[၁] ဘုရားရှင် အင်္ဂတိုင်း စမ္ပာမြို့ ဂဂ္ဂရာရေကန်အနီး၌ သီတင်းသုံးတော်မူနေစဉ် ရဟန်းတို့က ရဟန်းတစ်ပါးကို အာပတ်ဖြင့်စွပ်စွဲမှုကို အကြောင်းပြု၍ “ဤသာသနာတော်၌ ရဟန်းတစ်ပါး၏ အပြစ်ကို မမြင်သေးသရွေ့ ထိုရဟန်းသည် အခြားတို့နှင့် အတူဖြစ်ပုံ၊ ထိုရဟန်း၏ အာပတ်ကို ရဟန်းကောင်းတို့ တွေ့ရှိသိမြင်ကြရာအခါ၌ “ဤရဟန်းကား ရဟန်းတို့ကို ဖျက်ဆီးနေသူ၊ ရဟန်းအဖျင်း, ရဟန်းအမှိုက်တည်း” ဟု တခြားသောရဟန်းတို့ကို မဖျက်ဆီးပါစေလင့်-ဟု နှလုံးသွင်း၍ ထိုရဟန်းယုတ်ကို ဤသာသနာတော်မှ နှင်ထုတ်ရမည်-ဟု မုယောခင်းဥပမာ, စပါးပုံကြီးကို လေ့ပုံဥပမာ, ရေတွင်းမှ ရေသွယ်သော ရေသံလျောက် ဥပမာတို့ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၃၊၁၆-၁၈။ အံ၊မြန်၊၃၊၁၇-၁၉။ အံ၊ဋ္ဌ၊၃၊၁၉၇။ အံ၊ဋီ၊၃၊၂၀၇-၈။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-မေတ္တာဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ