ကရင်ပြည်နယ် တရားလွှတ်တော်

ကရင်ပြည်နယ်တရားလွှတ်တော် သည် ကရင်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။

ကရင်ပြည်နယ်တရားလွှတ်တော်
High Court of the Kayin State
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာဘားအံမြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်kayin.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိ​ဒေါ်ခင်​ဆွေထွန်း
စတင်တာဝန်ထမ်းဆောင်၂၃ မတ် ၂၀၂၂

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကရင်ပြည်နယ်တရားရုံးကို ကရင်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၁)ဦး စုစုပေါင်း (၂)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

ကရင်ပြည်နယ်တရားလွှတ်တော်သည် ဘားအံမြို့တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁-လက်ရှိ) ပြင်ဆင်ရန်

  • ဦးစောစံလင်း(၃၀-၃-၂၀၁၁ မှ ၂၈-၂-၂၀၂၁)
  • ဦးသိန်းကိုကို(၁-၃-၂၀၂၁ မှ ၁၄-၃-၂၀၂၂)
  • ဒေါ် ခင်​ဆွေထွန်း (၂၃-၃-၂၀၂၂ မှ လက်ရှိ)

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ကရင်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]

ခရိုင်တရားရုံးများ ပြင်ဆင်ရန်

  • ဘားအံခရိုင်တရားရုံး
  • ကော့ကရိတ်ခရိုင်တရားရုံး
  • မြဝတီခရိုင်တရားရုံး
  • ဖာပွန်ခရိုင်တရားရုံး

မြို့နယ်တရားရုံးများ ပြင်ဆင်ရန်

  • ဘားအံမြို့နယ်တရားရုံး
  • လှိုင်းဘွဲ့မြို့နယ်တရားရုံး
  • သံတောင်ကြီးမြို့နယ်တရားရုံး
  • ကော့ကရိတ်မြို့နယ်တရားရုံး
  • ကြာအင်းဆိပ်ကြီးမြို့နယ်တရားရုံး
  • မြဝတီမြို့နယ်တရားရုံး
  • ဖာပွန်မြို့နယ်တရားရုံး

တရားသူကြီးများ ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၂)ဦးရှိသည်။၂၀၂၃ တွင် တရားသူကြီးချုပ်(၁)ဦးနှင့်တရားသူကြီး(၂)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ကရင်ပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ