ကရိဘကန် သည် ကမ္ဘာပေါ်တွင် လူဖြင့်တူးဖော်ထားသည့် အကြီးဆုံးရေကန်တစ်ခုဖြစ်ကာ ထုထည်အားဖြင့် အကြီးဆုံးလည်း ဖြစ်သည်။ ၎င်းသည် အိန္ဒိယသမုဒ္ဒရာ၏ အထက်ဘက် ၁၃၀၀ ကီလိုမီတာ (၈၁၀ မိုင်) အကွာတွင် တည်ရှိသည်။ ဇမ်ဘီယာနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံအကြား နယ်စပ်လိုင်းတွင် တည်ရှိသည်။ ဤရေကန်သည် ကရိဘဆည်တည်ဆောက်ပြီးသည့်နောက် ၁၉၅၈ မှ ၁၉၆၃ ကာလကြားတွင် ရေပြည့်သွားခဲ့သည်။ ထိုဆည်သည် ကန်၏ အရှေ့မြောက်စွန်းတွင် တည်ရှိပြီး Zambezi မြစ်ရှိ ကရိဘချောက်နေရာတွင် ရေများကို သိုလှောင်ထားသည်။

ကရိဘကန်
Lake Kariba.jpg
ကရိဘကန် သည် Zambia တွင် တည်ရှိသည်
ကရိဘကန်
ကရိဘကန်
ကရိဘကန် သည် ဇင်ဘာဘွေနိုင်ငံ တွင် တည်ရှိသည်
ကရိဘကန်
ကရိဘကန်
ကိုဩဒိနိတ်16°55′S 28°00′E / 16.917°S 28.000°E / -16.917; 28.000ကိုဩဒိနိတ်: 16°55′S 28°00′E / 16.917°S 28.000°E / -16.917; 28.000
ရေအိုင်အမျိုးအစားHydroelectric reservoir
ရေစုဝေးရာ နေရာ၆၆၃,၀၀၀ km2 (၂၅၆,၀၀၀ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများZambia, Zimbabwe
အကျယ်ဆုံး အလျား၂၂၃ km (၁၃၉ mi)
အကျယ်ဆုံး အနံ၄၀ km (၂၅ mi)
မျက်နှာပြင် ဧရိယာ၅,၅၈၀ km2 (၂,၁၅၀ sq mi)
ပျမ်းမျှအနက်၂၉ m (၉၅ ft)
အနက်ဆုံး အနက်အရှိုင်း၉၇ m (၃၁၈ ft)
ရေထုထည်၁၈၀ ကီလိုကုဗမီတာ (၄၃ ကုဗမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၇၉ မီတာ (၁,၅၇၂ ပေ)
ကျွန်းများChete Island
Sekula
Chikanka.

ကရိဘ၏ Zimbabwean မြို့သည် ကန်၏ ဆည်တည်ဆောက်မည့် အလုပ်သမားများအတွက် ဆောက်လုပ်ခဲ့သည်။ ထိုနေရာတွင် ဇင်ဘာဘွေနိုင်ငံမှ ဘင်ဂရွာ၊ လီဘီဇီနှင့် ဇမ်ဘီယာနိုင်ငံမှ Siavonga နှင့် Sinazongwe စသည့်မြို့များမှ လူများသည် ရေမြင့်တက်လာသဖြင့် နေရပ်ကို စွန့်ခွာကာ နေထိုင်လျက်ရှိသူများ ဖြစ်ကြသည်။

ရူပဗေဒသွင်ပြင်ပြင်ဆင်

ကရိဘကန်သည် အရှည် ၂၂၃ ကီလိုမီတာ (၁၃၉ မိုင်) နှင့် အကျယ် ၄၀ ကီလိုမီတာ (၂၅ မိုင်) ရှိသည်။ ဧရိယာအားဖြင့် ၅၅၈၀ စတုရန်းကီလိုမီတာ (၂၁၅၀ စတုရန်းမိုင်) ရှိသည်။ ဤကန်၏ ရေသိုလှောင်နိုင်သည့် ပမာဏသည် ၁၈၅ cubic kilometres (44 cubic miles) ဖြစ်သည်။ ကန်၏ ပျမ်းမျှအနက်သည် ၂၉ မီတာ (၉၅ ပေ) ရှိပြီး၊ အမြင့်ဆုံးအနက်သည် ၉၇ မီတာ (၃၁၈ ပေ) ရှိသည်။ ဤကန်သည် ကမ္ဘာပေါ်တွင် လူလုပ်ကန်များထဲတွင် ရေအများဆုံးသိုလှောင်ထားနိုင်သည့် ကန်ဖြစ်သည်။ ဤကန်သည် Three Gorges Dam များထက် လေးဆ ပိုကြီးသည်။ [၁]ရေပမာဏများစွာကို (ခန့်မှန်းခြေ 180,000,000,000,000 ကီလိုဂရမ်, သို့မဟုတ် 180 ပီတာဂရမ်[တန်ချိန် 200 ဘီလီယံ]) သိုလှောင်ထားရခြင်းသည် ရစ်ချာစကေးဖြင့် တိုင်းတာပါက ပမာဏ ၅ ထက် ပိုမိုကြီးသော ငလျင် အခု ၂၀ ကျော်သည် ထိုဒေသတွင် လှုပ်ခတမှုများ ဖြစ်စေခဲ့သည်။[၂]

ကန်တွင် ကျွန်းများစွာ ပါဝင်သည်။ ၎င်းကျွန်းများတွင် Maaze ကျွန်း၊ Mashape ကျွန်း၊ ချီတီကျွန်း၊ ဆီကုလကျွန်း၊ ဆမ်ပကရုမ၊ ဖိုသာဂီ၊ စပါးဝင်း၊ မြွေကျွန်း၊ အန်တီလုပ်ကျွန်း၊ ဘဒ်ကျွန်းနှင့် ချိကန်ကကျွန်းတို့ ဖြစ်သည်။

သက်ရှိများပြင်ဆင်

ကာကွယ်ထားသည့် ဒေသများပြင်ဆင်

ကရိဘကန်၏ အပိုင်းတို့သည် ဇင်ဘာဘွေအစိုးရက ပြန်လည်ဖော်ထုတ်ရမည့် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် ဇင်ဘာဘွေဥယျဉ်များနှင့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့နေရာအဖြစ် စောင့်ရှောက်ထားသည်။

ပြင်ပလင့်များပြင်ဆင်

ကိုးကားပြင်ဆင်

  1. Kariba။ Encyclopædia Britannica။ 2007-07-31 တွင် ပြန်စစ်ပြီး။
  2. "Evidence for Incipient Rifting in Southern Africa" (1 January 1976). Geophysical Journal International 44 (1): 135–144. doi:10.1111/j.1365-246X.1976.tb00278.x.