ကာစိုင်းမြစ်သည် ကွန်ဂိုမြစ်၏ မြစ်လက်တက်(ဘယ်ဘက်)တစ်စင်းဖြစ်ပြီး ဗဟိုအာဖရိကဒေသတွင် တည်ရှိသည်။[၁] ထိုမြစ်သည် အင်ဂိုလာအလယ်ပိုင်းမှ စတင်စီးဆင်းပြီး အရှေ့ဘက်သို့ အင်ဂိုလာနိုင်ငံနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနယ်ခြားမျဉ်းသို့ ရောက်သည့်တိုင်အောင် စီးဆင်းသွားကာ ထိုမှမြောက်ဘက်သို့စီးဆင်း၍ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်းသို့ မရောက်မချင်း နယ်ခြားမြစ်တစ်ခုအဖြစ် စီးဆင်းသည်။ လုလုအာမြစ်နှင့် ဆန်ကုရုမြစ်တို့ ပေါင်းဆုံရာကြားရှိ အီလီဘိုမြို့မှစ၍ ကာစိုင်းမြစ်သည် အနောက်ဘက်သို့ ဦးတည်စီးဆင်းသွားသည်။ ကွန်ဂိုမြစ်နှင့် ပေါင်းဆုံခြင်းမရှိမှီ ကင်ဆာရှာအရှေ့မြောက်ရှိ ကွမြစ်ဝဒေသတွင် ကွမြစ်ဟု ခေါ်ကြသော ဖီမီမြစ်နှင့် ပေါင်းဆုံသည်။ ကာစိုင်းမြစ်ဝှမ်းဒေသတွင် အဓိကအားဖြင့် အီကွေတာမိုးသစ်တောဧရိယာများပါဝင်ပြီး မြေဩဇာညံ့သော၊ သဲဆန်သောဟု ထင်ရှားသော စိုက်ပျိုးမြေကို ထောက်ပံ့ပေးသည်။[၁] ဤမြစ်သည် ကွန်ဂိုမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်ပြီး စိန်များအား ထိုမြစ်အတွင်းတွင် တွေ့ရှိနိုင်သည်။ ဖြတ်တောက်ရန်နှင့် သွေးရန် ဘယ်လ်ဂျီယမ်နိုင်ငံရောက်ရှိနေသော ၆၀ ရာခိုင်နှုန်းခန့်သော စိန်တို့သည် ကာစိုင်းမြစ်မှဖြစ်သည်။

ကာစိုင်းမြစ်
Sunset view from Kalonda.jpg
Kasai River DRC.svg
ကွန်ဂိုမြစ်စနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကာစိုင်းမြစ်(အနီရောင်ဖြင့်)
နိုင်ငံများ
အချက်အလက်များ
စီးဝင်ရာနေရာကွန်ဂိုမြစ်
အလျား၂,၁၅၃ km (၁,၃၃၈ mi)
စီးဆင်းမှု
  • ပျမ်းမျှ နှုန်း:
    ၉,၈၇၃ m3/s (၃၄၈,၇၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၈၈၁,၈၉၀ km2 (၃၄၀,၅၀၀ sq mi)
Stanley's route is depicted by the solid black line.

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ Broadhead၊ Susan (1992)။ Historical dictionary of Angola။ Metuchen, N.J: Scarecrow Press။ p. 99။ ISBN 0585070091

ပြင်ပလင့်များပြင်ဆင်

ကိုဩဒိနိတ်: 10°57′37″S 19°18′56″E / 10.96028°S 19.31556°E / -10.96028; 19.31556