ကမ္မဇရုပ်
ကမ္မဇရုပ်တို့သည် ပစ္စုပ္ပန်ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝတစ်ခုခုတွင် ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်၏၊ အတိတ်ကမ္မဇရုပ်ဖြစ်မူ ယင်းအတိတ်၏ ရှေးဖြစ်သော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံကြောင့်ဖြစ်၏၊ အနာဂတ်ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံ သို့မဟုတ် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ဥပပဇ္ဇဝေဒနီယ အမည်ရသော ကံကြောင့်ဖြစ်၏၊ ထိုကံသည် မည်သည့်ကံမျိုး ဖြစ်သည်ကို ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသော အခါမှ သဘောကျနိုင်မည်၊ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်မည်၊ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက်ဆိုင်ပေသည်။ [၁]
ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်မှာ (၉)စည်း ရှိပေသည်။
- ၁။ စက္ခုဒသက ကလာပ် = ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော စက္ခုအကြည်ဓာတ်လျှင် (၁၀)ခုမြောက် ရှိသော (ကြည်သော) ရုပ်ကလာပ်။
- ၂။ သောတဒသကကလာပ် = သဒ္ဒါရုံ (= အသံ)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော သောတအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။
- ၃။ ဃာနဒသကကလာပ် = ဂန္ဓာရုံ (= အနံ့)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။
- ၄။ ဇိဝှါဒသကကလာပ် = ရသာရုံ (အရသာ)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဇိဝှါအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။
- ၅။ ကာယဒသကကလာပ် = ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။
- ၆။ ဣတ္ထိဘာဝဒသက ကလာပ် = ဣတ္ထိဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
- ၇။ ပုမ္ဘာဝဒသက ကလာပ် = ပုမ္ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
- ၈။ ဟဒယဒသကကလာပ် = မနောဓာတ်+မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
- ၉။ ဇီဝိတနဝကကလာပ် = ဇီဝိတရုပ်လျှင် (၉)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။[၁]
ကမ္မဇရုပ်များ ဖြစ်ချိန်
ပြင်ဆင်ရန်ကမ္မဇရုပ်တို့ကား ပဋိသန္ဓေစိတ္တက္ခဏမှစ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ္တက္ခဏသို့ တိုင်အောင် ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေ ကြသည်။[၁]
ဆက်စပ်ဖတ်ရှုရန်
(၆) ဒွါရ၌ ရုပ်ကလာပ်များကို ဓာတ်ခွဲပုံ
ကိုးကား
- ↑ ၁.၀ ၁.၁ ၁.၂ ဖားအောက်တောရဆရာတော်။ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း။