ကလေစား စစ်ဆင်ရေး သည် နာမည်ကြီးအဖွဲ့အစည်းများအား[၁] ဗဟိုမဲ့[၂] ပစ်မှတ်ထား အဖွဲ့လိုက် တိုက်ခိုက်သည့်[၃] တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ အမည်မဖော်လိုသူများ ဟူသောအမည်နာမကို အသုံးချကာ အင်တာနက် လုံခြုံရေး၏ ဆန့်ကျင်ရေးဝါဒီများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေစား စစ်ဆင်ရေးသည် DDoS ဖြင့် torrent ဆိုဒ်များအား တိုက်ခိုက်ခဲ့သည်။ ကနဦး တိုက်ခိုက်မှုမှာ မူပိုင်ခွင့် ကြိုးကိုင်သူအဖွဲ့အစည်းများ၊ ဥပဒေအဖွဲ့အစည်းများအား ဖြစ်သည်။ ယင်းစစ်ဆင်ရေး၏ အဖွဲ့သားများသည် ပြန်လည်မွမ်းမံထားသော Low Orbit Cannon (LOIC) အား အသုံးချကာ DDoS တိုက်ခိုက်ခဲ့သည်။[၄] ၂၀၁၀ ခုနှစ်တွင် "Hive Mind" အား LOIC တွင် ထည့်ပေါင်းခဲ့ကာ[၄] Hive Mode ဖြစ်နေစဉ်အတွင်း LOIC သည် IRC ဖြင့်ချိတ်ဆက်ပြီး remote အနေအထားဖြင့် ထိန်းချုပ်နိုင်သည်။ ယင်းသည် ကွန်ပျူတာအား Botnet အဖြစ် လုပ်ဆောင်စေသည်။ ယင်းအသုံးချပရိုဂရမ်အား အသုံးချကာ စစ်ဆင်ရေးသည် ဝဘ်ဆိုဒ်များအား လျင်မြန်စွာ ကျသွားစေခဲ့သည်။[၄] အဖွဲ့သားများသည် IRC များမှတဆင့် ဆက်သွယ်ကြပြီး မည်သည့်ဆိုဒ်အား ပစ်မှတ်ထားမည်ကို ရွေးချယ်ကြသည်။[၅] တွယ်တာ၊ ဖေ့ဘုတ်များကိုလည်း အချင်းချင်းပူးပေါင်း ဆောင်ရွက်ရန်အတွက် ကြားခံအဖြစ် အသုံးချခဲ့သည်။[၅] သို့သော် ၂၀၁၀ ဒီဇင်ဘာ ၈ တွင် စစ်ဆင်ရေး၏ ဖေ့ဘုတ်၊ တွယ်တာ စာမျက်နှာသည် ဖျက်ချခြင်း ခံလိုက်ရသည်။[၆][၇][၈] ဖက်ဒရယ် တရားရုံးမှ Encyclopedia Dramatica ၏ စစ်ဆင်ရေးအကြောင်းရေးထားသော ဆောင်းပါးအား ဖျက်ပစ်ရန် အတင်းဖိအားပေးခဲ့သည်။ ယင်းဆောင်းပါးတွင် စစ်ဆင်ရေး၏ သမိုင်းကြောင်း အသေးစိတ်အား ရေးသားထားသည်။[၉][၁၀][၁၁]

ကလေစား စစ်ဆင်ရေး၏ အစောပိုင်း လက်ဆင့်ကမ်းစာစောင်

ကိုးကား ပြင်ဆင်ရန်

  1. Bodmer, Kilger, Carpenter, & Jones, Reverse Deception:Organized Cyber Threat Counter-Exploitation, (2012) McGraw-Hill Osborne Media. ISBN 0071772499
  2. Chen၊ Adrian (2010-12-09)။ The Top Three Myths About Anonymousgawker.com။ Gawker။ 2010-12-11 တွင် ပြန်စစ်ပြီး။
  3. "Anonymous Wikileaks supporters explain web attacks"၊ bbc.co.uk၊ BB၊ 2010-12-10။ 2010-12-10 တွင် ပြန်စစ်ပြီး 
  4. ၄.၀ ၄.၁ ၄.၂ Constantin၊ Lucian။ "Anonymous DDoS Tool Gets Botnet Capabilities"၊ 2010-09-27။ 2010-10-22 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  5. ၅.၀ ၅.၁ Anonymous (2010-11-18)။ "p2pnet talks with Operation Payback" (Transcript) (အင်တာဗျူး)။ အင်တာဗျူးသူ Jon Newton2010-12-23 တွင် ပြန်စစ်ပြီး Unknown parameter |program= ignored (အကူအညီ) E
  6. Mills၊ Elinor (2010-12-08)။ Facebook, Twitter boot WikiLeaks supporters after Visa attacknews.cnet.com။ Cnet။ 8 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-12-09 တွင် ပြန်စစ်ပြီး။
  7. Rötzer၊ Florian (2010-12-08)။ Facebook und Twitter gegen "Operation Payback" (in German)။ heise.de။ 2010-12-08 တွင် ပြန်စစ်ပြီး။
  8. Isaac၊ Mike။ "Facebook and Twitter Suspend Operation Payback Accounts"၊ blogs.forbes.com၊ Forbes၊ 2010-12-08။ 2010-12-09 တွင် ပြန်စစ်ပြီး။ Archived from the original on 10 December 2010။ 
  9. Tate၊ Ryan (2010-12-09)။ Noose Closes Around Pro-WikiLeaks Vigilantesgawker.com။ Valleywag။ 12 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-12-09 တွင် ပြန်စစ်ပြီး။
  10. Ragan၊ Steve။ "Anonymous keeps the cannons firing while pressure mounts"၊ 2010-12-09၊ စာ- 1။ 2010-12-23 တွင် ပြန်စစ်ပြီး။ Archived from the original on 2 November 2011။ 
  11. "WikiLeaks cables: Shell, Operation Payback and Assange for the Nobel prize - as it happened"၊ 2010-12-09။ 2010-12-23 တွင် ပြန်စစ်ပြီး 

ပြင်ပလင့် ပြင်ဆင်ရန်