ကာလ (အင်္ဂလိပ်: Tense) သည် ကြိယာ၏ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းနှင့် စပ်ဆိုင်သော အချိန်ကိုပြသည်။[၁] အခြေခံအားဖြင့် ကာလ ၃ မျိုးရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပစ္စုပ္ပန်ကာလ – ပြုဆဲ၊ ဖြစ်ဆဲ၊ ရှိဆဲအချိန်အခါ
  • အတိတ်ကာလ – ပြုခဲ့၊ ဖြစ်ခဲ့၊ ရှိခဲ့ပြီးသော အချိန်အခါ
  • အနာဂတ်ကာလ – ပြုအံ့၊ ဖြစ်အံ့၊ ရှိအံ့သော အချိန်အခါ

ဘာသာစကားအများစုတွင် အနည်းဆုံးကလနှစ်မျိုးရှိသည်။ တရုတ်ဘာသာကဲ့သို့သော ကာလမဲ့သည့်ဘာသာစကားမျိုးလည်းရှိသည်။[၂] အချို့ဘာသာစကားများတွင်မူ ကာလတစ်ခုကိုပင် ထက်မံခွဲခြားမှုများလည်းရှိတတ်သည် (သာဓက – မကြာသေးမီမှအတိတ်နှင့် အဝေးမှအတိတ်)။

ကာလနှင့်ဆက်စပ်သည့် စကားလုံးမှာ "aspect" ဖြစ်သည်။ "Aspect" သည် ကာလတစ်ခုတွင် ကြိယာ၏ပြုပုံ၊ ဖြစ်ပုံ၊ ရှိပုံတို့ကိုပြသည်။

ကိုးကား ပြင်ဆင်ရန်

  1. ပညာရေးဝန်ကြီးဌာနမြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနမြန်မာစာအဖွဲ့ (၂၀၁၈)။ မြန်မာသဒ္ဒါ (စတုတ္ထအကြိမ် ed.)။ p. ၁၅။
  2. Huang၊ Nick (2015)။ "On syntactic tense in Mandarin Chinese"။ in Tao၊ Hongyin (ed.)။ Proceedings of the 27th North American Conference on Chinese Linguistics (PDF)2။ Los Angeles: UCLA။ pp. 406–423။ 2017-10-11 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2017-01-08 တွင် ပြန်စစ်ပြီး