ကလော်ဒီယာရှိန်ဘမ်း

မက္ကဆီကိုနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီးသမ္မတ

ကလော်ဒီယာရှိန်ဘမ်း (Claudia Sheinbaum) (၁၉၆၂ ဖွား) သည် မက္ကဆီကိုနိုင်ငံရေးသမား၊ သိပ္ပံပညာရှင် တစ်ဦး ဖြစ်ပြီး မက္ကဆီကိုနိုင်ငံ ၏ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော အမျိုးသမီး သမ္မတ ဖြစ်လာမည့်သူဖြစ်သည်။[၃] [၄]သူသည် မက္ကဆီကိုနိုင်ငံ၏ လူကြိုက်အများဆုံးနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် လက်ဝဲယိမ်း မိုရီနာ ( Morena)ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ရင်း အနိုင်ရခဲ့သည်။[၅] လက်ရှိ သမ္မတ အန်ဒရီမန်နျူ လိုပတ်စ်အိုဘရာဒို (Andrés Manuel López Obrador) တာဝန်ပြီးဆုံးမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ရက်တွင် သူသည် နိုင်ငံ၏ သမ္မတအဖြစ် စတင် ထမ်းဆောင်ရမည်ဖြစ်သည်။သူသည် မက္ကဆီကိုစီးတီး ၏ မြို့တော်ဝန် အဖြစ် ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကလော်ဒီယာရှိန်ဘမ်း
Claudia Sheinbaum
Sheinbaum in 2024
၆၆ ဦးမြောက် မက္ကဆီကိုနိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ အောက်တိုဘာ ၂၀၂၄ [၁]
ယခင်လူအန်းဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါ
Andrés Manuel López Obrador
မက္ကဆီကိုစီးတီး ၏ မြို့တော်ဝန်
တာဝန်သက်တမ်း
၅ ဒီဇင်ဘာ ၂၀၁၈ – ၁၆ ဇွန် ၂၀၂၃
ယခင်လူJosé Ramón Amieva
ဆက်ခံသူMartí Batres
ကိုယ်ရေး အချက်အလက်များ
မွေးဖွားClaudia Sheinbaum Pardo
(1962-06-24) ၂၄ ဇွန်၊ ၁၉၆၂ (အသက် ၆၁)[၂]
မက္ကဆီကိုစီးတီး,မက္ကဆီကိုနိုင်ငံ
နိုင်ငံရေးပါတီMorena (political party) (since ၂၀၁၄)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Party of the Democratic Revolution (၁၉၈၉ –၂၀၁၄)
ကြင်ဖော်(များ)Carlos Ímaz Gispert(ကွာရှင်း)
Jesús María Tarriba (လက်ရှိ)
သားသမီး
မိဘCarlos Sheinbaum Yoselevitz (ဖခင်)
Annie Pardo Cemo (မိခင်)
ပညာရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မက္ကဆီကိုအမျိုးသားတက္ကသိုလ် (BS,MS,PHD)
လက်မှတ်
Scientific career
နယ်ပယ်စွမ်းအင်ထိန်းသိမ်းရေး၊ စွမ်းအင်မူဝါဒ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု
အဖွဲ့အစည်းဌာနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မက္ကဆီကိုအမျိုးသားတက္ကသိုလ်

နိုင်ငံရေးဖြတ်သန်းမှု

ပြင်ဆင်ရန်

သူသည်  ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင်  ၂၀၂၄ ခုနှစ် မက္ကဆီကိုရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မက္ကဆီကိုမြို့တော်ဝန်ရာထူး မှ နုတ်ထွက်ခဲ့သည်။ မက္ကဆီကိုနိုင်ငံ ၏ လူကြိုက်အများဆုံးနိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် လက်ဝဲယိမ်း မိုရီနာပါတီ က ပါတီ၏သမ္မတလောင်း ရွေးချယ်ခဲ့၍ ဖြစ်သည်။ရှိန်ဘမ်းသည် ရွေးကောက်ပွဲတွင် ၎င်းနှင့်အနီးဆုံးပြိုင်ဘက်ဖြစ်သည့်  စီးပွားရေးလုပ်ငန်းရှင် အထက်လွှတ်တော်အမတ် Xóchitl Gálvez နှင့်  အလယ်အလတ်ဝါဒီ ကိုယ်စားလှယ်လောင်း Jorge Álvarez Máynez တို့အား မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။[၆] နှစ်ပေါင်း၂၀၀ အတွင်း မက္ကဆီကိုနိုင်ငံ ၏ ပထမဦးဆုံးသော အမျိုးသမီး သမ္မတ ဖြစ်ခဲ့သည့်အပြင်  ဂျူးလူမျိုးနောက်ခံမှ မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာမည့်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။[၇]

နိုင်ငံရေးခြေလှမ်းအစ

ပြင်ဆင်ရန်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မက္ကဆီကိုအမျိုးသားတက္ကသိုလ် ကျောင်းသားဘဝ က တည်းက တက္ကသိုလ်ကျောင်းသားကောင်စီ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ ရှိန်ဘမ်းသည် ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာလ ၅ရက်နေ့တွင်  မက္ကဆီကိုမြို့တော် ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတွင်းဝန်အဖြစ် တာဝန်ပေးခံရသည်။သူ၏ မြင့်မားသည့် နိုင်ငံရေးခြေလှမ်းအစဟု ဆိုနိုင်သည်။အတွင်းဝန်သက်တမ်းအတွင်း မက္ကဆီကိုမြို့တော်အတွက် အီလက်ထရွန်နစ်ယာဉ်မှတ်ပုံတင်ရေးစင်တာတစ်ခု ဆောက်လုပ်ရန် တာဝန်ယူခဲ့ရသည်။ယင်းအပြင် မြို့တော်အတွက် သီးသန့်လမ်းများပါရှိသော ဘတ်စ်ကားစနစ်၊မြို့ပတ်လမ်း အစရှိသည်တို့အား  ကြီးကြပ်ခဲ့ရသည်။ရှိန်ဘမ်း သည် ၂၀၁၂ ခုနှစ် မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းမဲဆွယ်မှု အတွက် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာ အတွင်းရေးမှူးအဖွဲ့ တွင် ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မက္ကဆီကို ဒီမိုကရက်တစ်တော်လှန်ရေးပါတီမှ ခွဲထွက်ခဲ့သော López Obrador ၏ခွဲထွက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၅ခု နှစ်ကုန်ပိုင်းမှစ၍ မက္ကဆီကိုနိုင်ငံ Tlalpan ၏မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ယင်းနောက် ထိုရာထူးမှ နုတ်ထွက်သည်။မက္ကဆီကိုမြို့တော်ဝန်ရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် မဲဆွယ်စည်းရုံးမှုများပြုလုပ်ပြီး  ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်  မက္ကဆီကိုစီးတီး၏ အစိုးရအကြီးအကဲအဖြစ် ခြောက်နှစ်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။[၈]၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်  မက္ကဆီကိုစီးတီး၏ အစိုးရအကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သူမသည် မြို့တော်၏ ပထမဆုံးသော အမျိုးသမီးခေါင်းဆောင်ဖြစ်လာပြီး ဂျူးလူမျိုးနောက်ခံမှ ပထမဆုံးသော ဖြစ်လာသည့်  အမျိုးသမီးမြို့တော်ဝန်လည်း ဖြစ်ခဲ့သည်။

သူ၏ အစောပိုင်းဘဝ ပညာရေးအား  မက္ကဆီကိုစီးတီး တွင်ပင် သင်ကြားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မက္ကဆီကိုအမျိုးသားတက္ကသိုလ် တွင် ရူပဗေဒဘာသာရပ် အား သင်ကြားလေ့လာခဲ့ပြီး ၁၉၈၉  ခုနှစ်တွင် ဘွဲ့ကြိုဒီဂရီ၊ယင်းနောက် ၁၉၉၄ ခုနှစ်တွင် မဟာဘွဲ့နှင့် ၁၉၉၅ ခုနှစ် တွင် စွမ်းအင်အင်ဂျင်နီယာဘာသာရပ်ဖြင့်  ပါရဂူဘွဲ့ ရရှိခဲ့သည်။[၉][၁၀]သူသည် ပါရဂူဘွဲ့ အတွက် လိုအပ်သောစာတမ်းအား အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ  အမျိုးသားဓာတ်ခွဲခန်းတွင် ပြုစုခဲ့သည်။ဓာတ်ခွဲခန်းတွင် အလုပ်လုပ်နေစဉ် မက္ကဆီကို၏သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် စွမ်းအင်အသုံးပြုမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် မက္ကဆီကို၏အဆောက်အအုံများအတွက် စွမ်းအင်အသုံးပြုမှုဆိုင်ရာ ခေတ်ရေစီးကြောင်း လေ့လာမှုများအား ထုတ်ပြန်ခဲ့သည်။ [၁၁]၁၉၉၅ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မက္ကဆီကိုအမျိုးသားတက္ကသိုလ် အင်ဂျင်နီယာဌာနတွင် အလုပ်ဝင်သည်။ ၁၉၉၉  ခုနှစ်တွင် တက္ကသိုလ်ကပေးအပ်သော အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ အကောင်းဆုံး လူငယ်သုတေသီဆုကို ရရှိခဲ့သည်။၂၀၀၆ခုနှစ်တွင် သိပ္ပံဂျာနယ်များ၌ ဆောင်းပါးများ စတင်ရေးသားသည်။ ၂၀၀၇ ခုနှစ် တွင် ကုလသမဂ္ဂလက်အောက်ခံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း အဖွဲ့(အိုင်ပီစီစီ)၏ စတုတ္ထအကဲဖြတ်အစီရင်ခံစာတွင်  "ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး" ခေါင်းစဉ်အတွက်  စွမ်းအင်နှင့်စက်မှုလုပ်ငန်းနယ်ပယ်၌ ပံ့ပိုးကူညီရေးသားသူတစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။သူမပါဝင်ခဲ့သည့် အဖွဲ့သည် ထိုနှစ်က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့သည်။၂၀၁၃ ခုနှစ်တွင် သူသည် အခြားစက်မှုလုပ်ငန်းကျွမ်းကျင်သူ ၁၁ဦး နှင့်အတူ အိုင်ပီစီစီ၏ ပဉ္စမအကဲဖြတ်အစီရင်ခံစာကို ရေးခဲ့သည်။[၁၂]

မိသားစုဘဝ

ပြင်ဆင်ရန်

သူ့ကို မက္ကဆီကိုစီးတီး တွင် မွေးဖွားခဲ့သည်။၎င်း၏ ဖခင်ဘက်မှ အဘိုးအဘွားများသည်  ဥရောပမြောက်ပိုင်းရှိ လစ်သူယေးနီးယားနိုင်ငံ သားများဖြစ်ကြပြီး မက္ကဆီကို သို့ ၁၉၂၀ ခုနှစ်များတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသူများ ဖြစ်သည်။အလားတူ သူ၏ မိခင်ဘက်မှ  အဘိုးအဘွားများသည်လည်း ဥရောပတောင်ပိုင်းရှိ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့ မှ ဖြစ်ပြီး ၁၉၄၀ ခုနှစ် အစောပိုင်းကာလများက မက္ကဆီကိုနိုင်ငံ သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသူများဖြစ်သည်။[၁၃][၁၄] သူ၏မိဘနှစ်ပါးစလုံးသည် သိပ္ပံပညာရှင်များဖြစ်ကြပြီး မိခင်ဖြစ်သူမှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မက္ကဆီကိုအမျိုးသားတက္ကသိုလ်ရှိ သိပ္ပံဌာနမှ ဇီဝဗေဒပညာရှင်နှင့် ပါမောက္ခဖြစ်ကာ ၎င်း၏ဖခင် မှာ ဓာတုအင်ဂျင်နီယာတစ်ဦးဖြစ်သည်။[၁၅]သူ၏အစ်ကို သည်လည်း  ရူပဗေဒပညာရှင် တစ်ဦးဖြစ်သည်။[၁၆]

  1. "Por qué junio y octubre son las nuevas fechas clave para las elecciones 2024 de México"၊ 20 January 2024။ 
  2. "Quién es Claudia Sheinbaum, la destacada científica que hará historia como la primera presidenta de México"၊ 3 June 2024။ 
  3. မက္ကဆီကိုမြို့တော်ဝန်ဟောင်း နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာMyanmar Digital News (၃ ဇွန် ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းBBC Burmese (၅ ဇွန် ၂၀၂၄)။ ၅ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. မက္ကဆီကို ပထမဆုံး အမျိုးသမီးသမ္မတ အနိုင်ရမှု အမေရိကန် ချီးကျုးVOA Burmese (၃ ဇွန် ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. မက္ကဆီကို ရွေးကောက်ပွဲမှာ ပထမဆုံး အမျိုးသမီးသမ္မတ အနိုင်ရနိုင်ခြေရှိVOA Burmese (၃ ဇွန် ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. Mexico election 2024 highlights: Claudia Sheinbaum set to become presidentAP (3 June 2024)။ 4 June 2024 တွင် ပြန်စစ်ပြီး။
  8. "Claudia Sheinbaum aventaja conteo rápido con 47.08% de los votos"၊ Publímetro၊ 2 July 2018။ 
  9. Mexico City chooses for the first time in history a Jew and female mayor, the scientist Claudia Sheinbaum။ The Mazatlán Post (2 July 2018)။ 28 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2020 တွင် ပြန်စစ်ပြီး။
  10. "Mexico City elects first-ever Jewish mayor, exit poll shows"၊ The Times of Israel၊ 2 July 2018။ 
  11. Mexico City Mayor-Elect Claudia Sheinbaum Visits Berkeley Lab။ 3 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2023 တွင် ပြန်စစ်ပြီး။
  12. "Industry Chapter10 IPCC Retrieved 2 July 2018 Archived 14 June 2018 at the Wayback Machine.
  13. Kahn၊ Carrie (25 July 2018)။ Meet Mexico City's First Elected Female MayorNPR။ 3 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2018 တွင် ပြန်စစ်ပြီး။ “Both Sheinbaum's parents, also scientists, are children of Jewish immigrants from Bulgaria and Lithuania. Sheinbaum says she celebrated holidays at her grandparents, but her home life was secular”
  14. Judíos y científicos. La familia de Claudia Sheinbaum (in es-MX) (18 December 2018)။ 1 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2023 တွင် ပြန်စစ်ပြီး။
  15. Ameyalli Villafán (30 July 2015)။ Annie Pardo Cemo y su búsqueda constante de respuestas။ Cienciamx။ 28 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2020 တွင် ပြန်စစ်ပြီး။
  16. Wade၊ Lizzie (2 July 2018)။ Can this environmental engineer—now elected mayor—fix Mexico City?Science MagazineAAAS။ 7 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2020 တွင် ပြန်စစ်ပြီး။