ပင်လယ်ကမ်းခြေတွင် နေထိုင်သူတို့သည် ကမ်းခြေကို ရေတိုက်စားမည့်ဘေးမှ တတ်စွမ်းသမျှ ကာကွယ်ကြရလေသည်။ ထို့ကြောင့် ပင်လယ်လှိုင်းများ၏ ဒဏ်ကို ခံနိုင်စေရန် ခိုင်မာ၍ ရေတွင်တာရှည်ခံမည့် သစ်သားတိုင်များ ရွေးချယ်လျက် ကမ်းခြေနှင့် ခမ်းလှမ်းလှမ်းနေရာ၌ စိုက်ထူထားကြရလေသည်။ ထိုကဲ့သို့ ပင်လယ်မှ ရိုက်ခတ်သည့် လှိုင်းတံပိုးများ၏အရှိန်ကို ကြိုတင်ကာကွယ်ထားသဖြင့် ကမ်းခြေမှ ရေတိုက်စားသည့်ဘေးမှ သက်သာရာရလေသည်။ သဲသောင်ပြင်ရှိလျှင်လည်း ညီညာပျံပျူးလျက် ရှိနေပေမည်။

Oosterscheldekering ဟုခေါ်သည့် ကမ်းခြေကို ကာကွယ်ထားသော ကမ်းရိုးတန်းတစ်ခု၊ နယ်သာလန်နိုင်ငံ
ရေတိုက်စားမှုမှ ကာကွယ်ရန်တည်ဆောက်ထားသည့် သစ်သားတန်းတစ်ခု၊ ယူကေနိုင်ငံ

ပင်လယ်ကမ်းစပ်အရပ်များတွင် လှိုင်းများ တိုက်စားခြင်းကြောင့် မြေများ ဆုံးရှုံးရလေသည်။ ယခုအခါတွင် လှိုင်းကာများနှင့် သစ်သား၊ အုတ်၊ ကျောက်တုံး၊ ကျောက်ခဲတိုဖြင့် ပင်လယ်ရေကာတာတံတိုင်းများကို ခိုင်ခံ့စွာ ဆောက်လုပ်ခြင်း၊ ကမ်းခြေကို ရေတိုက်စားသည့် ဘေးမှ စောင့်ရှောက်ကာကွယ်ထားလေသည်။ တိုးတက်နေသော သိပ္ပံပညာကြောင့် ပေါ်ပေါက်လာသည့် ခေတ်မှီနည်းစံနစ်များကို မှီလျှက် ပြုလုပ်ထားသည်။ ဤကဲ့သို့သော အစီမံများကြောင့် နောင်အခါများတွင် ပင်လယ်ကမ်းခြေကို ရေတိုက်စားမည့် ဘေးမှ ထိရောက်စွာ ကာကွယ်နိုင်လိမ်မည်ဟု မြှော်လင့်ရပေမည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်းခ၊ အတွဲ-၁။