်း ခံရသောအခိုက် ကံဖြစ်၍ မိမိ (ကျွန်) ကိုယ်တိုင် အမှုပြုလုပ်သောအခါ ကတ္တားဖြစ်ပြန် သည်၊ ထို့ကြောင့် “ဒါသ”ကို ကမ္မကတ္တား ဟု ခေါ်သည်။ ဤနည်းအရ ကတ္တုကမ္မနှင့် သဘောအတူပင်။ [၂][၃]

တနည်း- သူတပါး၏ ကြိယာကိုစွဲ၍ ကံဖြစ်သော်လည်း ပြုလွယ်သောကြောင့် ကိုယ်တိုင်ပြီးသကဲ့သို့ ဖြစ်သော ကတ္တားကို ကမ္မကတ္တားဟု ခေါ်သည်။ သယံ ကရီယတေ ကဋော-၌ ကဋအရဖျာသည် ဖျာရက်သူ၏ ရက်ခြင်းကြိယာကိုစွဲ၍ ကံဖြစ်သော်လည်း ရက်၍လွယ်ကူသောအခါ ရက်သူ၏ဗျာပါရ မပါပဲ အလိုလိုပြီးသွားသကဲ့သို့ ဖြစ်သောကြောင့် ကတ္တားသဘောသက်ရောက်ရကား ကဋောကို ကမ္မကတ္တားဟု ခေါ်သည်။ [၄][၃]

တနည်း—ကုသုလော ဘိဇ္ဇတိ-၌ ပြုလွယ်သည် ဖြစ်စေ ပြုခဲသည်ဖြစ်စေ ကမ္မရုပ်ကြိယာ၌ ပဌမာ-ဝိဘတ်နေသော ကတ္တားကို ကမ္မကတ္တားဟု ခေါ်သည်။ [၅][၃]

ဆိုလိုရင်းမှာ ကတ္တားအနက်ပြန်၍ ရကောင်းသော ကမ္မရုပ် ကြိယာ၏ ကတ္တားကို ကမ္မကတ္တားဟု ခေါ်သည်။ [၆][၃]

ကိုးကား ပြင်ဆင်ရန်

  1. ကမ္မကတ္ထု (ပု) [ကမ္မ+ကတ္တု] ကမ္မကတ္တား။
  2. (နိရုတ္တိ။၁၁၅။)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ တိပိဋကအဘိဓာန် အတွဲ-၅
  4. (ရူ၊၂၉၅။)
  5. (နိရုတ္တိ၊၁၁၅။)
  6. မောဂ်၊၅။သျ။ နှာ.၇၀၃-လည်းကြည့်။ သီ၊ဋီ၊သစ်၊၂၊၃၁၄။)