[၁] ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ အနာထပိဏ်သူဌေးအား ကာမဘောဂီ (ကာမဂုဏ်ခံစားသူ) ဆယ်မျိုးနှင့် ချီးမွမ်းခြင်း အကြောင်း၊ ကဲ့ရဲ့ခြင်း အကြောင်း၊ နွားမမှ နို့ရည်၊ နို့ရည်မှ နို့ဓမ်း၊ နို့ဓမ်းမှ ဆီဦး၊ ဆီဦးမှ ထောပတ်၊ ထောပတ်မှဖြစ်ပေါ်လာသော ထောပတ်ကြည်ကို အကောင်းဆုံးဆိုရသလို ကာမ ဘောဂီပုဂ္ဂိုလ် ၁၀-မျိုးတို့တွင် အဂ္ဂ, သေဋ္ဌ, ပါမောက္ခ, ဥတ္တမ, ပဝရကာမဘောဂီ ပုဂ္ဂိုလ်ကို ဘုရားရှင် အကျယ်တဝင့် ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၃၊၃၉၈-၄၀၄။ အံ၊မြန်၊၃၊၃၉၂-၇။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၁၀)၅-ဥပါလိဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ