[] အပြစ်ရှိသော ကာယကံ, ဝစီကံ, မနောကံ, မိစ္ဆာအယူ-ဟူသော တရားလေးမျိုးတို့နှင့် ပြည့်စုံသော ဗာလ, အဗျတ္တ-ဖြစ်သော သူယုတ်မာသည် (မိမိ၏ ကုသိုလ်မူလကို) တူးဖြို ဖျက်ဆီး၍ မိမိကိုယ်ကို ဆောင်သူ၊ မကောင်းမှုများစွာ ပွားသူ၊ အပြစ်ရှိသူ၊ ပညာရှိတို့ ကဲ့ရဲ့အပ်သူ အကုသိုလ်များစွာကို ပွားများသူဖြစ်၏။

အပြစ်ကင်းသော ကာယကံ, ဝစီကံ, မနောကံ, သမ္မာအယူ-ဟူသော တရား လေးမျိုးတို့နှင့် ပြည့်စုံသော ပဏ္ဍိတ, ဗျတ္တဖြစ်သော သူတော်ကောင်းသည် (မိမိ၏ ကုသိုလ်မူလကို) မတူးဖြို, မဖျက်ဆီးပဲ မိမိကိုယ်ကို ဆောင်သူ၊ အပြစ်မရှိသူ, ပညာရှိတို့ မကဲ့ရဲ့အပ်သူ, ကုသိုလ်ကောင်းမှုများစွာ ပွားများသူ ဖြစ်၏-ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

  1. -အံ၊၁၊၅၇၅။ အံ၊မြန်၊၁၊၅၈၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၆)၆-အဘိညာဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ