ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး

ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေးသည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ် ပြင်ဆင်ရန်

ခေါင်းမလျှော်သင့်သော နေ့များမှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေး ဖြစ်သည်။ ခေါင်းလျှော်သင့်သော နေ့များမှာ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ ဖြစ်သည်။ (က =တနင်္လာ၊ ရင် = ဗုဒ္ဓဟူး၊ သား = သောကြာ၊ မွေး = ကြာသပတေး၊ အိုး = တနင်္ဂနွေ၊ စည် = အင်္ဂါ၊ တီး = စနေ)

မှတ်ချက် ပြင်ဆင်ရန်

ယင်းအဆိုအမိန့်သည် တနင်္ဂနွေသားတစ်ဦးတည်းအတွက်သာ မှန်ပြီး ကျန်နေ့နံများတွင် ခေါင်းမလျှော်သင့်သော နေ့များကို မိမိ၏ မွေးနံမှ တစ်ခုမြောက်၊ လေးခုမြောက်၊ ငါးခုမြောက်နှင့် ခြောက်ခုမြောက်နေ့များကို ယူရမည်။ ခေါင်းလျှော်သင့်သော နေ့များမှာ မွေးနေ့၊ သုံးခုမြောက်နေ့နှင့် ခုနစ်ခုမြောက်နေ့တို့ဖြစ်ကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။