ကားလ် ဗီဟိမ်း ရှေးလာ
ကားလ် ဗီဟိမ်း ရှေးလာ (ဂျာမန်: Carl Wilhelm Scheele, ဂျာမန်: [ˈʃeːlə]; ၁၇၄၂ ဒီဇင်ဘာ ၉ - ၁၇၈၆ မေ ၂၁[၁]) သည် ဆွီဒင်-ဂျာမန်[၂] ဆေးဝါးဆိုင်ရာ ဓာတုဗေဒပညာရှင်ဖြစ်သည်။ ရှေးလာသည်အောက်စီဂျင်ကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်သည် (သို့ရာတွင် ဂျိုးဇက် ပရီးစ်လီက ၎င်း၏ ရှာဖွေတွေ့ရှိမှုကို အရင်ထုတ်ဝေခဲ့သည်။) ။ ထို့အပြင် ရှေးလာသည် မာလစ်ဘ်ဒနမ်၊ တန်စတန်၊ ဘေရီယမ်၊ ဟိုက်ဒရိုဂျင်၊ ကလိုရင်းနှင့် အခြားများစွာတို့ကိုလည်း ခွဲခြားဖော်ပြပေးခဲ့သည်။ တာတာရစ်၊ အောက်ဆီလစ်၊ ယူရစ်၊ လက်တစ်၊ စစ်ထရစ်၊ ဟိုက်ဒရိုဖလူအိုရစ်၊ ဟိုက်ဒရိုဆိုင်ယန်နစ်၊ အာဆန်းနစ် စသည့် အက်ဆစ်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြန်သည်။[၃] ၎င်းဘဝသက်တမ်းတစ်လျှောက် ဆွီဒင်စကားထက် ဂျာမန်စကား ပြောရသည်ကို ပို၍နှစ်ခြိုက်ခဲ့ပြီး ဆွီဒင်ဆေးဝါးဗေဒပညာရှင်များကြား၌ပင် ဂျာမန်စကားကို ပုံမှန်ပြောဆိုခဲ့သည်။[၄]
ကားလ် ဗီဟိမ်း ရှေးလာ | |
---|---|
ကားလ် ရှေးလာ | |
မွေးဖွား | Stralsund, Swedish Pomerania | ၉ ဒီဇင်ဘာ၊ ၁၇၄၂
ဆုံးပါး | ၂၁ မေ၊ ၁၇၈၆ ဆွီဒင်နိုင်ငံ၊ Köping | (အသက် ၄၃)
နိုင်ငံလူမျိုး | ဂျာမန်-ဆွီဒင် |
နယ်ပယ် | ဓာတုဗေဒ |
ကျော်ကြားမှုအရင်းခံ | အောက်ဆီဂျင်၊ မာလစ်ဘ်ဒနမ်၊ မဂ္ဂနိစ်၊ ဘေရီယမ်၊ ကလိုရင်း၊ တန်စတန်နှင့်ဘအခြားများစွာ ရှာဖွေတွေ့ရှိမှုများ |
ကိုးကား
ပြင်ဆင်ရန်- ↑ "Carl Wilhelm Scheele" (in en) (1886). American Druggist 15 (August): 157–158.
- ↑ Karl Wilhelm Scheele | Encyclopedia.com။
- ↑ Richard Myers, The Basics of Chemistry (2003)
- ↑ Fors, Hjalmar 2008. Stepping through Science’s Door: C. W. Scheele, from Pharmacist's Apprentice to Man of Science. Ambix 55: 29–49
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |