ကာလီဒိုးနီယာ (သို့) အာတိုးလိယာ တောဝက်ည(အင်္ဂလိပ်: Calydonian or Aetolian[၂]; ဂရိ: ὁ Καλυδώνιος κάπρος[၃][၄] or ὁ Καλυδώνιος ὗς)[၅] သည် ဂရိဒဏ္ဍာရီတွင် မိစ္ဆာသတ္တဝါဆိုးတစ်ကောင်ဖြစ်၍ နတ်ဘုရားများခေတ်က သူရဲကောင်းများစွာတို့ ကျော်လွှားသုတ်သင်ခဲ့ရသည့် တိရစ္ဆာန်များထဲက တစ်ကောင်ဖြစ်သည်။ အားတစ်မစ်နတ်ဘုရားမက အာတိုးလိယာဒေသ ကာလီဒွန်မြို့ကို ဖျက်ဆီးရန်စေလွှတ်ခဲ့သည်။ အကြောင်းရင်းမှာ ထိုမြို့ဘုရင်က နတ်ရိုးရာကန်တော့ပွဲ၌ သူမကိုပူဇော်မှုမပြုခဲ့သောကြောင့်ပင်ဖြစ်သည်။ "ကာလီဒိုနီယန် အမဲလိုက်ပွဲ" တွင် သူရဲကောင်းများစွာပါဝင်ဆင်နွှဲကြ၍ ထိုတော်ဝက်ကို သေစေနိုင်ခဲ့သည်။ သူရဲကောင်း အမျိုးသမီး အတ္တလန်းတာက မြားဖြင့် ပစ်နိုင်ပြီး အရေခွံကို ရရှိခဲ့သည်။ ဤအချက်သည် အမျိုးသားသူရဲကောင်းများကို ဒေါသထွက်စေခဲ့သည်။ စထရေးဘိုက သီးဆီးယပ်စ်သုတ်သင်ခဲ့သော ခရိုမိယွန်နီယန် တောဝက်မ၏ သားသမီးဖြစ်သည်ဟု မှားယွင်းစွာရယူဆထားသည်။[၆]

အောက်စဖို့ဒ်တက္ကသိုလ် အက်ရှိမိုလီယန် ပြတိုက်မှ ရောမ(ဟန်) ပန်းဆွဲရုပ်၌ ကာလီဒိုနီယန်တောဝက် အမဲလိုက်ခြင်းကို ထုလုပ်ထားခြင်း။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Ex-collection the textiles merchant Sir Francis Cook, assembled in Victorian times at Doughty House, in Richmond, south-west London.
  2. Schwab၊ G (1974)။ "The seven against Thebes: The attack upon Thebes"။ Gods and heroes: myths and epics of Ancient Greece။ New York: Random။ p. 261။
  3. Pseudo-Apollodorus, Bibliotheke, 2. 133. 6; 3. 106. 6; 3. 163. 6.
  4. Strabo, Geography, VIII 6. 22. 26; X 2. 21. 36; X 2. 22. 18; X 3. 1. 8; X 3. 6. 27.
  5. Pausanias, Description of Greece, III 18, 15, 3; VIII 45, 6, 3; VIII 46, 1, 2; VIII 47, 2, 2.
  6. Strabo, Geography VIII 6.22.