အခြား အသုံးအနှုန်းများ အတွက် ကိုကို (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ကိုကို သည် အစ်ကိုကိုဖြစ်စေ၊ အစ်ကိုအရွယ်ကိုဖြစ်စေ ချစ်ခင်ရင်းနှီးစွာ လေးစားစွာခေါ်သော စကားလုံး ဖြစ်သည်။[၁] ညီအစ်ကို၊ မောင်နှမအချင်းချင်း အကြီးဖြစ်သူကို ညီငယ်၊ နှမငယ်က ခေါ်သော အခေါ်အဝေါ် ဖြစ်သည်။ လူအမည် အဖြစ်လည်း သုံးသည်။ အထူးသဖြင့် အမွှာညီအစ်ကိုများတွင် ကိုကို နှင့် ညီညီ ဟု ခေါ်လေ့ရှိသည်။ အိမ်ထောင်သည်နှင့် ချစ်သူ ရည်းစားများတွင်လည်း အမျိုးသမီးငယ်များက ကိုယ့်ထက်ကြီးသော ချစ်သူ၊ ခင်ပွန်းသည်ကို နာမ်စားအဖြစ် ကိုကိုဟု ခေါ်ဝေါ်လေ့ ရှိကြသည်။[ကိုးကားချက်လိုသည်]

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Burmese Orthography, Myanmar Language Commission, 1993.

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

  •   ဝစ်ရှင်နရီရှိ ကိုကို အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်