[၁] အာဂန္တုကဒါန၊ ဂမိကဒါန၊ ဂိလာနဒါန၊ ဒုဗ္ဘိက္ခဒါန၊ နဝသဿ, နဝဖလ-ဟု ကာလဒါန ငါးမျိုးတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

ဤသုတ်၌ အလှူဒါန၌ အနုမောဒနာပြုသူဝေယျာဝစ္စပြုလုပ်သူတို့လည်း အလှူရှင်နည်းတူ ကုသိုလ်ရကြောင်း ဘုရားရှင် ဟောကြားတော်မူပါသည်။ [၂]


ကာလဒါနသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ကာလဒါန ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ကာလဒါနသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - [၃]

  • ဧည့်သည် ‘အာဂန္တုက’ အား အလှူကို ပေးလှူ၏။
  • ခရီးသည်အား အလှူကို ပေးလှူ၏။
  • လူနာအား အလှူကို ပေးလှူ၏။
  • ငတ်မွတ်ခေါင်းပါးသောအခါ၌ အလှူကို ပေးလှူ၏။
  • ကောက်ဦး သစ်ဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူ၏။[၃]

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၃]

အလှူခံ၏စကားကို သိတတ်ကုန်သော နှမြောဝန်တိုမှုကင်းသော ပညာရှိတို့သည် လျှောက်ပတ်သောအခါ၌ ပေးလှူကြကုန်၏၊ ဖြူစင်ဖြောင့်မတ်သည့် တာဒိဂုဏ်ရှိသောပုဂ္ဂိုလ်တို့၌ အထူးကြည်လင်သော စိတ်ဖြင့် လျောက်ပတ်သောအခါ၌ ပေးလှူ၏၊ ထိုပုဂ္ဂိုလ်၏ အလှူသည်ပြန့်ပြော၏။[၃]

အကြင်သူတို့သည် ထိုအလှူ၌ ဝမ်းမြောက်လည်း ဝမ်းမြောက်ကြကုန်၏၊ အမှုကြီးငယ် ‘ဝေယျာဝစ္စ’ ကို ပြုလည်းပြုလုပ်ကုန်၏၊ ထိုသို့ ဝမ်းမြောက်ခြင်း အမှုကြီးငယ်ကို ပြုခြင်းကြောင့် အလှူသည် မယုတ်လျော့နိုင်၊ ထိုဝမ်းမြောက်သူ (ဝေယျာဝစ္စ) ပြုသူတို့သည်လည်း ကုသိုလ်၏ အဖို့အစုကို ရကြကုန်၏။[၃]

ထို့ကြောင့် တွန့်တိုခြင်းကင်းသော စိတ်ရှိသူသည် အလှူပေးသည်ရှိသော် ကြီးကျယ်သော အကျိုးရှိနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရာ၏၊ ကောင်းမှုကုသိုလ်တို့သည် တမလွန်ဘဝတို့၏ ထောက်တည်ရာ ဖြစ်ကုန်၏။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၃၅။ အံ၊မြန်၊၂၊၄၄-၅။ အံ၊ဋ္ဌ၊၃၊၂၁။ အံ၊ဋီ၊၃၊၁၇။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-သုမနဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၄-သုမနဝဂ် ၆- ကာလဒါနသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။