ကဝိ၊ ရှင် (ခရစ် ၁၇၄၈-၁၈၃၄) ပြင်ဆင်ရန်

ပုပ္ပားမြို့ တောင်လယ်ရွာတွင် မြန်မာနှစ် ၁၁၀၉ခု တပေါင်းလဆုတ် (၅)ရက်တွင် ဖွားမြင်သည်။ ငယ်မည်မှာ ဦးတုတ်ခဲဖြစ်သည်။ မန်လည်သာသနာအုပ်၏ တပည့်ရင်းဖြစ်သည်။ ရွှေပြည့်ဝန်လက်ဝဲဝင်းမှူးကိုးကွယ်၍ မြို့အရှေ့တောင်မဲထီတိုက်တွင် သီတင်းသုံးသည်။ ဒုတိယမဲထီးဆရာတော်အဖြစ် ထင်ရှား၏။ ခရစ်၁၇၉၈ ခုတွင်" မာလာလင်္ကာရဝတ္ထုတော်ကြီး" ကို ပြုစုရေးသားခဲ့သည်။ မြန်မာနှစ် ၁၁၇၉ ခု (ခရစ် ၁၈၃၄) တွင် ပျံလွန်တော်မူသည်။