ဘက်တီနို ကရာစီ

(ကရာစီ ဘက်တီနို မှ ပြန်ညွှန်းထားသည်)

အီတလီနိုင်ငံ၏ ပထမဆုံး ဆိုရှယ်လစ် ဝန်ကြီးချုပ် ဖြစ်သည့် ဘက်တီနို ကရာစီကို ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မီလန်မြို့၌ မွေးဖွားခဲ့သည်။ စစ်စလီကျွန်းသား ရှေ့နေတစ်ဦး၏သား ဖြစ်သည်။

ဘက်တီနို ကရာစီ
45th Prime Minister of Italy
တာဝန်သက်တမ်း
4 August 1983 – 17 April 1987
သမ္မတAlessandro Pertini
Francesco Cossiga
လက်ထောက်Arnaldo Forlani
ယခင်လူAmintore Fanfani
ဆက်ခံသူAmintore Fanfani
Minister of the Budget and Economic Programming
တာဝန်သက်တမ်း
13 July 1984 – 30 July 1984
ဝန်ကြီးချုပ်Himself
ယခင်လူPietro Longo
ဆက်ခံသူPier Luigi Romita
Italian Socialist Party
တာဝန်သက်တမ်း
15 July 1976 – 11 February 1993
ယခင်လူFrancesco De Martino
ဆက်ခံသူGiorgio Benvenuto
ကိုယ်ရေး အချက်အလက်များ
မွေးဖွားBenedetto Craxi
(1934-02-24)၂၄ ဖေဖော်ဝါရီ၊ ၁၉၃၄
Milan, Lombardy, Kingdom of Italy
ကွယ်လွန်၁၉ ဇန်နဝါရီ၊ ၂၀၀၀(2000-01-19) (အသက် ၆၅)
Hammamet, Tunisia
လူမျိုးItalians
နိုင်ငံရေးပါတီItalian Socialist Party]]
သားသမီးBobo Craxi
Stefania Craxi
မိခင်ကျောင်းUniversity of Milan
ကိုးကွယ်သည့်ဘာသာRoman Catholicism

မစ္စတာကရာစီသည် ၁၉၅ဝ ပြည့်လွန်နှစ်များအတွင်း ဆိုရှယ်လစ်လူငယ် လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။ ဆိုရှယ်လစ်နေ့စဉ် သတင်းစာနှင့် သိပ္ပံနည်းကျဆန်းစစ်ချက် ဂျာနယ်တို့၌ အလုပ်လုပ်ခဲ့သည်။

မစ္စတာကရာစီသည် ၁၉၅၇ ခုနှစ်တွင် နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုနှစ်တွင်ပင် အီတလီဆိုရှယ်လစ်ပါတီ (ပီအက်စ်အိုင်) ဗဟိုကော်မတီဝင် ဖြစ်လာခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် လီလန်မြို့သူမြို့သားများ ကောင်စီဝင်အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် လူထုစီမံခန့်ခွဲရေး သိပ္ပံအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

မစ္စတာကရာစီသည် ၁၉၆၅ ခုနှစ်တွင် ပီအက်စ်အိုင်မီလန်ပြည်နယ်ဒေသပါတီကော်မတီ အတွင်းရေးမှူးနှင့် အီတလီဆိုရှယ်လစ်ပါတီ နိုင်ငံလုံးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသည်။ ၁၉၇ဝ ပြည့်နှစ်မှ ၁၉၇၆ ခုနှစ်အထိ အီတလီဆိုရှယ်လစ် ပါတီလက်ထောက် အတွင်းရေးမှူးဆောင်ရွက်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်တွင်အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း ဆိုရှယ်လစ်ဝါဒရေးဆိုင်ရာ စာအုပ် စာတမ်းများကို ရေးသား ပြုစုခ့သည်။ ၁၉၇၇ ခုနှစ်တွင် ထုတ်ဝေသော ကBာပေါ်က မမျှတမှု အမည်ရှိစာအုပ် တွင် ဝီလီဘရန့်၊ ဖီလစ်ပီ ဂွန်ဇာလေ့၊ ကာလို့ အန်းဒရက်စ်ပဲရက်၊ လီယိုပိုဆေဒါဆင်ဂေါတို့နှင့်အတူပါဝင် ရေးသားခဲ့သည်။

ခရစ်ယာန် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဖန်ဖာနီ၏ လေးပွင့်ဆိုင် ညွန့်ပေါင်းအစိုးရအဖွဲ့မှ ကရာစီခေါင်းဆောင်သော ဆိုရှယ်လစ်ပါတီက နုတ်ထွက်ခဲ့သည်။ သို့ဖြစ်၍ ၁၉၈၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ မည်သည့်ပါတီကမျှ အစိုးရဖွဲ့စည်းနိုင်လောက်အောင် မဲအများစု မရရှိခဲ့ချေ။

ဆိုရှယ်လစ်ပါတီ၊ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်ပါတီ၊ လစ်ဗရယ်ပါတီနှင့် ရီပတ်ဗလီကင် ပါတီတို့ ပါဝင်၍ စစ်ပြီးခေတ် အီတလီနိုင်ငံတွင် ၄၄ ဆက်မြောက် အစိုးရအဖွဲ့ဖြစ်သော ငါးပွင့်ဆိုင် ညွန့်ပေါင်းအစိုးရကို မစ္စတာ ကရာစီက ၁၉၈၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)