ကာမေသုမိစ္ဆာစာရ

ကာမေသု = ကာမဂုဏ်တရား(အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အထိ) တို့၌၊ မိစ္ဆာစာရ = မှားယွင်းစွာကျင့်ခြင်း ဟု အနက်ထွက်သည်။ အထူးသဖြင့် သူတစ်ပါး သားမယား၊ သူတစ်ပါး သမီးပျိုကိုပြစ်မှား လွန်ကျူးခြင်း ဖြစ်သည်။

ကာမေသုမိစ္ဆာစာရ ကံမြောက်စေသော အင်္ဂါ (၄) ချက် ပြင်ဆင်ရန်

(၁) မသွားလာအပ်သော မိန်းမဖြစ်ခြင်း။
(၂) ထိုမိန်းမကို မှီဝဲလိုသော စိတ်ရှိခြင်း။
(၃) မှီဝဲရန်လုံ့လ ပြုခြင်း။
(၄) သာယာခြင်း။
ကျူးလွန်ရာတွင် အထက်ပါအင်္ဂါ (၄) ရပ်စလုံးနှင့်ကိုက်ညီပါက ကာမေသုမိစ္ဆာစာရကံ မြောက်ပါသည်။

မသွားလာ၊ မကျူးလွန် အပ်သော မိန်းမ (၂၀) ပြင်ဆင်ရန်

၁။ မာတုရက္ခိတ = မိခင်အုပ်ထိန်းသောမိန်းမ။
၂။ ပိတုရက္ခိတ = ဖခင်အုပ်ထိန်းသောမိန်းမ။
၃။ မာတာပိတုရက္ခိတ = မိဘနှစ်ပါးလုံး အုပ်ထိန်းသောမိန်းမ။
၄။ ဘာတုရက္ခိတ = မောင်ကြီး၊ မောင်ငယ် အုပ်ထိန်းသောမိန်းမ။
၅။ ဘဂိနီရက္ခိတ = အစ်မ ညီမ အုပ်ထိန်းသောမိန်းမ။
၆။ ဉာတိရက္ခိတ = သွေးသားစပ်သူ ဆွေမျိုးအုပ်ထိန်းသောမိန်းမ။
၇။ ဂေါတ္တရက္ခိတ = အမျိုးအနွယ်က အုပ်ထိန်းသောမိန်းမ။
၈။ ဓမ္မရက္ခိတ = တရားကျင့်ဖော် အုပ်ထိန်းသောမိန်းမ။
ဤရှစ်ဦးသော မိန်းမတို့ကား အပျို များသာဖြစ်သည်။ ကာမပိုင်လင်ယောက်ျားမရှိ၊ စောင့်ရှောက်သူသာ ရှိသည်။ ယောက်ျားသည် ထိုရှစ်ဦးသော မိန်းမတို့နှင့် ပျော်ပါး လျှင် ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။ (ထိုမိန်းမရှစ်ဦးကား ကာမေသုမိစ္ဆာစာရကံ မဖြစ်ပေါ်ပေ။)

၉။ သာရက္ခ = ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်း ခံရသော မိန်းမ။
၁၀။ ဓနက္ကီတ = ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ။
(ယောက်ျား တစ်ယောက်က တစ်ပတ်ဖြင့်စေ၊ တစ်လဖြစ်စေ ငွေပေး၍ ပျော်ပါးနေသော ပြည့်တန်ဆာမ ကိုဆိုလိုသည်။ ထိုရက်၊ ထိုလ အတွင်း အခြားယောက်ျား တစ်ဦးနှင့် ပျော်ပါး လျှင် ပြည့်တန်ဆာမနှင့် ပျော်ပါး သော ယောက်ျားပါ ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။)

၁၁။ ဆန္ဒဝါသိနီ = အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ။
၁၂။ ဘောဂဝါသိနီ = ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသောမိန်းမ။
၁၃။ ပဋဝါသိနီ = အဝတ်တန်ဆာပေး၍ ပေါင်းသင်းနေသောမိန်းမ။
၁၄။ ဩဒပတ္တကိနီ = လူကြီးစုံရာနှင့် လက်ထပ်ပေါင်းသင်းနေသောမိန်းမ။
၁၅။ ဩဘဋစုမ္ဗဋာ = ထင်းခွေ၊ ရေခပ် လုပ်ကိုင်နေသော မိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ ပေါင်းသင်းနေသောမိန်းမ။
၁၆။ သပရိဒဏ္ဍ = ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့် ထုတ်ထားသော မိန်းမ။
၁၇။ ဒါသီဘရိယာ = ကျွန်လည်း ဟုတ်၊ မယားလည်း ဟုတ်သောမိန်းမ (မယားပြုခံရသော ကျွန်မ)
၁၈။ ကမ္မကာရီ = အလုပ်သမားလည်းဟုတ် ၊ မယားလည်းဟုတ်သောမိန်းမ (မယားပြုခံရသော အလုပ်သူမ)
၁၉။ ဓဇာဟဋာ = မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ
၂၀။ မုဟုတ္တိကာ = ခေတ္တငှားရမ်း ပေါင်းသင်းသောမိန်းမ။ (ပြည့်တန်ဆာမ)

( အထက်ပါ မိန်းမ (၁၂) မျိုးသည် ကာမပိုင်လင်ယောက်ျား ရှိသောကြောင့် အခြားယောက်ျား တစ်ဦးနှင့်ပျော်ပါးလျှင် နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။ )

ဥတုဘောဇနသင်္ဂဟကျမ်းလာ ယောက်ျားသည် မိမိကျန်းမာရေးအတွက် မေထုန်မမှီဝဲအပ်သော မိန်းမ(၁၄)ဦး

၁။ ဥတုလာနေသော မိန်းမ။
၂။ အလိုမရှိသောမိန်းမ။
၃။ ညစ်နွမ်းသောမိန်းမ။
၄။ မချစ်သောမိန်းမ။
၅။ ပြည့်တန်ဆာမ။
၆။ အရွယ်ကြီးသောမိန်းမ။
၇။ ရောဂါနှိပ်စက်သော မိန်းမ။
၈။ ကိုယ်လက်အင်္ဂါချို့တဲ့သော မိန်းမ။
၉။ ကိုယ်ဝန်ဆောင်သော မိန်းမ။
၁၀။ ရန်သူ မိန်းမ။
၁၁။ အင်္ဂါစပ်၌ အနာရှိသော မိန်းမ။
၁၂။ လင်ရှိသော မိန်းမ။
၁၃။ မိဘ စသော အုပ်ထိန်းသူတို့ မပေးစားသော မိန်းမ။
၁၄။ သီလရှင် မိန်းမ။

သူတစ်ပါး သားမယား၊ သူတစ်ပါး သမီးပျိုကိုပြစ်မှားလွန်ကျူးခြင်း၏ အပြစ်များ၊ မကောင်းကျိုးများ

ကာမေသုပိစ္ဆာစာရကံ ကျူးလွန်သူသည် သေပြီးနောက် အဝီစိငရဲနှင့် လောဟကု မ္ဘီ ငရဲတို့၌ ပြင်းထန်စွာ ခံစားကြရသည်။ ငရဲမှလွတ်မြောက်၍ လူ့ဘဝသို့ ရောက်လာပါလျှင်လည်း ဖော်ပြပါအပြစ်များကို ခံစားရ၏။

၁။ လူမုန်းများခြင်း။
၂။ ရန်သူများခြင်း။
၃။ ပစ္စည်းလာဘ်လာဘရှားပါးခြင်း။
၄။ ချမ်းသာသုခမှ ကင်းဆိတ်ခြင်း။
၅။ မိန်းမဖြစ်ရခြင်း။
၆။ မ-မဟုတ် ကျား-မဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း။ (ယောက်ျားလျာ ၊ မိန်းမလျာဖြစ်ရခြင်း )
၇။ အမျိုးယုတ်ဖြစ်ရခြင်း။
၈။ မျက်နှာပျက်အရှက်တကွဲဖြစ်ရခြင်း။
၉။ ခြေလက်အင်္ဂါ မျက်စိ ၊ နား ၊ နှာ ၊ ဣန္ဒြေများ ချို့ယွင်းသေးသိမ်ခြင်း။
၁၀။ စိုးရိမ်သောကအားကြီးရခြင်း။
၁၁။ ချစ်သူနှင့်ကွဲရခြင်း။
( သူတစ်ပါး သားမယား၊ သူတစ်ပါး သမီးပျို ကိုပြစ်မှားလွန်ကျူးခြင်း ကိုရှောင်ကြဉ် သူသည် အထက်ပါ (၁၁)ချက်မှ အပြန်အလှန်အကျိုးကို ခံစားရမည်။ )

ပဏ္ဍုတ်(၅)မျိုး

၁။ သူတစ်ပါး သုတ်ကိုစုပ်ပြီး မေထုန်ပြုလိုစိတ်ကို ပြေပျောက်စေသော အာသိတ္ထကပဏ္ဍုတ်။
၂။ သူတစ်ပါး မေထုန်ပြုသည်ကို ကြည့်ရှု့ပြီး မေထုန်ပြုလိုသော စိတ်ကို ပြေပျောက်စေသော ဥဿူယပဏ္ဍိုတ်။
၃။ ဝှေးစေ့ထုတ်ခံထားရသော ဩပက္ကမိကပဏ္ဍုတ်။
၄။ လဆန်း၊လဆုတ် တစ်ခုခု၌ မေထုန်ပြုကျင့် ရမှ နေသာထိုင်သာရှိသော ပက္ခပဏ္ဍုတ်။
၅။ ယောက်ျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးလုံး ထင်ရှားစွာမပါသော နပုံးပဏ္ဍုတ်။