ကလဲရီနက်
ကလဲရီနက် (အင်္ဂလိပ်: Clarinet) သည် သစ်သားနှင့် ပြုလုပ်ထားသော လေမှုတ်တူရိယာ တစ်မျိုးဖြစ်သည်။ အခင်တစ်ခု ပါဝင်သည်။ ၁၇၅၀-ခုနှစ်လောက်က စ၍ သုံးစွဲခဲ့သည်။ သံစဉ်အမျိုးမျိုးအားဖြင့် ထုတ်လုပ်၍ အချို့မှာ သံစဉ် ၃-တွဲခွဲအထိ မှုတ်နိုင်စွမ်းရှိသည်။ ဘီဖလက်နှင့် အေ အသံစဉ်ရှိသော ကလဲရီနက်မှာ တီးဝိုင်းသုံးစံကိုက်ဖြစ်၍ အီးဖလက် အသံစဉ် အမျိုးအစားလည်း ရှိသည်။ အီးဖလက် အောက်သံစဉ် တစ်တွဲ အောက်နိမ့်သော အရံ ကလဲရီနက်မျိုးလည်းရှိသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ကလဲရီနက်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
ဤ ဂီတနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |