ကာရပိတိယသင်ကြားရေးဆေးရုံ
ကာရပိတိယသင်ကြားရေးဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ ဂယ်လီမြို့၊ ကာရပိတိယဆင်ခြေဖုံးအရပ်တွင် တည်ရှိသည့် ဆေးရုံတစ်ခု ဖြစ်သည်။[၁] တောင်ပိုင်းစီရင်စုနယ်တွင် အကြီးဆုံးသော တတိယအဆင့်ရှိကျန်းမာရေးစောင့်ရှောက်မှုစင်တာလည်း ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရုဟုနတက္ကသိုလ်၊ ဆေးပညာဌာန၏ အဓိကသင်ကြားလေ့ကျင့်မှုများ လုပ်ရာနေရာလည်း ဖြစ်သည်။ ဆေးရုံတွင် ခုတင်ပေါင်း ၁၆၂၄ ခု၊ အခန်းပေါင်း ၅၄ ခန်းနှင့် အခြားများစွာသောဌာနများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။[၂] နိုင်ငံတွင် အကြီးဆုံး တတိယဆင့်ရှိ ကျန်းမာရေးစောင့်ရှောက်ပေးသည့်ဆေးရုံ ဖြစ်သည်။[၃] ကာရပိတိယဆေးရုံတွင် တောင်ပိုင်းစီရင်စုနယ်ရှိ ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် ပတ်ဝန်းကျင်ရှိ ဒေသများရှိ ပြည်သူများအား ဝန်ဆောင်မှုများ ထောက်ပံ့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
Karapitiya Teaching Hospital | |
---|---|
Ministry of Health, Sri Lanka | |
ပထဝီဝင်ဆိုင်ရာ | |
တည်နေရာ | Karapitiya, Galle, Southern Province, Sri Lanka |
ကိုဩဒိနိတ် | 6°04′00″N 80°13′32″E / 6.066531°N 80.225569°Eကိုဩဒိနိတ်: 6°04′00″N 80°13′32″E / 6.066531°N 80.225569°E |
အဖွဲ့အစည်း | |
ဂရုစိုက်မှုစနစ် | Public |
ငွေကြေးအထောက်အပံ့ | အစိုးရဆေးရုံ |
ဆေးရုံအမျိုးအစား | သင်ကြားရေး |
နှီးနွယ် တက္ကသိုလ် | University of Ruhuna |
ဝန်ဆောင်မှုများ | |
အရေးပေါ်ကုသရေးဌာန | Yes |
ကုတင်အရေအတွက် | 1,624 |
သမိုင်းကြောင်း | |
တည်ထောင်ခဲ့ | 1982 |
အုပ်ချုပ်ရေး
ပြင်ဆင်ရန်ဆေးရုံကို သီရိလင်္ကာနိုင်ငံ၊ ကျန်းများရေးဝန်ကြီးဌာနက အုပ်ချုပ်ထားရှိသည်။ ဆေးရုံတွင် တစ်နေ့လျှင် ၂၄ နာရီ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးထားသည်။ ယခုလက်ရှိ ဆေးရုံ၏ ညွန်ကြားရေးမှူးသည် Dr. Shelton Perera ဖြစ်သည်။[၄]
ကျန်းမာရေးအထောက်အပံ့များ
ပြင်ဆင်ရန်ထို့အပြင် ဆေးရုံ၌ အထွေထွေဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ထောက်ပံ့ပေးလျက် ရှိသည်။ ၎င်းတို့တွင် အောက်ပါဝန်ဆောင်မှုများ ပါဝင်သည်။
ထို့အပြင် ဆေးရုံ၌ ပြင်ပလူနာဌာနနှင့် အခြားဆေးခန်းများ၊ သွေးလှူဘဏ်များလည်း ပါဝင်ဖွဲ့စည်းထားသည်။ ဆေးရုံ၌ ခေတ်မီရောဂါစစ်ဆေးသည့် ဝန်ဆောင်မှုများကိုလည်း အခမဲ့ရရှိနိုင်သည်။ [၅]
ပြင်ပလင့်များ
ပြင်ဆင်ရန်- Ministry of Health, Sri Lanka Archived 18 November 2011 at the Wayback Machine.
ကိုးကား
ပြင်ဆင်ရန်- ↑ Karapitiya Teaching Hospital။ 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Total hospital bed strength။ Ministry of Health, Sri Lanka။ 4 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Karapitiya Teaching Hospital, Ministry of Health။ 19 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Karapitiya Hospital services back to normal Archived 4 March 2016 at the Wayback Machine., Ada Derana
- ↑ State hospitals in Sri Lanka - Teaching Hospital, Karapitiya။ 3 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။